Sanned အောင်မြင်ပြီ

ကဝိဓဇသတ်ပုံကျမ်း

ကဝိဓဇသတ်ပုံကျမ်းကို pdf နဲ့ စာအုပ်လေးလုပ်ပေးရင် ပိုကောင်မယ်လို့ ထင်မိပါသည်

ဟုတ်တယ်။ အဲလိုစိတ်ကူးရှိထားတာ ကြာပြီ။ စာအုပ်ကို စကင်နာကနေ PDF zိုင်လုပ်ချင်တာ ဘယ်လိုမှ မရ။ ဟိုတရက်က ဝေါလ်မတ်က ပရင်တာတွေသွားရှာတယ်။ Digital ဖိုင်ရတဲ့ စကင်နာ ပရင်တာ မရှိတဲ့။

စက္ကူနဲ့သာ ကော်ပီလုပ်ထားလို့သာရမယ်။ သူများတွေကို ဝေပေးလို့မရ။ ဒေလီမှာတုန်းက ကိုယ့်ရုံးမှာရှိခဲ့တာကို သတိရတယ်။

အခုဆို စာအုပ်လေးက အတော်ကို နနေပြီ။ စာမျက်နှာပေါင်း ၄၂၂ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၈

Sanned အောင်မြင်ပြီ

စကင်လုပ်လို့ရသွားပြီ။ Windows Scan ကို ဒေါင်းလုဒ် လုပ်တော့ အိမ်မှရှိနေတဲ့ ပရင်တာနဲ့ စကင်လုပ်ပြီး PDF ဖိုင်အဖြစ် သိမ်းထားလို့ရပါပြီ။

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၈
ည ၁၂ နာရီ ၅ဝ မိနစ်တိတိ

အလကားပို့ပေးမယ်

မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှားတွေကို အမှန်လို့ ထင်ပြီး သုံးနေကြပါပြီဆရာ

ဟုတ်တယ်။ အဲတာကြောင့် စာတွေ နေ့တိုင်းရေးနေတယ်။ အခုပဲ ရှိနေတဲ့စာအုပ်တွေကို စကင်လုပ်နည်း ကြိုးစားတာ အောင်မြင်သွားပြီး။ စက်လုပ်ပြီး PDF ဖိုင်နဲ့သိမ်းထားနိုင်ပြီ။ လိုချင်သူတွေဆီ အလကားပို့ပေးမယ်။

စာတအုပ်လုံး ကူးနိုင်အောင် အချိန်တော့ရှာရဦးမှာ။ အလကားပေးမဲ့သူက မရှိ။

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၈
ည ၁ နာရီ ၂ဝ မိနစ်တိတိ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး