The Magic Pond နတ်ရေကန်

အပျိုပါ အတူနေတယ် အနောက်တိုင်းဆန်လာပြီဆရာ။ အတူနေလဲ လက်မထပ်ရသေးရင် အပျိုဆိုတဲ့သဘောတွေ မြန်မာပြည်ရောက်ကုန်ပြီ

ဟုတ်မယ်။ အဲလိုမေးသူတွေက နေ့တိုင်းလာတယ်။ အိမ်ထောင်ကျတော့ အခက်အခဲဖြစ်လို့ မေးသူတွေလည်း မနည်းလှပါ။ အဲလိုအမေးတွေကို ဖြေတာမျိုးကိုတော့ ဖေ့စ်ဘွတ်မှာ မတင်ပါ။

ကျွန်တော်က အဝေးနေရပေမဲ့ အထဲနေသူတွေရဲ့ အတွင်းရေးတွေပါ သိခွင့်ရတယ်။ သိတာတွေကို အခြေခံပြီး ရိပ်ဖမ်းသံဖမ်း သတိပေးစာတွေရေးပါတယ်။

ထရန်စ်ပလန့် ခေါ် အင်္ဂါအစိတ်အပိုင်းအစားထိုးနည်းမှာ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ မျက်ကြည်လွှာ၊ ဦးနှောက်၊ အဆုတ်၊ အူ၊ သရက်ရွက်၊ သိုင်းမတ်စ်၊ အရိုး၊ အရွတ်ကြော၊ အရေပြား၊ နှလုံးအဆို့ရှင်၊ သွေးပြန်ကြော၊ တချို့ အာရုံကြောတွေတော့ လုပ်လို့ရတဲ့နေရာတွေမှာရပြီ။ မျိုးပွါးလမ်းနဲ့ လိင်လမ်းအင်္ဂါတွေကို အသစ်ဖြစ်အောင်လုပ်လို့ မရသေးပါ။

ဆရာဝန်တွေက ၁၆ နှစ်သမီးပြန်ဖြစ်စေနိုင်တယ်ဆိုတဲ့ နတ်ရေကန်ရှိတဲ့နေရာကို မသိကြပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး