Questions 24-10-2018

Leprosy လက်ပရိုစီ

ကျွန်မအဖေမှာ ခြေမျက်စိမှာအနာပေါက်နေပါတယ်ဆရာ အဲဒီနေရာက ထုံပြီးထိလို့ထိမှန်းမသိဖြစ်နေလို့တဲ့ဆရာ အိမ်ကလူတွေက တောသူတောင်သားတွေဆိုတော့ ရိုးရိုးပဲထင်ပြီး အရေးပြားအထူးကုမပြချင်ကြဘူး ကျွန်မကတော့ အနာကြီးလို့ သံသယရှိနေလို့ပါ အနာကြီးအကြောင်းရှာကြည့်တော့တစ်ချို့လက္ခဏာတွေက တူနေပါတယ် ကျွန်မတို့က့ က့ ပါ အဖေ့အသက်က ၆၃နှစ်ပါဆရာ အဖေ့ကို နားချပြီးဆေးခန်းပြကြည့်ချင်ပါတယ်ဆရာ ဘယ်ကိုသွားရမှန်းလည်း မသိဘူးဆရာ လူသိမှာလည်းရှက်လို့ပါဆရာ အကြံညဏ်လေးပေးပါအုန်းဆရာ ဖြစ်နိုင်ရင် ဘယ်ကိုသွားသင့်တယ်လို့ ညွှန်ကြားပေးပါအုန်းဆရာ စာက သိပ်မရေးတက်လို့ အမှားပါရင်ခွှင့်လွှတ်ပေးပါဆရာ

မေးခွန်း မတွေ့သေး။ ကွန်မင့်ကနေမေးတဲ့သူရဲ့ မက်စင်ဂျာကိုဖွင့်တော့ ဘာမှရေးမထားသူကို အဲလိုရေးရပါတယ်။

ဘယ်ကစပြီး ဆေးပညာရှင်တွေနဲ့ ဆက်သွယ်ရမှန်းမသိပါဘူးဆရာ လမ်းညွှန်ပေးစေချင်တာပါဆရာ အဲ့ဒီရောဂါကို ဘယ်လိုဆေးခန်းမျိုးမှာပြရတာလည်းဆရာ ဒုက္ခ ရောက်နေလို့ကူညီပေးပါဆရာ ဆရာအဲဒီရောဂါအကြောင်းတင်ထားတာတွေ့လို့ပါဆရာ အဲဒါတွေ့ပြီးမှ အဲဒီရောဂါက ကုလို့ပျောက်တယ်ဆိုတာသိလို့ ဆရာကိုမေးရခြင်းဖြစ်ပါတယ်ဆရာ

Leprosy လက်ပရိုစီ https://doctortintswe.blogspot.com/2018/02/leprosy.html

ရရစ်မပါတဲ့ ပ တွေကိုပြင်လိုက်တယ်။ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနရှိတယ်။ အရေပြားဆရာဝန်လည်းပြနိုင်တယ်။

လက်ပရိုစီကို အနာကြီးရောဂါလို့လည်းလည်းခေါ်တယ်။ ဆေးစာနဲ့ Hansen's disease လို့လည်းခေါ်ပါတယ်။ Mycobacterium leprae ခေါ် ဗက်တီးရီးယားကနေဖြစ်စေတယ်။ တီဘီဖြစ်စေတဲ့ပိုးနဲ့ အုပ်စုတူဖြစ်တယ်။ တဖြည်းဖြည်း တိုးလာ ဆိုးတာတဲ့ ကူးစက်ရောဂါဖြစ်တယ်။ အရေပြားနဲ့ အာရုံကြောတွေကို ထိခိုက်တယ်။

ပုံကို ပြည်တွင်းနေ မိတ်ဆွေဆရာဝန်တဦးက ပို့ပါတယ်။ ဒါကို ကွန်မင့်ပါဦးတဲ့။

၁ဝ-၂-၂ဝ၁၇ နေ့က နောက်ဆုံး အပ်ဒိတ်လုပ်ထားတဲ့ အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC အဆိုအရ အနာကြီးရောဂါ ဘယ်လိုနည်းတွေကနေ လူလူချင်းကူးစက်သလဲဆိုတာ အတိအကျ ပြောမရပါတဲ့။ ပိုးပါနေတဲ့ ချောင်းဆိုး နှာချေရာကနေ ကူးသလားဆိုတာက နောက်ပိုင်းမှာရှိလာတဲ့သံသယဖြစ်တယ်။ အသားချင်ထိတွေမှုကနေ ရောဂါဖြစ်လာစေဖို့က နှစ်ပေါင်းများစွာကြာတယ်။ လက်ဆွဲနှုတ်ဆက်တာ၊ နှုတ်ဆက်ချိန် ရင်ချင်းအပ်တာ၊ ကား အတူစီးတာ၊ ထမင်းအတူစားတာတွေကနေ မကူးစက်ပါ။ ရောဂါရှိမိခင်ကနေ သူမွေးလာတဲ့ကလေးကို မကူးစက်ပါ။ လင်မယားအတူနေနည်းကနေလည်း မကူးစက်ပါ။ လူဦးရေ ၉၅% မှာ ရောဂါမကူးစက်အောင် ခံနိုင်ရည်ရှိကြတယ်။

Vitamins and memory ဗီတာမင်တွေက မှတ်ဉာဏ်တိုးစေနိုင်သလား

ကျနော် အသက်က ၂၅ ပါ။ ကျနော် မေးချင်တာက ကျွန်တော် စာကျက်တဲ့အခါတိုင်း တခုခုကိုဖတ်နေ လေ့လာနေတဲ့ အခါတိုင်း ကျွန်တော် ဦးနှောက်က မမှတ်မိဘူး။ အချိန်အကြာကြီးပေးနေပေမယ့် ရေးတေးတေး ဘဲမှတ်မိပါတယ် ပြီးတော့ ဦးနှောက်ထဲကို မဝင်သလို ခံစားရပါတယ်။ ခေါင်းက အမြဲတမ်း အုံနေသလိုခံစားရပါတယ် မျက်စိနဲ့ပတ်သတ်ပြီး စစ်ထားဘူးပါတယ် cylinder နှစ်ဖက်စလုံး ရှိပါတယ် အဲ့ဒါနဲ့များဆိုင်နေပါသလားခင်ဗျာ (မျက်မှန်မတပ်ပါ) စိတ်ထင်နေသလား ဒါမှမဟုတ် ဆေးကုသမှု ခံယူရပါမလား ဆရာ ကျေးဇူးတင်ပါတယ် ဆရာ

စိုးရိမ်စရာ မဟုတ်လောက်ပါ။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ကြိုစားပါ။ ရပါမယ်။ ရိုးရိုး ဗီတာမင်ဘီအုပ်စု အားဆေး သောက်နိုင်။ ဆေးဆိုတာ ကြော်ငြာကောင်းတိုင်း ဆေးအသစ်ဖြစ်တိုင်း ဆေးဗူးခွံလှတိုင်း ပိုမကောင်းတတ်ပါ။

Vitamins and memory ဗီတာမင်တွေက မှတ်ဉာဏ်တိုးစေနိုင်သလား https://doctortintswe.blogspot.com/2015/03/vitamins-and-memory.html

Neonatal jaundice ကျေးဇူးလို့ ရေးရတယ်

ဆရာ မင်္ဂလာညချမ်းပါဆရာ ဆရာ မွေးကင်းစ ကလေး ၃ရက်သား အသားဝါ ဝင်ရောက်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာ ရှောင်ရန်ဆောင်ရန် လမ်းညွှန်သိစေပေးပါရန် ကျေးစူးအထူးတင်ရှိပါတယ်ဆရာ ဆရာရေ ကျနော့်သားလေးက ၃ရက်သားပါ အသားဝါဝင်လို့ မီးပေးထားရတယ်ပြောပါတယ် မွေးကင်းစကလေးတွေနဲ့အသားဝါ အကြောင်းလေး တင်ပေးပါဆရာ ကျေးစူးကြီးမားလှပါတယ်ဆရာ ကျန်းမာပျော်ရွှင်ရာကျော်ရှည်ပါစေ

Neonatal jaundice မွေးစကလေး အသားဝါခြင်း https://doctortintswe.blogspot.com/2014/11/neonatal-jaundice_25.html

ကျေးဇူးလို့ ရေးရတယ်။

Hives ဒုက္ခိတ ပ ၄ လုံးကို ပြင်ရမယ်

ဆရာရှင့် မီးဖွားပီးကတည်းက အင်ပျင်လို allgric ဖြစ်နေတာ ၅လ ရှိပါပီ စီထရင်းသောက်မှသက်သာပါတယ် စီထရင်းသောက်ပီးတိုင်းလည်းမူးပါတယ်ဆရာ ဆရာရှင့် မီးဖွားပီးကတည်းက အင်ပျင်လိုဖြစ်နေတာ ဘာဆေးဝါးများ သုံးသင့်ပါသလဲရှင့်

အသက် မသိ။ ရရစ်မပါတဲ့ ဒုက္ခိတ ပ ၄ လုံးကို ပြင်ရမယ်။ ပါပီဆိုတာ ခွေးကလေးကိုခေါ်တယ်။ မြန်မာစာမှာ ပီး မရှိ။ ပိ ပီ နောက်မှာ ပု လာတယ်။

Hives အင်ပျဉ် https://doctortintswe.blogspot.com/2018/09/hives.html

Omega အိုမီဂါ အခါများစွာ တင်ထားပြီး

ကွန်မင့်မေးခွန်းတခု = ဆရာရှင့် OMEGA-3 သိရပြီမို့ OMEGA-3,6,9 အကျိုးကျေးဇူး လေးလဲ ကျေးဇူးပြုပြီး ရှင်းပြပေးပါဦးရှင့် လေးစားစွာဖြင့်

မေးနည်းစည်းကမ်းရှိ။ မေးနည်းအတိုင်း မမေးလိုသူတွေက ဘလော့မှာ ဖတ်နိုင်ကြပါတယ်။ အိုမီဂါ အခါပေါင်းများစွာ တင်ထားပြီးပါပြီ။

Vaginal Polyps ဗဂျိုင်းနား အသားပို

(ကန်တော့)

မင်္ဂလာပါဆရာ အမျိုးသမီးပါ အိမ်ထောင်မရှိပါဘူး အသက်၃၂နှစ်ပါ သားအိမ်ဝမှာ အသားစက ရှည်ထွက်လာလိုက် ပြန်ဝင်သွားလိုက်ဖစ်နေလို့ ပါ ရာသီကကြားရက်တွေလဲ ဆင်းနေပါတယ် ဘာရောဂါလက္ခဏာလဲ ဘယ်လိုကုသရမလဲ ကျေးဇူးပြု ပြီးဖြေပေးပါဆရာ

Vaginal Polyps ဗဂျိုင်းနား အသားပို https://doctortintswe.blogspot.com/2017/03/vaginal-polyps.html

Cough အသက် အချက်အလက် မပြောလိုသူတွေက

မင်္ဂလာပါ ဆရာ ကျမချောင်းဆိုးနေတာ ၁၀ရက်ကျော်ပါပြီ ဒီရက်ပိုင်း ၃ရက်အတွင်းပြင်းပြင်းထန်ထန်ဆိုးလာပါတယ် ချွဲသလိပ်ပါပါတယ် လည်ချောင်းမနာပါ ဒီနေ့မနက်အိပ်ရာထကတည်းက ခုချိန်ထိ ချောင်းဆိုးတိုင်း ညာဘက် ရင်ရော ကျောပါ အောင့်ပါတယ်ဆရာ အသက်လဲပြင်းပြင်းရှူလို့မရပါဘူး ဒီလိုမျိုး လွန်ခဲ့တဲ့ ၁နှစ်က ဖြစ်ဖူးလို့ အိမ်နားက ဆေးခန်းသွားပြတာ ဆေးထိုးပေးလိုက်ပါတယ် ပျောက်ပြီးအခုပြန်ဖြစ်တာပါဆရာ ၂၀၁၁ တုန်းက B ပိုး ကုခဲ့ရဖူးပါတယ်ဆရာ နှလုံးအခြေအနေကတော့ ဆရာ့ကိုပြဖူးတဲ့ result ရယ်အခုတော့မမောတော့ပါဘူး ဆရာအချိန်ရရင် ဖြေပေးပါအုံးနော် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ

အသက် အချက်အလက် မပြောလိုသူတွေက ဘလော့မှာ ဖတ်နိုင်။

Scar အမာရွတ်

ဆရာရှင့် သမီးလေးက ၁နှစ် ၁၀လပါ ကြက်သားပြုတ်နေတဲ့ဒယ်အိုးထဲ လက်ထောက်မိထားတာ ဆေးရုံမှာ 12တက်ခဲ့ပြီး အပူလောင်နာ အကုန်ပျောက်သွားပြီး ဒယ်အိုးအဝနဲ့ ကပ်မိထားတဲ့ လက်မောင်းအတွင်းဘက်နားလေးမှာ ပုံပါအတိုင်း ဒဏ်ရာကြီးက ဆေးရုံဆင်းလာတာ ၃လလောက်ကြာနေပါပြီ မပျောက်ပဲ ဖောင်းပြီး နီးလို့ အမြဲယားနေပါတယ်ဆရာ ဘယ်လိုဆေးလူးပေးရင် အဆင်ပြေနိုင်မလဲသိပါရစေဆရာရယ် ကျေးဇူးအထူးပါ

Scar (1) အမာရွတ် (၁) http://doctortintswe.blogspot.com/2015/03/scar-1.html
Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html
Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html

PMS ရာသီမလာခင် ဖြစ်ချင်တာတွေ

မင်္ဂလာပါဆရာ ကျွန်မ မသက် ၃၃၊ အိမ်ထောင်ရှိ၊ ကလေးမရှိပါဘူးဆရာ လွန်ခဲ့တဲ့ ၆ လ လောက်ကစပြီး ဓမ္မတာရက်မတိုင်ခင် အရမ်းစိတ်တိုလွယ် ရယ်လိုက် ငိုလိုက်နဲ့ ဖြစ်ဖြစ်နေတတ်ပါတယ်။ သိနေပေမယ့် စိတ်ကို မထိန်းနိုင်ပါဘူး။ ဆေးခန်းပြသင့်ပါသလား။ ဆရာပြမယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်ကို ပြရမှာလားရှင့်။ ဒါမှမဟုတ် တခြား ဖြည့်စွက်သောက်ဆေးတခုခုများ သောက်လို့ ရနိုင်ပါသလားရှင့် ဆရာကျန်းမာ သက်ရှည်ပါစေ

Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ https://doctortintswe.blogspot.com/2014/10/premenstrual-syndrome-pms.html

For Male Only ယောက်ျားလေးများသို့

(ကန်တော့)

ဆရာခင်ဗျာ့ ကျွန်တော်အသက် ၂၀ဝန်းကျင်မှာ မကောင်းတဲ့ ပတ်ဝန်းကျင်တခုမှာ ကျင်လည်ခဲ့ရာက နားယောင်ပြီ့း့ ကြီးဆေးထိုးခဲ့မိပါတယ်။ ခုဆို ၁၀ဆယ်ဝန်းကျင်ရှိလာပြီဖြစ်သလို မကြာခဏ ဆေးခဲ ရောင်ရမ်း ကိုက်ခဲတာတွေစိပ်လာသလို အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်လာပါတယ်။ ခွဲစိပ်ကုသချင်ပေမယ့် ဆေးရုံတွေက ဒီကိစ္စကို နောက်ပိုင်းရောဂါလို့မသတ်မှတ်လို့ မလုပ်ပေးဘူးပြောပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေကလည်း အကုန်အကျ အရမ်းများလို့ မခွဲစိပ်နိုင်ခဲ့ပါဘူး။ ခုဆို ကင်ဆာဖြစ်နေပြီလားအတွေးနဲ့ စိတ်ရောဂါလိုဖြစ်နေပါတယ်။ ဒီအတွက်အကြံဥာဏ်ပေးစေချင်သလို ကျွန်တော့်လို လူငယ်တွေကိုလည်း လမ်းမလွှဲအောင် ဆရာလမ်းပြပေးပါဦး

ကင်ဆာ မဖြစ်ပါ။ ဆီးလမ်းအထူးကုဆရာဝန်က ခွဲစိတ်ပေးနိုင်တယ်။ အကုန်ထုတ် မရတတ်ပါ။ ဆောရီး။ မကြာခဏ ရိမ်ဖမ်းသံဖမ်းစာမျိုးတော့ တင်ပါတယ်။ ဘလော့မှာ စာတွေရှိတယ်။

အရပ်ဆေးနည်းတွေ လမ်းဘေးဆေးနည်းတွေကနေ လူဖြစ်ရှုံးရသူတွေက မေးလာကြတာတွေရှိတယ်။

ကျွန်တော့်စာတွေက အမျိုးသမီးတွေအတွက်သာလားလို့ ပြောတာ ၄-၅-၆ ယောက်ရှိပြီ။ ဒီလိုမေးခွန်းတွေကို လူမှုရေးစာမျက်နှာမှာ တင်ဖို့ မသင့်ပါ။ အများကြီးရှိပါတယ်။

အပို အလို မေးခွန်းမှား

၁။ မင်္ဂလာပါဆရာ အမည့့် အသက်-၁၈နှစ်ပါဆရာ ဘယ်ဘက်မျက်လုံးအထဲ အောက်မျက်ခွံအတွင်းသားမှာ အလုံးတခုဖြစ်နေလို့ပါဆရာ အဲ့ဒါဘာများဖြစ်တာလဲမသိဘူးဆရာ

Sty and Chalazion မျက်စိစွန်ခြင် https://doctortintswe.blogspot.com/2017/06/sty-and-chalazion.html

လူအမည် မလိုပါ။

၂။ ဆရာရှင် သမီးလည်ချောင်းထဲချွဲတေများပီး မျိုချလဲခက်ခဲ အသက်ရူမ၀သလို ဖြစ်နေပါတယ် အခု ဘာဆေးများ သောက်သင့်ပါလဲရှင့်

အသက် မသိ။ ကလေး-လူကြီး မသိ။ အချက်အလက် မသိ။ မေးနည်။စည်းကမ်း ပို့လိုက်တယ်။ ချွဲတွေလို့ရေးရတယ်။ တေဆိုတာ တေဆေး၊ ပေပေတေတေ။ ပြီးလို့ရေးရတယ်။ မြန်မာစာမှာ ပီး မရှိ။

Gestational age သန္ဓေသက်

ဆရာ အမျိုးသမီးအသက် 38 ကိုယ်ဝန် (11) ပတ်ပါ ဆရာ့စာတွေထဲမှာ ကိုယ်ဝန် (13 weeks +6 ) မှာ Ultrasound ရိုက်ရင် ကလေးအသက် အတိကျဆုံးလို့ ပြောပါတယ် 13.11.18 မှာ (13 weeks +6 ) ပြည့်ပါပြီ (နောက်ဆုံး ရာသီလာတဲ့ရက်ရဲ့ ပထမဆုံးရက်ကစတွက်ထားတာပါ) EDD ကို OG ပေးတဲ့ရက်နဲ့ Ultrasound ရက် ဘယ်ဟာအမှန်ယူရမှာပါလဲ

EDD and Gestational age သန္ဓေသက်တမ်း ခန့်မှန်းခြင်း https://doctortintswe.blogspot.com/2018/09/edd-and-gestational-age.html

ကလေးမေးခွန်းများ

၁။ ဆရာရှင့် ကျမသားလေးက အသက်က ရက် ၁၀၀ပါ မျက်လုံးအပေါ်လှန်ကြည့် မျက်လုံးက သေချာမကြည့် လည်နေလို့ပါ အိပ်ရင် တချက်တချက် လန့်တတ်ပါတယ်ရှင့် အဲ့ဒါစိတ်ပူလို့ပါ ပုံမှန်လား ဘာဖြစ်တာပါလဲရှင့် သိပါရစေရှင့်

ရောဂါ တခုခုနဲ့ မတူသေး။ စိုးရိမ်စရာ မရှိလောက်။

၂။ ဆရာရှင့် ကျွန်မသားလေးက တစ်နှစ်ပြည့်ခါနီးပါပြီ အခုထိသွားမပေါက်သေးလို့ပါ ဘာကြောင့်ပါလဲရှင့်

Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ https://doctortintswe.blogspot.com/2014/11/baby-milestones.html

၃။ ဆရာရှင့် ကျွန်မသားလေးက အသက် တနှစ်ပါ နို့တိုက်နေတုနိးပါဆရာ ပါး ၂ ဖက်မှာ ဖြူဖြူအကွက်လေးတွေ ဖြစ်နေပါတယ် နည်းနည်းကြာနေပါပြီ ၁ လ ဝန်းကျင်လောက်ရှိပါပြီဆရာ ဘာဖြစ်တယ်လို့ခေါ်ပါသလဲဆရာ ဘာဆေးများသုံးပေးရပါမလဲရှင့် ကျေးဇူးတင်ပါတယ်ဆရာရှင့်

Baby Face Ringworm နို့ပွေ https://doctortintswe.blogspot.com/2014/12/baby-face-ringworm.html

၎။ ဆရာခင်ဗျာ ကျွန်တော်၏သားလေး အသက် နှစ်လရှိပါပြီ ရူးရူးပေါက်တိုင်းအော်နေတယ် ရူးပေါက်သည့်အပေါက်ကို အရေပြားပိတ်နေပါသဖြင့် ခွဲစိတ်လျှင်အန္တရာယ်ရှိင်ပါသလား ကျေးဇူးပြု၍ပြန်ဖြေပေးပါခင်ဗျာ

Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း https://doctortintswe.blogspot.com/2016/10/phimosis-and-circumcision.html

အတိအကျ ဖြေမရတဲ့ မေးခွန်းတွေ

၁။ ဆရာရှင့် ကျွန်မအသက် ၃၄နှစ်ရှိပါပြီ အိမ်ထောင်ရှိပါတယ်။ အခုတလော ဘယ်ဘက်လက် အရမ်းကိုက်နေတာ ၃ ပတ်လောက် ရှိပါပြီ ဆေးစီး၍လည်း မသက်သာပါသောကြောင့် ဘာကြောင့်ဆိုတာလေး ပြောပြပေးပါရှင့်။ လူက၀လည်း ၀ပါတယ်။ အသက်ရူ၍လည်းမ၀ပါ။ နှလုံးနှင့်သက်ဆိုင်မလားသိချင်ပါတယ်ရှင့်။

ဘာဖြစ်လဲ ဆရာာက မသိနိုင်သေး။ သွေးတိုး ဆီးချို ကိုလက်စထောနဲ့ ယူရစ်အက်စစ် စစ်သင့်။ ဒါမှမဟုတ် ဆရာဝန်ပြပြီး စစ်ခိုင်းတာ စစ်သင့်။

၂။ မင်္ဂလာပါဆရာ Eplerenone ဆိုတဲ့ဆေးလေးအကြောင်း ရှင်းပြပေးစေချင်ပါတယ်

အသက် မသိ။ ကျား-မ မသိ။ ဘာဖြစ်နေ မသိ။ လင့်သာပို့လိုက်မယ်။

https://www.rxlist.com/inspra-drug/patient-images-side-effects.htm

Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း

မင်္ဂလာပါဆရာခင်ဗျာ ကျနော့်ညီမလေး (အသက်၃၂) မီးဖွားပြီး ၂ရက်မြောက်မှာ ရုတ်တရက်ဆုံးသွားပါတယ် အကောင်းကြီးကနေ ကလေးနို့တိုက်ရင်း အသက်ရှူကျပ်ပြီး မောတယ်ပြောရင်း ဖြစ်သွားတာပါ အထူးကုဆေးရုံမှာပါ သွေးပေါင်ချိန် မနက်တစ်ခါ ညနေတစ်ခါ လာတိုင်းတာလည်း သွေးမတိုးပါဘူးဆရာ ရုတ်တရက်မောမှ သွေးပေါင်ချိန်၁၈၀/၁၁၀ ဖြစ်သွားတာတဲ့ pulmonary embolism နဲ့ဆုံးတယ်လို့ပြောပါတယ်ခင်ဗျာ ကလေးက နေကောင်းပါတယ်ခင်ဗျာ နားမလည်လို့ ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ဆရာ

ဆောရီး။

Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း https://doctortintswe.blogspot.com/2017/07/pulmonary-embolism.html

Anal Question စအိုလမ်း မေးခွန်း

(ကန်တော့)

ဆရာခင်ဗျား ကျွန်တော့်စအိုဝကပုံမှာ ပြထားတဲ့နေရာက စပ်ပြီးနာတာတာဖြစ်နေပါတယ် ၃ လလောက်ရှိပါပြီ စဖြစ်တော့ အထူးကုနဲ့ သွားပြပါတယ် စအိုဘေးမှာယားနာလေးတွေကြောင့်ဖြစ်တယ်ဆိုပြီး kezole cream ၁၂ရက် လူးခိုင်းပါတယ် သက်သာသလိုလိုတော့ရှိသွားတယ် နောက်၂ပါတ်လောက်ကြာတော့ပြန်ဖြစ်ပြန်ရော ဆရာဝန်က proctosedyl ၁၀ ရက်လူးခိုင်းပါတယ် မပျောက်ပါ လူးထားတဲ့အချိန်တော့ သက်သာပါတယ် ဒါပေမဲ့ ညနေလောက်ကြရင် ပုံမှာပြထားတဲ့ နေရာက စပ်ပြီးနာတာတာဖြစ်လာတယ် ဆရာဝန်ကထူးထူးခြားခြားဘာမှမရှိဘူးပြောပေမဲ့ မပျောက်ပါဘူး တခြား gp ဆရာဝန်တယောက်ပြကြည့်တော့ burn ဖြစ်တယ်ပြောပါတယ် အနာတွေဘာတွေလဲမရှိပါ နေရထိုင်ရ အလွန်ခက်ပြီး အလုပ်ပါထိခိုက်မဲ့ကိန်းဖြစ်နေပါတယ်ဆရာ အသက်၅၈ ပါ

Anal Question စအိုလမ်း မေးခွန်း https://doctortintswe.blogspot.com/2018/09/anal-question.html
Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ https://doctortintswe.blogspot.com/2015/05/anorectal-diseases.html
Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ
Fistula-in-Ano (FIA) ဂရင်ဂျီနာ https://doctortintswe.blogspot.com/2014/11/fistula-in-ano-fia.html
Sitz bath ရေနွေးထိုင်နည်း http://doctortintswe.blogspot.com/2014/11/sitz-bath.html

တွေလို့ရေးရတယ် တေဆိုတာ ပေပေတေတေ

၁။ ဆရာရှင့် သားလေး အသက် ၆ နှစ်ပါ ဖျားနာခြင်းမှအပ ဘာရောဂါမှ မဖြစ်ပါ ၅ နှစ်ကျော်မှ ညအိပ်ရင် သွားကြိတ်ပါသည် ဘာလုပ်ပေးရင် ရမလဲရှင့်

Teeth Grinding သွားကြိတ်ခြင်း https://doctortintswe.blogspot.com/2017/06/teeth-grinding.html

၂။ ဆရာရှင့် ကျွန်မအသက်က၂၀ပါ ခြင်ကိုက်ရင်အပိန့်တက်ပါတယ် အပိန့်ကိုကုတ်လည်းမကုတ်ဘဲနဲ့ အရည်ဖုကျန်ခဲ့တယ် အဲဒီအရည်ဖုကနှစ်ပတ်သုံးပတ်လောက်နေမှပျောက်တယ်ရှင့် ပျောက်ရင်လည်း အမာရွတ်အမဲစက်ကျန်ခဲ့တယ် ဘာဖြစ်လို့ပါလဲရှင့် ဘယ်ဆေးတေသုံးသင့်လဲရှင့်

လူတွေ အမာရွတ်ဖြစ်စဉ် မတူကြ။ ခြင်စတဲ့ အင်းဆက်ကောင်ကိုက်ခံရတာမှာလည်း မတူကြ။ Calamine lotion လိမ်းနိုင်။ လိုသေးရင် Cetrizine စားဆေး တညတပြားသောက်နိုင်။

တွေလို့ရေးရတယ်။ တေဆိုတာ တေဆေး၊ ပေပေတေတေ။

Allergic Rhinitis အလာဂျီ နှာခေါင်း

မင်္ဂလာပါ ဆရာရှင့် ကျွန်မ သားလေး အသက်က ၅ နှစ် ၁၀ လပါရှင့် သားက အခု ထိပ်ကပ်နာ လို နှာခေါင်း Allergy ဖြစ်နေပါတယ် နားနှာခေါင်းဆရာဝန် နှစ်ဦး ပြပြီးပါပြီ သူတို့က ခွဲစိတ်ခိုင်းနေလို့ပါ ကလေးအရမ်းငယ်လို့ မခွဲစိတ်ချင်ပါ ဆရာဝန်တဦးကပေးတဲ့ပိုးသတ်ဆေးနဲ့ နှာခေါင်း Allergy ဆေးကို ငါးရက် တိုက်တာ သက်သာပေမဲ့ဆေးငါးရက်သောက်ပြီး ရက်ပိုင်းပဲသက်သာတယ် ပြန်ဖြစ်တိုင်း အဲတိုင်းတိုက်တာ ၂ကြိမ်လောက်ရှိပါပြီ ခဏခဏတိုက်ရင် site affect များရှိလား သိချင်လို့ပါ မခွဲစိတ်ရပဲ တခြားဆေးညွှန်းလေးများရှိလား အကူညီတောင်းခံအပ်ပါသည်ရှင့် အောက်ကပုံမာ ဆေးညွှန်း ပေးထားသော ၅ရက်စာပါ ရှင့်

Allergic Rhinitis အလာဂျီ နှာခေါင်း https://doctortintswe.blogspot.com/2018/10/allergic-rhinitis.html

Tonsillitis အာသီးရောင်ခြင်း

မင်္ဂလာပါဆရာ ကျွန်မအသက် ၂၄ နှစ်ပါ အပျိုပါ ခဏခဏ ဖြစ်တာက အအေးမိတိုင်း ဖျားတာထက် အာသီးခဏခဏရောင်ပါတယ် တခါတခါဖြစ်ရင်တော်တော်နဲ့အရောင်မကျတော့ပါဘူး အာသီးဖြတ်ဖို့ကျမရဲဘူးဖြစ်နေလို့ပါ လည်ချောင်း ကင်ဆာတွေဘာတွေနဲ့ ဆက်စပ်နေလားသိချင်လို့ပါဆရာ ကျေးဇူးပြုပြီးအချိန်လေးရရင်ဖြေပေးစေချင်ပါတယ်

Tonsillitis အာသီးရောင်ခြင်း https://doctortintswe.blogspot.com/2014/10/tonsillitis.html

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး