Skin cancer screening အရေပြားကင်ဆာ စစ်ဆေးနည်း

မင်္ဂလာပါဆရာ ဆရာ ၂၀၁၇နိုဝင်ဘာမှာရေးထားတဲ့မှဲ့ကင်ဆာအကြောင်းဖတ်ရပါတယ်ဆရာ အဲလိုပုံစံပဲဆရာ ကျွန်မ မိတ်ဆွေမှာဖြစ်နေတယ် သူကငယ်တုန်းက ကျောမှာအမှတ်ပါတယ်ပေါ့ ၄တန်းလောက်တုန်းကစာလို အမှတ်လေး အခုကြီးမှ ၂နှစ်လောက်ရှိပြီ ကျွလာတယ်ဆရာ ကင်ဆာဟုတ်မဟုတ် ဘယ်နေရမှာစစ်ရမလဲဆရာ နယ်ဘက်က အရေးပြားဆရာဝန်မရှိပါဘူး သူကငွေတအားကုန်မှကြောက်လန့်ပြီးမပြဘူးလုပ်နေတယ်ဆရာ ဘယ်မှာစစ်သင့်လဲရှင့် အကြံညဏ်လေးပေးပါဦးရှင့်

ရရစ်မပါတဲ့ ပြီ နဲ့ ပြီး ကို ပြင်လိုက်တယ်။ အရေပြားကင်ဆာကို မျက်စိနဲ့ကြည့်တာလည်း ရနိုင်တယ်။ သေချာအောင် စစ်ဆေးနည်းလုပ်ရမယ်။ Biopsy ဘိုင်အော့ပစီ ခေါ်တယ်။ အသားစယူစစ်တာဖြစ်တယ်။ မှဲ့ကင်ဆာကို Melanoma လို့ ခေါ်တယ်။

စစ်ဆေးနည်းများ
၁။ Punch biopsy နည်း

၂။ Excisional biopsy နည်း

၃။ Incisional biopsy နည်း

၎။ Melanoma stages အဆင့်ကိုပါခွဲခြားရတယ်။

ကုသနည်းမှာ အရွယ်အစား၊ အဆင့်နဲ့ လူနာရဲ့ကျန်းမာရေးတွေအရ ရွေးတယ်။

၁။ စောစောသိတာကို အသားစယူရင်းခွဲတာနဲ့ရတာရှိတယ်။ ကင်ဆာဘေးက ကောင်းနေသေးတဲ့ အရေပြားကိုပါ ခွဲထုတ်တယ်။
၂။ တချို့ကို လင့်ဖ်နုတ် ခေါ် တက်စေ့ကိုပါခွဲထုတ်ရနိုင်တယ်။

၃။ တချို့ကို Chemotherapy ခီမိုသာရာပီ ခေါ် ကင်ဆာဆေးပေးရတယ်။

၎။ တချို့ကို Radiation therapy ခေါ် ဓါတ်ကင်ပေးရတယ်။

၅။ Biological therapy ခေါ် ဇီဝကုသနည်းလည်းရှိတယ်။

၆။ Targeted therapy ခေါ် ပစ်မှတ်ထားကုသနည်းလည်းရှိတယ်။ Vemurafenib (Zelboraf), dabrafenib (Tafinlar) နဲ့ trametinib (Mekinist) ဆေးတွေ သုံးတယ်။

နေရာတော့ မသိပါ။ ကုန်ကျတာလည်း မသိပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး