Questions 25-10-2018

စောစောစီးစီး ဘလော့လိုက်ပါသည်

JUL 20TH 11:49AM
ဗီဒီယိုဖိုင်

Do not send အဲလိုဟာတွေ နောင်မပို့စေလိုပါ

8:09 AM
ဒီသတင်းကို မဖြစ်မနေပြန်ရှယ်ပေးပါ

Khin Than ကို ဘလော့ရပါတော့မယ်။ ဆောရီး။

Thrush မှက္ခရုနာ

သမီးက ၁၀ လ လျှာမှာအဖြူတွေကပ်နေလို့ ပြေါက်အောင် ဘယ်လို လုပ်ရမလဲရှင့်

Thrush မှက္ခရုနာ https://doctortintswe.blogspot.com/2016/06/thrush-oral-candidiasis.html

ပျောက်လို့ရေးရတယ်။ ပြောက်ဆိုတာ ပန်းပြောက်၊ လက်ခုပ်တပြောက်ပြောက်၊ နေပြောက်ထိုးသည်၊ ပြောက်ကျားတပ်၊ ပြောက်တိပြောက်ကျား၊ ပြောက်အိုးဖောက်၊ ပြောက်ပြောက်ကျားကျား။

Ringing in the Ears နားအူခြင်း

ကျား 43 နှစ် နားထဲကလေထွက်သလို ဖြစ်နေတာတလလောက်ဖြစ်ပါပြီ ဘာလုပ်သင့်ပါသလည်းရှင့်

Ringing in the Ears နားအူခြင်း http://doctortintswe.blogspot.com/2014/12/ringing-in-ears_29.html

Fingernails and your health လက်သည်း-ခြေသည်း ကျန်းမာရေး

ဆရာ လက်သည်း ခွံတွေက တဝက်လောက်ထိဖြူဖြူသွားတယ်ဆရာ ဘာဆေးသောက်ရမလဲဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ကျွန်တော် ၃၂နှစ်ပါ ဆရာ

Fingernails and your health လက်သည်း-ခြေသည်း ကျန်းမာရေး https://doctortintswe.blogspot.com/2014/11/fingernails-and-your-health.html

တစ်ဝက်ကိုတော့ ပြင်လိုက်တယ်။ ဆောရီး။

Hypertension သွေးတိုး ခဏကျနေတာကို ပျောက်သွားပြီလို့ မထင်ပါနဲ့

မင်္ဂလာပါ ဆရာရှင့် ကျွန်မအမေက အသက် ၇၁ နှစ် ပေါင်ချိန် ၁၆၅ သွေးတိုးရှိပါတယ်ရှင် Coversyl 10mg ကို သောက်နေတာပါ ခုတလော ကျောလယ်က အေးအေးနေတာဆိုပြီး ပြောလို့ပါရှင် ဆေးခန်းပြတုန်းပဲ သက်သာလို့ပါရှင့် ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ ဆရာ

သွေးတိုးဆိုတာ ဂဏန်း ၂ ခုဖတ်မှသာသိနိုင်။ သွေးတိုးစာတွေ ခဏခဏ ခဏခဏတင်ထားတယ်။ ဘလော့မှာလည်းရှိတယ်။

ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ ရှာဖတ်ကြည့်ပါ့မယ်ရှင်

သွေးတိုး ခဏကျနေတာကို ပျောက်သွားပြီလို့ မထင်ပါနဲ့။ စာတွေကို အေးအေးဆေးဆေးဖတ်ပြီး လိုတာကိုလိုက်နာပါ။
• High blood pressure သွေးတိုးအမေး http://doctortintswe.blogspot.com/2016/03/high-blood-pressure-question.html
• Hypertension (1) သွေးတိုးရောဂါ (၁) http://doctortintswe.blogspot.com/2014/11/hypertension-1.html
• Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html
• Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ http://doctortintswe.blogspot.com/2014/11/ischemic-heart-disease.html
• Medicines for High Blood Pressure သွေးတိုးဆေးများ http://doctortintswe.blogspot.com/2014/12/medicines-for-high-blood-pressure.html
• Side Effects of High Blood Pressure Medications http://www.webmd.com/hypertension-high-blood-pressure/guide/side-effects-high-blood-pressure-medications?ecd=wnl_hyp_061313&ctr=wnl-hyp-061313_ld-stry&mb=
• Stroke Emergency Treatment ဆထုပ် အရေးပေါ်ကုသခြင်း (ဒီလင့်ကို ဖေ့စ်ဘွတ်ကွန်မြူနတီစည်းကမ်းအရ ပို့မရပါတဲ့)
• Stroke ဦးနှောက်သွေးကြော ဖောင်းပြီးပေါက်ခြင်း http://doctortintswe.blogspot.com/2015/07/stroke.html
• Stroke ဦးနှောက်သွေးကြောမတော်တဆဖြစ်ခြင်း http://doctortintswe.blogspot.com/2014/11/stroke_22.html

သွေးတိုးသက်သာအောင် ငန်-ချို-ဆီ ရှောင်။ ဆေးအမြဲဆောင်။

Baby Questions ကလေးအတွက် မေးခွန်းများ

မင်္ဂလာပါဆရာ အသက် ၅လ မိန်းကလေး ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆရာရှင့် ကျွန်မ၏သမီးလေးသည် လွန်ခဲ့သည့် ၅ရက်က နှာစေး နှာရည်ယိုဖြစ်ပါသည် ကလေးဆရာဝန်ညွှန်ကြားသည့်အတိုင်း ဘာမီတွန် ၄ပုံ၁ပုံ နှင့် ဘေဘီဂျက်ဆစ်ကို ၆နာရီ တစ်ကြိမ်ကျ ၃ရက် တိုက်ပါသည် ကျွန်မသိချင်သည်မှာ မွေးစမှစ၍၅လပြည့်သည်အထိ ငယ်ထိပ်မလှုပ်သော ကျွန်မသမီးလေးသည် နှာစေးသောအခါမှစ၍ ငယ်ထိပ်လှုပ်လာပါသည် စိုးရိမ်ရပါသလားရှင့် ကလေးငယ်နှင့် တိရိစ္ဆာန် (အိမ်မွေးခွေး) အိမ်တစ်အိမ်တည်းတွင်အတူရှိနေသင့် မသင့် ဆောင်ရန် ရှောင်ရန်များ ညွှန်ပြပေးပါရှင့်။ ကျေးဇူးတင်ပါသည်။ ဆရာသက်ရှည်ကျန်းမာပါစေ။

1. Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
2. Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
3. Baby Questions ကလေးအတွက် မေးခွန်းများ http://doctortintswe.blogspot.com/2016/12/baby-questions.html
4. Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် http://doctortintswe.blogspot.com/2016/04/babys-cough.html
5. Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html

Calcium USA High Up စိတ်မရှည်ဆေး

ဆရာမင်္ဂလာပါရှင့် ကျွန်မအသက်အခု ၂၁နှစ်ပါ။ အရပ်က အလွန်အမင်းပုနေလို့ နောက်ထပ် နှစ်လက်မလောက် ထပ်ရှည်ချင်ပါတယ်။ အများပြောတာ ကြားဖူးတာတော့ မိန်းကလေးတွေက အသက် ၁၈နှစ်နောက် ပိုမရှည်နိုင်တော့ဘူးလို့ပြောကြတယ်။ အဲ့တာအမှန်ပဲလားဆရာ။ ၂၁နှစ်ဆိုရင်ကော နောက်ထပ် အရပ်မရှည်နိုင်တော့ဘူးလားဆရာ အသက်၃၀ထိသောက်လို့ရတယ်ဆိုလို့ အဲ့ဒီဆေးတော့ သောက်နေတာ ရက် ၂၀နီးပါးရှိပါပြီဆရာ။

အရပ်ရှည်ဆေး မေးကြတာ လူ ၃ဝ-၄ဝ ရှိပြီ။ ခဏခဏတင်ရတာ စိတ်မရှည်ချင်သလိုပဲ။

- Calcium (ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium.html
- Calcium USA High Up အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး https://doctortintswe.blogspot.com/2015/05/high-up-calcium-usa.html
- For your height only အရပ်ရှည်ဆေး တမေးတည်းမေး https://doctortintswe.blogspot.com/2015/09/for-your-height-only.html
- Height and Weight Adult Chart အရပ်နဲ့ ကိုယ်အလေးချိန်ဇယား https://doctortintswe.blogspot.com/2016/02/height-and-weight-adult-chart.html
- Height and Weight Chart ကလေး အရပ်နဲ့ ကိုယ်အလေးချိန်ဇယား https://doctortintswe.blogspot.com/2016/09/height-and-weight-chart.html
- Height အရပ် https://doctortintswe.blogspot.com/2017/11/height.html
- Height အရပ်ရှည်နည်း အရပ်ရှည်နည်း http://doctortintswe.blogspot.com/2015/03/height.html
- Medicines for Money ကြော်ငြာနဲ့ရန်ဖြစ်နေရတဲ့ ဆရာဝန် https://doctortintswe.blogspot.com/2017/06/medicines-for-money.html
- Women Height အရပ် နှင့် အရက် https://doctortintswe.blogspot.com/2018/01/women-height.html

မွေးရာပါ အရပ် အသားရောင် မျက်နှာ ကိုယ်ထည် စတာတွေကို ပြင်ချင်စိတ် မထားသင့်ကြပါ။ မျိုးဗီဇ ပြင်မရပါ။ ကိုယ့်အကျိုးပေးနဲ့ကိုယ် ကျေနပ်သင့်ကြပါတယ်။ အဲလိုဟာတွေက ပိုက်ဆံလုပ်ရတာ အလွန်လွယ်တယ်။ ဝယ်ကြတာပဲ။

Ear infections နားပိုးဝင်ခြင်း

ကျွန်တော်အသက် ၃၀နှစ်ပါ။ ကျန်းမာရေးဝန်ထမ်းတယောက်ပါ။ နေ့စဉ် Stetho သုံးဖြစ်ပါတယ်ဆရာ
ညာဘက်နား ခဏခဏ ပြည်တည် အနာ ဖြစ်တတ်ပါတယ်။ ပါရဂူနဲ့ပြတော့ Lincomycin 500mg 1tds×7days သောက်ရပါတယ်ဆရာ ဒါပေမယ့် မသက်သာဘူးဆရာ ဘာဆက်လုပ်ရမလဲဆရာ

Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html
Fluid in the ear နားထဲမှာအရည်ရှိတာ http://doctortintswe.blogspot.com/2014/12/fluid-in-ear.html
Middle ear infection နားပြည်ယိုခြင်း http://doctortintswe.blogspot.com/2016/01/middle-ear-infection.html
Otomycosis (ear fungus) နားမှို http://doctortintswe.blogspot.com/2016/02/otomycosis-ear-fungus.html
Perforated eardrum နားစည်ပေါက်ခြင်း http://dts-medicaleducation.blogspot.com/2011/04/perforated-eardrum.html
Ringing in the Ears နားအူခြင်း http://doctortintswe.blogspot.com/2014/12/ringing-in-ears_29.html

တတိယအကြိမ် ပို့လိုက်တယ်

ဆရာမင်္ဂလာပါ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဆရာကျွန်တော်ကအမျိုးသားရောဂါဖြစ်လို့မေးလို့ရလား

မေးနည်းစည်းကမ်း ထပ်ပို့လိုက်တယ်။

ဆရာ sodamint ဆေးလေးအကြောင်းလေးသိချင်လို့ပါ ကျောက်ကပ်ဆရာကပေးလို့

မေးနည်းစည်းကမ်းကို တတိယအကြိမ်ပို့လိုက်တယ်။ ဘလော့မှာသာဖတ်ပါရန်။

ဆရာရှင့် သားက အခု ၉လကျော်ပါပြီ ok သောက်ဆေး သောက်လ်ု့ရပါသလား ကလေး နို့တိုက်နေတော့ အဆင်ရော ပြေပါသလားရှင့်

အသက် မသိ။

ဆရာ အမျိုးသမီး ဆီးစစ်ကြည့်တာ ၂ကြောင်းပေါ်နေတယ်ဆရာ သိတာ ၅ရက်ပဲရှိသေးတယ် မိသားစုအခက်အခဲနဲ့မလို့ ကလေးမရအောင်ဘယ်လိုလုပ်ရမလဲ မသိလို့ ဆရာ့ကို တိုင်ပင်ကြည့်တာပါ

ဆောရီး။ ကိုယ်ဝန်ဖျက်နည်း ဘယ်သူကမေးမေး မဖြေပါ။

အသက်၂၇ မိန်းခလေး ကိုယ်ဝန်ရအောင်ဘယ်လိုလုပ်ရမလဲ တားဆေး၁နှစ်တိတိသောက်ခဲ့ ပါတယ် ၁နှစ်ပြည့်ပြီး မသောက်တာ ၃လခန့်ရှိပါပြီ ယောက်ကျာ်းအသက်၂၁ပါ

To Get Pregnant သားသမီးလိုချင်သူများ၏ မေးခွန်းများ https://doctortintswe.blogspot.com/2018/04/to-get-pregnant.html

Neonatal jaundice မွေးစကလေး အသားဝါခြင်း

ဆရာရှင့် ကျမက အသက်၃၅ နှစ်ပါ ခလေးမွေးတာ ၃ ရက်သားမှာ အသားဝါ ဖြစ်လို့ ပြနေရပါတယ် အသားဝါ အကြောင်း သိချင်လို့  မျှဝေပေးပါ အုံးရှင်

https://doctortintswe.blogspot.com/2014/11/neonatal-jaundice_25.html
Neonatal jaundice မွေးစကလေး အသားဝါခြင်း

အသက်မပြောလိုသူများ

၁။ ဆရာရှင်သမီးကနဲနဲဝတယ်ပိန်ချင်လို့ပါ နှလုံးသွေးကျောကျဉ်းရောဂါကရှိတယ် စီဗစ်သောက်ရင် ပိန်တယ်လို့ ပြောကြတယ် သောက်လို့ရမလားဆရာ တနေ့ဘယ်နှလုံးနဲ့ ဘယ်လောက်ကြာကြာ သောက်သင့်ပါသလဲဆရာ ညွန်ကြားပြသပေးစေလိုပါတယ်

အသက် မသိ။ အချက်အလက်တွေ မသိ။ မေးနည်းပို့လိုက်တယ်။

၂။ ဆရာ မင်္ဂလာပါ ကျွန်တော်မှာ သွေးတိုးရှိနေတာ 3 နှစ်ကျော်လာပါပြီ အငန် အဆီအဆိမ့် အချဉ် အခါးကို ငယ်ငယ်တည်းက ရှောင်ပါတယ် အချိုဆိုလည်း နောက်ပိုင်း ကော်ဖီ ပါရှောင်ပါတယ် အရက်ဘီယာ ကွမ်း လုံးဝမစားတော့တာ 4-6 နှစ်ကြာပါပြီ ဒါလည်းမသက်သာပဲ နောက်ပိုင်း ညဘက်တွေဆို နေ့တိုင်း သွေးပေါင်ကစားလာပါတယ် အေးတဲ့အချိန်တွေ ဆိုပိုသိသာလာပါတယ် နွေရာသီ သူများတွေပူအိုက်နေတာတောင် ကျွန်တော် ညနေ ညဘက်ဆို ခြေဖျား လက်ဖျားရေနွေးပုလင်းကပ်နေရပါတယ် TB စစ်ဆေးတာ အကြိမ်ကြိမ်ပါ သွေးတွေလည်း စစ်ဖူးပါတယ်  တခါတလေ ဝမ်းသွားသွေးပါလေ့ရှိပါတယ် ပေါ်လိုက်ပျောက်လိုက်နဲ့  အဲ့လိုနေ့ဆို လူကပိုမူး သွေးပေါင်က 150-95 ထိဖြစ်တတ်ပါတယ် amlog 5 သောက်ထားလည်း အခု သွေးပေါင်ထပ်ချိန် ဆေးထပ်သောက်နေရလို့ပါ  အရင်က amlog5 သောက်ပြီး ထိန်းထားပေမယ့် ဒီအပတ်ထဲ တနေကုန် နားထင်တင်းခေါင်းအုံပြီး နားလေထွက်ပါတယ် ထွေကုဆေးခန်းတွေသွားပြချိန်ဆို နေ့ခင်း ညနေ ဘက်ဖြစ်လို့လား မသိပါ သွေးပေါင်ပုံမှန် နှလုံးခုန်နှုန်း ပုံမှန်ဖြစ်နေတတ်တော့ သမားတော်တွေနဲ့ဆက်ပြဖို့ပြောကြပါတယ်  သွေးတိုးနှလုံး အထူးကုနဲ့ သွေးရောဂါအထူးကုနဲ့ ဘယ်သူကို့ပြသင့်ပါလဲ သိချင်ပါတယ်ဆရာကြီး  ထွေကုသမားတော်နဲ့ပြဖူးပေမယ့် နေ့ခင်းဆေးခန်း မှာ ပုံမှန်နီးပါးဖြစ်ပြီး ညဘက်တွေရောက်ရင် ဒုက္ခခံရတာ 3 နှစ်ကျော်ပါပြီ ဆရာကြီး ကူညီလမ်းညွှန်ပေးပါ  ကူညီပါဦး ဆရာ

မေးခွန်းခပ်ရှည်ရှည်ထဲမှာ အသက်လိုက်ရှာတာ ခုထိ မတွေ့သေး။ အသက် မပြောလိုသူတွေက ဘလော့မှာ ဖတ်နိုင်ကြတယ်။

၃။ မင်္ဂလာပါဆရာ ကျနော်သိချင်တာလေးရှိလို့ပါခမျ ကျွတ်တွယ်တာ ကျွတ်ကိုက်တာနဲ့ပတ်သက်ပြီး သိချင်လို့ပါ တခြားသူတွေကျွတ်တွယ် အကိုက်ခံရရင် သာမန် အကိုက်ခံရဲ့နေရာက ယားယံတာ နဲ့ သွေးထွက်တာပဲကျန်ခဲ့ပေမဲ့  ကျနော် ကျွတ်တွယ် အကိုက်ခံရရင်  အကိုက်ခံရတဲ့နေရာက တရက်လောက်အကြာမှာ စယောင်လာပါတယ် တဖြေးဖြေးတင်းတင်းကြီးဖြစ်ပြီး လမ်းလျှောက်လို့လည်း မသက်သာပါဘူး လမ်းလျှောက်ရင် အောင့်အောင့်ပြီးနာပါတယ် အကိုက်ခံရတဲ့နေရာကနေ တံငှါရည်လေးတွေကတော့ ထွက်ထွက်လေ့ရှိပါတယ် အကိုက်ခံရတဲနေရာက ယားလည်းယားပါတယ် နောက်ပြီး အကိုက်ခံရတဲ့ ခြေထောကိရဲ့ပေါင်မှာ အပူကျိတ်ဆိုတာမျိုးပါထွက်လာပါတယ်ဆရာ  ပေါင်နေရာကပါ အောင့်လာတယ် နောက်တော့ ကျနော်စဖျားတော့တာပါပဲ ဆရာ ဒီအရာက အကိုက်ခံရတိုင်းဖြစ်တော့ ဘာများဖြစ်လို့ပါလဲခမျာ ဆရာ အချိနိရမယ်ဆို ဖြေပေးစေချင်ပါတယ် ကျေးဇူးတင်ပါတယ် ဆရာ

မေးခွန်းခပ်ရှည်ရှည်ထဲမှာ အသက်လိုက်ရှာတာ ခုထိ မတွေ့သေး။ အသက် မပြောလိုသူတွေက ဘလော့မှာ ဖတ်နိုင်ကြတယ်။

၎။ သားက အခု ၉လကျော်ပါပြီ Ok သောက်ဆေး သောက်လ်ု့ရပါသလား ကလေး နို့တိုက်နေတော့ အဆင်ရော ပြေပါသလားရှင့်

အသက် မသိ။ အသက် အချက်အလက် မပြောလိုသူတွေက ဘလော့မှာ ဖတ်နိုင်ကြပါတယ်။

Hepatomegaly Questions အသဲကြီးခြင်း မေးခွန်းများ

၁။ Ultrasound အဖြေမှာ LIVER IS ENLARGED & INCREASED ECHO. No IHD DILATATION. NO SOL.
အသည်းခြောက်တဲ့လက္ခဏာ ဖြစ်နေသလားဆရာ

မဟုတ်လောက်။ အသည်းခြောက်ရင် အရွယ်အစား သေးမယ်။ အဖြေစာက ကြီးနေတာ။

Cirrhosis အသည်းခြောက်ရောဂါ http://doctortintswe.blogspot.com/2014/11/cirrhosis.html
Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း http://doctortintswe.blogspot.com/2014/10/fatty-liver-disease-fld.html

ဟုတ်ကဲ့ ကျေးဇူးပါဆရာ အသည်းကြီးတာဟာ ရောဂါတစ်ခုလားဆရာ ကုသဖို့ရော လိုအပ်ပါသလားဆရာ

ဘယ်အရာမဆို ပုံမှန်ထက် ကြီးတာ သေးတာကို ရောဂါလို့ပြောနိုင်။ ကုသဘို့ လိုအပ်နိုင်။ လူနာတဦးချင်းကို ဆေးစစ်ချက်အရသာ တိတိကျကျပြောလို့ရ။

၂။ ယောက်ျားလေပါဆရာ့ ကပါ့ လို့ခေါ်ပါတယ်ဆရာ ကျွန်တော်က အသဲရောင်အသားဝါဖြစ်နေပါတယ်ဆရာ ဗိုက်လဲပူပါတယ်ဆရာ ညအိပ်ရင်ဘယ်ဘက်စောင်းအိပ်မှနေသာပါတယ်ဆရာ လေလယ်လိုက်ရင်ဗိုက်ကလျှော့ပြီး နည်းနည်းသက်သာပါတယ်

အသက် မသိ ဘီ စီ အေ ပိုး မသိ

အသက်က ၂၉နှစ်ပါ ဘီပိုးစီပိုးမရှိပါဘူး အသဲကြီးတယ်လို့ ဆရာဝင်ကပြောတယ်ဆရာအသားတွေဝါတယ်ဆရာ

ဆရာဝန်ဝန်လို့ရေးရတယ်။

ဆရာ အသဲကနဂါးမောက်သီးနဲ့တဲ့ပါသလား

အသဲကြီးတာတော့သိရတယ်။ ရောဂါအမည် အတိအကျ မသိ။ အသဲကြီးစေတာ အမျိုးမျိုးရှိတယ်။ လူအများ စားသောက်တာတွေနဲ့ ကိုယ်တိုင်အရင်ကစားဖူးတာတွေ သင့်မယ်။

Liver Links ဘလော့ခ် အသစ်ထဲမှ အသည်းရောဂါ လင့်ခ်များ https://doctortintswe.blogspot.com/2016/09/liver-links.html
Hepatomegaly အသဲကြီးခြင်း အမေး https://doctortintswe.blogspot.com/2018/08/hepatomegaly.html

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး