Media သတင်းစာ၏တန်ခိုး

သတင်းစာ၏တန်ခိုးကို ခဏခဏကိုးကားကြတယ်။ ကောင်းပါတယ်။ ဆက်စဉ်းစားတယ်။ စဉ်းစားတာထက် အတွေ့အကြုံကနေ သိလာတာရှိတယ်။

ဘုရင် မကောင်းကြောင်း၊ မိဖုရား မကောင်းကြောင်း၊ အစိုးရ မကောင်းကြောင်း၊ ဟိုလူသည်လူ မကောင်းကြောင်း ရေးရဲကြသူတွေကို မီဒီယာသမားကောင်းလို့ သတ်မှတ်ကြတယ်။ ဆုတွေဘာတွေ ပေးကြတယ်။

ဒါပေမဲ့ သူတို့ကိုယ်သူတို့ မကောင်းကြောင်း မရေးကြပါ။

နှုတ်စွာသူတွေ၊ နှုတ်ရဲသူတွေရှိတယ်။ သူ့နေရာနဲ့သူတော့ အသုံးကျတယ်။ ကိုယ့်အစားသူတို့ကပြောပေးကြလို့ ကျေးဇူးတင်ကြသလိုပါပဲ။

ဒါပေမဲ့ သူတို့ကိုယ်သူတို့ မကောင်းကြောင်း မရေးကြပါ။

ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး