Neonatal Jaundice Question မွေးစကလေး အသားဝါခြင်း မေးခွန်း

ကလေးက 19 ရက်သားပါ။ 13 ရက်သားမှာတုန်းက နို့ပြန်အန်ပါတယ်၊ အဖြူမဟုတ်ဘဲ နဲနဲဝါပါတယ်။ အသားဝါ ရှိတော့ ရန်ကင်းကလေးဆေးရုံမှာ တက်ကုနေတာပါ။ အန်တာက ဘာမ မဖြစ်ဘူးလို့ပြောလို့ပါ။ 19 ရက်သားမှာ ထပ်အန်ပါတယ်၊ နဲနဲ ဝါပါတယ်။ အရင်ခါလောက်မများပါဘူး၊ အဝါကလဲ ကျသွားလို့ အိမ်ပြန်ရောက်နေပါပြီ၊ အရမ်းစိုးရိမ်ရလား သိချင်လို့ပါ။ နို့ရောင်မဟုတ်ဘဲ နို့နှစ်ဝါရောင်အန်တာက အသားဝါ ကြောင့်လား အခြားရောဂါ ကြောင့်ပါလားဆရာ။ ဆေးရုံကလဲ စိတ်မပူနဲ့လို့ မှာလိုက်လို့ပါ။

အန်တဲ့အရောင်က အစာအိမ်ထဲမှာ ရှိနေတာဖြစ်တယ်။ အစာအိမ်အရည်က နည်းနည်းဝါတာ လူတိုင်း။ အသားဝါ မဝါ မျက်စိအဖြူနေရာကိုကြည့်နိုင်တယ်။ လိုအပ်ရင် သွေးစစ်ရတယ်။

ကလေးက 23 ရက်ပါ။ အသားဝါလို့ အသဲတွက် သွေးစစ်ခိုင်းပါတယ်။ စိုးရိမ်ရလားသိချင်လို့ပါ၊ အဝါက 17.5 ပါ

အသားဝါတာအတွက် သွေးထဲမှာ ဘီလီရူဘင် များ မများစစ်ရတယ်။ ကလေးကြီးတွေနဲ့ လူကြီးတွေမှာ ပုံမှန် 1mg/dL ထက်မများပါ။ မွေးမွေးချင်းကလေးတွေမှာ ပဌမ ၁-၂ ရက်မှာ ဘီလီရူဘင်များနေတယ်။ 5mg/dL ထက်များတာကို မွေးကင်းစအသားဝါလို့သတ်မှတ်တယ်။

ကလေးအသက်
၂၄ နာရီအတွင်း Above 10 mg
၂၄ နာရီကနေ ၄၈ နာရီအတွင်း Above 15 mg
၄၉ နာရီကနေ ၇၂ နာရီအတွင်း Above 18 mg
၇၂ နာရီနောက်ပိုင်း Above 20 mg ရှိနေတဲ့ကလေးတိုင်းကို ကုသမှုပေးရမယ်။

ကုသနည်းများ
Frequent feedings မကြာခဏနို့တိုက်ပါ။
Sunlight နေရောင်ပြပါ။
Phototherapy အလင်းရောင်ပေးကုသနည်း၊
Blood transfusion သွေးသွင်းခြင်း
Blood exchange သွေးလဲခြင်း။

Neonatal jaundice မွေးစကလေး အသားဝါခြင်း https://doctortintswe.blogspot.com/2014/11/neonatal-jaundice_25.html

ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး