University ယူနီဗာစီတီ

ကနေ့ ခေါ်နေတဲ့ University of Yangon (Yangon University) ရန်ကုန်တက္ကသိုလ်ဟာ အရင်ဆုံး Rangoon College ရန်ကုန်ကောလိပ်ကနေ စခဲ့ပါတယ်။ ၁၈၇၈ မှာ ကောလိပ်စတင်တည်ထောင်စဉ်က ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ဖြစ်ခဲ့တယ်။ ၁၉ဝ၂ မှာ အစိုးရကောလိပ်ဖြစ်လာတယ်။ ၁၉၂ဝ မှာ ရန်ကုန်ကောလိပ်နဲ့ Judson College ဂျဒ်ဆန်ကောလိပ်နဲ့ ပေါင်းလိုက်ပြီး၊ University College ယူနီဗာစီတီကောလိပ် ဖြစ်လာတယ်။

ရန်ကုန်တက္ကသိုလ်ဟာ အင်္ဂလန်က University of Cambridge နဲ့ University of Oxford မော်ဒယ်ကိုယူထားတာ ဖြစ်တယ်။ ၁၉၉၅ မှာ ၇၅ နှစ်ပြည့် စိန်ရတုသဘင်ဆင်နွှဲခဲ့တယ်။ မဆလ ခေတ်မှာ Rangoon Arts and Sciences University လို့ခေါ်ခဲ့တယ်။ စစ်အစိုးရခေတ်မှာ Rangoon ကနေ Yangon လို့ပြောင်းတယ်။

စောစောက တက္ကသီလာစာလေးရေးတယ်။ ရန်ကုန်တက္ကသိုလ်သမိုင်းမှာပါတဲ့ ဂျဒ်ဆန် ခေါ် ယုဒသန်က University ကို သိပ္ပံအတတ်သင်ရာကျောင်းစုလို့ သူပြုစုတဲ့ အင်္ဂလိတ်မြမ္မာအဘိဓာန်မှာ ပြန်ဆိုထားပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး