Preface အဖြေ၏ နိဒါန်း

ဆေးနဲ့မသက်ဆိုင်သောမေးခွန်းမေးလို့ရလားဆရာ။ ဗုဒ္ဓဘာသာ နဲ့သက်ဆိုင်တဲ့ အရာတစ်ခုမေးချင်လို့ပါ။
သူငယ်ချင်းတွေထဲမှာ ဗုဒ္ဓဘာသာ ဝင်သိပ်မရှိလို့ပါ။ ရဟန်းဝတ်ခြင်းမှရရှိမဲ့ ကုသိုလ်တွေက ဘာတွေပါလဲ ခင်ဗျ။ ဒီနေ့ သေဆုံးသူမင်းသွေးအတွက် သူ့အကိုနေတိုးနဲ့ ကျော်ကျော်ဗိုတို့က ရဟန်းဝတ်ကြတယ်။ နောက်ပြီး အဖိုး၊ အဖွားတွေက မြေးတွေ ကိုကိုရင်ဝတ်ပေးချင်ကြတယ်။ ရဟန်းဝတ်ပေးခြင်းမှရလာမဲ့ကုသိုလ်က ဘာတွေပါလဲခင်ဗျ၊ တိုက်ခိုက်လိုခြင်း အလျှင်းမရှိပါ။ ဘာသာခြားတယောက်အနေနဲ့ သိချင်ရုံသက်သက်ပါ။ တိုင်းတပါးသားတွေမေးရင်လည်း ဖြေတက်ချင်လို့ပါ။ အနောက်အယှက်ဖြစ်ရင် ခွင့်လွတ်ပါဆရာ

အဲလို ဘာသာရေးမေးခွန်း၊ လေးနက်တဲ့မေးခွန်းဖြစ်ရင် ဖြေတဲ့သူက အထူးသတိကြီးရတယ်။ ဖတ်တဲ့သူ နားထောင်တဲ့သူကိုလည်း ကြည့်တတ်မှသာ ထိရောက်တယ်။ ကာလဒေသလည်းကြည့်မှသာ ဖြေတာက အကျိုးများစေတယ်။

မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေကို တမျိုးဖြေရတယ်။ အဲတာမှာလည်း အနု အရင့်ရှိတယ်။ ဘာသာမတူသူတွေက တမျိုး။ တမျိုးလို့ဆိုရပေမဲ့ အဖြေဟာ တခုတည်းသာဖြစ်ပါတယ်။ စကားလုံးရွေးရတာ အကိုးအကားပေးရတာတွေ အတိမ်အနက် ချင့်ချိန်ရတာတွေသာ ကွဲပြားတယ်။

ကုသိုလ်ဆိုတာ ကောင်းမှု။ ရဟန်းဝတ်တာ သီလလုံရလို့ သီလအကျိုးတွေ ရမယ်။ စင်ကြယ်လေလေ အကျိုးများလေလေ။ အကျိုးဆိုတာ သံသရာအထိ တချို့ကိုပြောရတယ်။ တချို့ကိုတော့ လက်ငင်းသာပြောရတယ်။ ချဲ့ကားပြောတာ ရှောင်ရတယ်။ ပါဠိစာလုံး ထည့်သင့်မှ ထည့်ရတယ်။ ဘိုလိုပြောမှ ပိုသဘောပေါက်သူမျိုးကို အင်္ဂလိပ်ဝေါဟာရ ပေးရတယ်။

အဖြေတော့ မဟုတ်သေးပါ။ နိဒါန်းသာရှိသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၈
ည (မနက်) ၂ နာရီ ၂၃ မိနစ်။
Peter Lay

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး