Posts

Showing posts from November, 2018

Questions on 30-11-2018

နံနက်ခင်း မေးခွန်းများ ၁။ ဟုတ်ကဲ့မင်္ဂလာပါဆရာ မသိတာလေးမေးချင်လို့ ဆရာအပန်းမကြီးရင်ဖြေပေးပါနော် မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ၂။ ဆရာ မင်္ဂလာပါရှင့် သမီးအသက်က ၂၆ ပါရှင့် အိမ်ထောင်ရှိပါတယ် အဖြူ ဆင်းပြီး အနံ့ နံနေလို့ပါဆရာ Dazolic ကိုတော့ အရင်က အဖြူဆင်းလို့ OG ပေးလို့ သောက်ဖူးပါတယ် ဆရာ အောက်ကဆေး meghocef 200 ကိုတော့ တခါမှ မသောက်ဘူးပါဘူး ဆရာ အာ့ဆေးကို ရှာကြည့်တော့ ရေးထားတာ နားမလည်လို့ပါ ဆရာ သူက ပိုးသတ်ဆေးလား သိချင်လို့ပါ ဆရာ Mahacef 200 MG Tablet ဟာ ပိုးအများကိုနိုင်တဲ့ ပဋိဇီဝဆေးဖြစ်တယ်။ နေရာများစွာမှာ ဗက်တီးရီးယားပိုး ဝင်တာအတွက် ပေးတယ်။ သမီးကလေးမွေးထားတာ ၂နှစ်ရှိပြီဆရာ ရာသီမပေါ်လို့ပါ သွေးပေါ်ဆေး ၂ကြိမ်ထိုးပါတယ် ဒါမဲ့မပေါ်ဘူးဆရာ လက်မောင်းထဲပိုက်ထည့်ထားပါတယ် တော်တော်ကြာနေပြီမို့ ဘာလုပ်ရမှန်မသိလို့ ပါဆရာ ပြောပြပေးပါဆရာ မေးနည်း ပို့ထားပြီး။ အသက် မပြောလိုသူ ဖတ်လိုကဖတ်ရန် ဘလော့လင့် ပေးထား။ ကိုယ်ဝန်တားဆေးမေးသူ အသက် ၃၅ နှစ် ကျော် မကျော် ဆရာဝန်က သိရမယ်။ အာ့ဆို သမီး သောက်လို့ ရတာပေါ့နော် ဆရာ Dazolic နဲ့ meghocef နဲ့ တွဲသောက်ရင် ရတာပေါ့နော် စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ညွှန်တာ သောက်သင့်။ ၃။ ဆရ

မစ္စတာမောင်မှိုင်း

Image
ကွန်မင့်ကနေ မေးပါတယ်။ အင်္ဂလိပ်ကိုမုန်းလို့ မစ္စတာအမည်ခံရေးတာ ဖတ်ဘူးလို့ပါ နောက်တော့ သ္ခင်ကိုတော်မှိုင်းလို့ အမည်ပြောင်းပြီး စာတွေရေးတာ ဖတ်ဘူးလို့ပါ မှားရင် ခွင့်လွတ်ပါ။ ကျီးသဲလေးထပ်ဆရာတော်၏ တပည့်ရင်း ဦးလွန်းဟာ ဆောင်းပါးတစောင်ရေးရင်း ဆောင်းပါးရှင်အမည် ဝှက်တပ်ရန် စဉ်းစားမိလေသည်။ ထိုကာလတွင် မြန်မာနိုင်ငံရှိ ကြွယ်ဝသော လူကုံထံအများသည် အုပ်စိုးသော ဗြိတိသျှလူမျိုးတို့၏ အသုံးအနှုန်းကို အလေးအမြတ်ထားလျက် တုပသုံးနှုံးနေကြသည်ဖြစ်ရာ မိမိတို့အမည်ရှေ့တွင် ဦး-မောင် အစား မစ္စတာကိုတပ်၍ မစ္စတာမည်သူမည်ဝါဟူ၍ အမြတ်တနိုးမှည့်ခေါ် ဂုဏ်ယူလျက် ရှိကြလေသည်။ ဝံသာနုမျိုးချစ်ဆရာကြီး ဦးလွန်းသည် အမျိုးခြားအမည်ကိုမှ အထင်ကြီးသူတစုအား ရွံမုန်းလျက် ထိုသူတို့၏ မစ္စတာအစွဲကို ချွတ်ရန် အားထုတ် ကြံစည်မိခဲ့လေသည်။ ဆရာကြီးသည် ရုတ်တရက် ချဉ်ပေါင်ရွက်သည်မောင်မှိုင်းကို သတိရသောအခါ အကြံရ၍ ထိုမျှလောက် မြတ်နိုးဂုဏ်ယူကြသည့် မစ္စတာကို ရစရာမရှိအောင် သူယုတ်မာကြာသမား မောင်မှိုင်းအမည်ဖြင့် တွဲစပ်လျက် ဆောင်းပါးရှင် မစ္စတာမောင်မှိုင်းဟူ၍ အမည်တပ်လိုက်လေတော့သည်။ သတင်းစာထွက်ပေါ်လာသောအခါ မစ္စတာအမည်ခံသူများသည် မခံမရပ်နိုင်ဖြစ်ကြ၍ သတင်းစာတိုက်သို့ ဆောင်းပါ

ချဉ်ပေါင်ရွက်သည် မောင်မှိုင်း

Image
တနေ့သ၌ မောင်မှိုင်းသည် နံနက်စောစော နောက်ပါငတေနှင့် နရကန်ရွာက ရောင်းချလာသော ချဉ်ပေါင်ရွက်များကို တဆင့်ဝယ်ယူ၍ နန်းတော်ရှေ့အနီး ဝင်းမှူးကြီးအိမ်ဦးသို့ ချဉ်ပေါင်ရွက်များကို သွင်းပို့ရန် အနောက်လှေကားမှ တက်သွားကြရာ အနောက်တန်းလျားအနီး မီးဖိုဆောင်အဝ၌ ချဉ်ပေါင်ထမ်းကိုချ၍ ရေတွက် ပေးသွင်းပြီးလျှင် နေ့စဉ် စာရင်းမှတ်သား၍ ရေးနေဆဲတွင် ကျေးကျွန်မိန်းမများတို့သည် မောင်မှိုင်းသည် ရယ်စရာစကားဆန်းဆန်းများ ပြောတတ်ကြောင်းကိုသိ၍ ဝိုင်းဝန်းကျီစားလေ့ရှိကြ၏။ မကြမ်းဆိုသော မိန်းမကြီးတယောက်က ကျီစား၍ သည်ချဉ်ပေါင်ရွက်မျိုးသည် ခါးလဲခါး သက်လဲသက် အရွက်ကလည်း ပလူတောင် အရောင်ကလည်း မွဲခြောက်ခြောက် ဘယ်ကြားကကောက်၍ ရလေသိဟု ခပ်ပြုံးပြုံးနှင့် ပြောလေ၏။ မိခါဆိုသူက အဟုတ်သားပတော် ချဉ်ပေါင်ရွက်ကိုက လိပ်ခွေခွေနှင့် ချဉ်ပေါင်ရွက်ရောင်းတဲ့လူနှင့် တူသေးတော့၊ သူမို့လို့ ရှာ၍ ရတတ်ပလေဟု ဆိုလေ၏။ ထိုအခါ မောင်မှိုင်းက သည်ချဉ်ပေါင်ရွက်မျိုးကို ကံရှိလို့ စားရသည်ဟု မှတ်ပါ တစိမ့်စိမ့်ဝါး၍ လျှာများနှင့်တွေ့ကြတော့ မျက်စေ့တောင် ဖွင့်မည်မဟုတ်ပါ။ တမုတ်ဆိုးနရကန်ရွာက ပွဲတော်တောင်ဆက်ရတဲ့ နရကန်ချဉ်ပေါင်ရွက်ဆိုတာ သူပ။ ချဉ်ပေါင်ရွက်ကို ဆက်သော ဒေါ်သဲဦးတ

လိပ်ခုံးပါလားဟေ့

Image
လိပ်ခုံးပါလားဟေ့နဲ့ အစချီထားတဲ့ ဆရာဋ္ဌေးရေးထားတဲ့စာကို DVB TV News ဖတ်ရတယ်။ ကျေးဇူး။ အဆင့်မြင့်ပညာဦးစီးဌာနဆိုတဲ့ အဆောက်အအုံရှိတယ်။ အဆင့်မြင့်ပညာဆီကို လိပ်ကလေးရဲ့ အလျင်နှုန်းနဲ့ သွားနေတာကိုး။ အမေရိကန် အာကာသယာဉ်မှူးတဦးတောင် အာကာသပျံသန်းရေး အတွေ့အကြုံ ဟောပြောပွဲ ကျင်းပခဲ့သေးတယ်။ အင်းလျားဆောင်သူတွေရဲ့ မြန်မာ့ရိုးရာ ဆင်ယဉ်ထုံးဖွဲ့မှုပြပွဲ၊ နိုင်ငံတကာ စာတတ်မြောက်ရေး အထိမ်းအမှတ်ပွဲ၊ ပန်းချီပြပွဲ၊ စကားရည်လုပွဲ စတာတွေ ကျင်းပခဲ့ဖူးတယ်။ လိပ်ခုံးခန်းမ အဝင်ဝမှာတော့ ဗဂျီအောင်စိုးရဲ့ လက်ရာတရပ်ဖြစ်တဲ့ အလွန်လက်ရာမြောက်တဲ့ ဒေါင်းရုပ်ပန်းချီကားချပ်ကြီးရှိတယ်။ လိပ်ခုံးရယ် ဒေါင်းရယ် ပျားအုံသဏ္ဌာန် အဆောက်အအုံရယ်နဲ့ အလွန်ပဏာရလှပတင့်လို့ သောဘဏရသနဲ့ပြည့်စုံတဲ့ နေရာအဖြစ် တချိန်က ကမ္ပည်းတင်ခံရတဲ့ နေရာလေးပေါ့။ ၁၉၅၄ မတ်လ ၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက အုတ်မြစ်ချပေးခဲ့တာ။ ၁၉၆၄ ထဲရောက်တော့ တက္ကသိုလ်ရဲ့ ပညာရေးစနစ်ဟောင်း ချုပ်ငြိမ်းသွားပြီး ဆေးတက္ကသိုလ် (၁) အဖြစ် ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ၁၉၉၀ ခုနှစ် ရောက်တော့ လိပ်ခုံးအဆောက်အုံကြီးကို ကျပ် ၂၅ သိန်း ၁ သောင်းနဲ့ ရောင်းစားလိုက်တယ်။ ဆောင်းဘောက်မလိုဘဲ ရေနဲ့ အသံထိန်းညှိတဲ

Methyl salicylate မီသိုင်းလ် ဆယ်လီဆလိတ် ဆေး

Image
၁။ Methyl salicylate ဆိုတာ မြန်မာလို တေဇောဆီလားရှင့် မြန်မာလို အခေါ် သေချာ မသိပါ။ ဆောရီး။ ၂။ ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ သမီးက့ မှာ့ တာဝန်ကျနေတဲ့ ပါ။ ဒီပုလင်းကို ဘယ်လို အသုံးပြုရလည်း  သိချင်လို့ပါဆရာ။ Methyl salicylate-menthol မင်သော်ဆေးရည်လို့လည်း ခေါ်တယ်။ သာမန်နာတာ၊ ကိုက်တာအတွက်သုံးရတဲ့ လိမ်းဆေးဖြစ်တယ်။ အဆစ်နာ၊ ခါးနာ၊ ထိခိုက်မိလို့နာတာ။ လိမ်းလိုက်ရင် အေးပြီး ခဏနေပူလာမယ်။ အရေပြားလိမ်းဆေးသာဖြစ်တယ်။ သောက်ဆေးမဟုတ်။ မျက်စိ။ ပါးစပ်၊ နှာခေါင်း၊ လိင်လမ်းတွေမှာ မသုံးရ။ လက်နဲ့လိမ်းရင်လည်း သတိထားပါ။ ရေများများနဲ့ ဆေးပါ။ Methyl salicylate Lotion, Spray, Foam အမျိုးမျိုးလာတယ်။ အားအမျိုးမျိုးနဲ့လာတယ်။ ကိုယ်နဲ့သင့်တာ ရွေးပါ။ မသုံးခင် ပုလင်းကိုလှုပ်ပါ။ ပါးပါးသာလိမ်းပါ။ ပွတ်ပေးပါ။ တနေ့ ၃-၄ ကြိမ်လိမ်းနိုင်တယ်။ လိမ်းစရာနေရာက လက်ဖြစ်နေရင် ဆေးလိမ်းပြီး နာရီဝက်အကြာ လက်ဆေးလိုက်ပါ။ ကွဲရှပေါက်ပြဲုနာထဲ မထည့်ရ။ ဆေးအပေါ်က ပတ်တီးမစီးရ။ လိုအပ်ရင် ဖုံးစရာကို ချောင်ပါစေ။ ရေပူချိုးချိုးပြီစ၊ ရေကူးပြီးစ၊ ကိုလက်လေ့ကျင့်ခန်းလုပ်ပြီးစ ချက်ချင်းဆေးမလိမ်းသင့်။ လိမ်းတဲ့နေရာ နီရဲလာနိုင်၊ ကျင်သလ

ကျိပ် ကြိတ် ကျိတ်

Image
အခုပဲ ရင်သားအကြိတ်ကို ခွဲစရာမလိုတဲ့အရွက်ဆိုပြီး တင်ထားတာတခု တွေ့တယ်။ အကျိတ်သတ်ပုံက မှားနေတယ်။ တနေ့ကလည်း သံပရာသီးနဲ့ စပါးကြီးမြွေကို သတ်ပုံမှားရေးပြီး ဆေးနည်းပေးတယ်။ သတ်ပုံမမှန်မှတော့ ဆေးနည်းက မှန်ပါ့မလား။ ၁။ ကျိပ်မှာ (ပသတ်) နဲ့ ကျိပ်မှ မှန်လေမလားလို့ ဒေါက်တာ။ ၂။ ပို့စ်တခုမှာ လည်ပင်းအကြိပ် ထုတ်ပြီးစစ်ဆေးရမယ်။ အဆီကျိပ်ဘဲဖြစ်ပါစေလို့ ဆုတောင်းတာဖတ်ရတယ်။ လူတကျိပ်။ လည်ပင်းအကျိတ်၊ အဆီကျိတ် လို့ရေးရတယ်။ အကြိပ်ဆိုတာ မရှိပါ။ ကျိပ် တကျိပ် = ၁ဝ = တဆယ် (တစ်ဆယ် မဟုတ်) နှစ်ကျိပ်ရှစ်ဆူ = ၂၈ ဆူ ကြိတ် စပါးကြိတ်စက် ထိုးကြိတ်သည် ကြိတ်ဆုံ ကြိတ်ကြိတ်တိုး စည်ကားသည် ကြိတ်ကြိုးစားသည် ကြိတ်မှန်ပင် ကြိတ်မှိတ်ခံသည် ကြိတ်မနိုင်ခဲမရ ကြိတ်နှုန်း ဝါကြိတ်စက် သွားကြိတ်သည် အံကြိတ် အကြိတ်အနယ်၊ အကြိတ်အနယ်ပြိုင်သည် ကျိတ် ကင်ဆာအကျိတ် ကျိတ်၍ခံ ကျိတ်၍ကြံ ကျိတ်ကြံကျိတ်လုပ် ကျိတ်ဓား ကျိတ်ပင် ကျိတ်ပုတီး ကျိတ်မျိုသည်းခံ တကျိတ်တည်း တဉာဏ်တည်း ရင်သားအကျိတ် သားအိမ်အကျိတ် သုကျိတ်မျောက် အကျိတ်အခဲ အကျိတ်အဖု ဦးနှောက်အကျိတ် သတ်ပုံမှာ ဆေးနည်းတွေ။ သတ်ပုံမှာတရားစာတွေ သတိထားကြစေချင်ပါတယ်။ ဒေါ

တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့

Image
ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ရတိုင်းကြည့်ကြတယ်။ နှစ်ဆန်း ၁ ရက်နေ့က တောင်သူလယ်သမားနေ့။ အဲတာ ပြောင်းသွားတယ်။ တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့က ပါတော်မူနေ့။ အခုမထည့်ကြတော့ပါ။ တရုပ်နေ့တွေနဲ့ အစားထိုးလာကြတယ်။ ပါတော်မူခန်း (၁) သီပေါကို လာဖမ်းသွားတာ ရပ်ကြည့်နေကြတယ်ဆိုပြီး တချို့က ငြင်းချင်တယ်။ ပြည်သူက ဘုရင်ကို မချစ်လို့ပါပေါ့တဲ့။ မချစ်ရင် ဘာလို့ ပါတော်မူတုန်းက လမ်းဘေးမှာ ရပ်ကြည့်ပြီး ငိုနေကြတာတုံးတဲ့ ရေးကြတယ်။ သီပေါမင်းနဲ့ စုဖုရားလတ်ကို ရပ်ကြည့်နေခဲ့ကြတဲ့ မန္တလေးပရိသတ်လည်း အင်္ဂလိပ်ကို ကြိုက်ကြလို့တော့ မဟုတ်ပါ။ ဦးကောင်းကို အပြစ်တင်ကြတယ်။ အဲလိုလူတွေက ကင်းဝန်မင်းကြီးဆီ ကျောက်ပြင်နဲ့ ထဘီပို့လိုက်ဆိုတဲ့ စုဖုရားလတ်ကို ချီးမွမ်းကြတယ်။ ပါတော်မူခန်း (၂) မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂ဝ) ပါးရှိတယ်။ ဘုရင်ရုပ်တွေထုထားတာကတော့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။ တချို့က ပျူခေတ်က ရှေးဟောင်းအမွေတွေထက် ပျူဘုရင်မကိုသာ လွမ်းနေကြတယ်။ စလေငခွေး၊ နရသီဟပတေ့ တို့တတွေလည်း ကိုယ့်တိုင်းပြည်က ဘုရင်တွေလို့ သိထားရမယ်။ တောင်ငူအင်ပါယာမှာ သေသောက်ကြူးတဲ့ တပင်ရွှေထီးနဲ့ ဒီဘရစ်တိုနဲ့

တောဘောလုံးကွင်း

Image
ဘောလုံးသမား အားလုံး တအား ကြုံးကြုံးကန်ကြ ဘောလုံးထက် ရှေ့ကို လူတွေ လွန်လွန်သွား ဘောလုံးတခြား လူတခြား လွဲလွဲသွား တဂိုးမှ မသွင်းနိုင်ကြသေးဘူး အခုထိ။ ။ ကဗျာဆရာမောင်အောင်ပွင့်အကြောင်းတင်ထားကြတာတွေ တချို့တော့ တွေ့တယ်။ မောင်အောင်ပွင့် သို့မဟုတ် အနုပညာနဲ့ တပါးသူရင်တွင်း ထိုးဖောက် နားလည်နိုင်သူ Petr Lom့ ဒီနှစ်မှာတော့ မောင်အောင်ပွင့်ဟာ ဇနီးနဲ့အတူ စုထားတဲ့ ငွေနဲ့ အငှားကားတစီး ဝယ်နိုင်ခဲ့ပါပြီ။ အဲဒီစာမှာ သတ်ပုံကို အမှန်နဲ့သာရေးထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။ အတော်များများက မူလစာရေးဆရာ ကဗျာဆရာတွေရေးထားတာကို ပေါ်လစီအရ ပလီပြီးပြင်ထားတဲ့သတ်ပုံတွေနဲ့ ကူးရေးတင်ကြတယ်။ ထုတ်ဝေရောင်းစားကြတယ်။ သခင်ကိုယ်တော်မှိုင်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ တက္ကသိုလ်ဘုန်းနိုင်၊ ကြည်အေး၊ မြသန်းတင့်၊ တင်မိုး၊့ ပါးစပ်ကတော့ စာဆိုတွေ တော်တာ တော်တာနဲ့။ မလုပ်ကောင်းပါ။ မြန်မာစာဘောလုံးကို တအားကြုံးကြုံး ကန်နေကြတာ၊ ဂိုးပေါက်မှာတစ်နေတော့ တဂိုးမှ မသွင်းနိုင်ကြသေးပါ။ ဒေါက်တာတင့်ဆွေ ၃၀-၁၁-၂၀၁၈

Questions 29-11-2018

Corn ငါးမျက်စိ (ခြေထောက်ပုံအတွက် ကန်တော့။) ၁။ ဆရာရှင့် အသက်၂၁ မိန်းကလေးပါ gym ဆော့ရင်း ဖိနပ်မစီးပဲ အကြိမ်ရေများစွာခုန်မိပါတယ် အဲ့ဒါပြီးတော့ အခုခြေဖဝါးမှာ အဖုပေါက်လာပါတယ် အစကမနာပါဘူး ခုနောက်ပိုင်းဖိလိုက်ရင်တော်တော်နာပါတယ် ဘရိတ်ဓားနဲ့ ခစ်တော့ အသားမာလိုဖြစ်နေပါတယ် အပေါက်သေးသေးလေးကနေ သွေးလဲထွက်ပါတယ်ဆရာ ၁ ပတ်ကျော်နေပါပြီ ဘာအနာမှန်းလဲမသိလို့ပုံ ပို့လိုက်ပါတယ်ဆရာ ကန်တော့ပါရှင့် ဘရိတ်ဓားနဲ့ခစ်လို့ မရေးရပါ။ လှီးတယ်၊ ဖြတ်တယ်လို့ရေးတယ်။ ခစ်ဆိုတာ ရီသံ။ ၂။ ဆရာ ငါးမျက်စိမျက်နှာမှာပေါက်တာ ဘယ်လိုလုပ်သင့်ပါလည်းဆရာ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ကျား အသက် ၁၉ ငါးမျက်စိပေါက်တာ ၂လလောက်တော့ရှိပြီဆရာ အခုတော်တော်ဆိုးလာလို့ပါဆရာ မျက်နှာမှာ ပေါက်တာပါဆရာ ငါးမျက်စိလို့ အခေါ်က တနေရာ တမျိုး။ အများအားဖြင့် လက်ဖဝါး ခြေဖဝါးမှ အသားမာလိုဖြစ်တာကိုခေါ်ကြတယ်။ ကျွန်တော် ဘာဆက်လုပ်ရမလည်းဆရာ ဘယ်လိုနေရာမျိုးမှာပြသင့်လည်းဆရာ ကျွန်တော်ကိုလမ်းညွှန်ပေးပါဆရာ ဖြေထားပြီး။ ဘာရောဂါမှန်း မသိပါ။ ဆရာဝန်တဦးပြသင့်။ ၃။ ဆရာခင်ဗျား ကျွန်တော်က စစ်ကိုင်းတိုင်း၊့ မှ ဖြစ်ပါတယ်။ အသက်က ၂၄ နှစ်ပါ။ ကျွန်တော်ရဲ့ လက်မှာ လွန်ခဲ့တဲ့

Garcinia Cambogia ပိန်ဆေး

Image
ဆရာ့နာမည်သုံးပြီးရောင်းနေတာတွေ့လို့ပါရှင့် အော့့် တဘူးလို့တော့ ရေးထားတယ်။ တစ်ဘူးထက် မှန်တယ်။ တဗူးက ပိုမှန်တယ်။ Smile! လွန်ခဲ့တဲ့ ၂ နှစ်က ဖေ့စ်ဘွတ်မှာတွေ့ပါတယ်။ Made in U.S.A ပိန်ဆေး GARCINA CAMBOGIA 30000 ks အမေရိကန် နိုင်ငံမှ တရားဝင်ထုတ်လုပ်တင်သွင်းထားခြင်းဖြစ်ပါသည်။ FDA အသိအမှတ်ပြုလက်မှတ် ရရှိပြီးသောဆေးဖြစ်သဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လူကို ဘေးဥပဒ်အန္တရာယ်ဖြစ်စေခြင်းမျိုး လုံးဝမရှိပဲ အသီးအနှံမှ ထုတ်လုပ်ထားသဖြင့် ရေရှည်သုံးစွဲပါက ကျန်းမာရေးနှင့် သွေးတိုး ဆီးချို၊ လေဖြတ်ရောဂါများကိုပါ ကာကွယ်နိုင်စွမ်းရှိပါသည်။ မင်းဂွတ်သီး အမျိုးအနွယ်ဝင် အသီးအနှံမှ ထုတ်လုပ်ထားသောကြောင့် သွေးတွင်း မကောင်းသော အဆီဓာတ်များကို အလျင်အမြန် ကျဆင်းစေပြီး နောက် ခန္ဓာကိုယ် အား ရေရှည်အဆီထပ်မတတ်စေရန် ထိန်းသိမ်း ထားနိုင်စွမ်းရှိပါသည်။့ စသဖြင့်ရေးထားတယ်။ ဒီလိုဆေးမျိုးတွေကို ဗီတာမင်နှင့်ဖြည့်စွက်အာဟာရခေါင်းစဉ်အောက်ကနေရောင်းရင် FDA အသိအမှတ်ပြုချက်မလိုပါ။ အလားတူ အစားအစာတခုကနေ ထုတ်လုပ်တဲ့ဆေးတွေကလည်း ဒီသဘောသာဖြစ်ပါတယ်။ ၁၅-၁၁-၂ဝ၁၃ နေ့ကတင်ထားတဲ့ ဝက်ဘ်ဆိုက်မှာ Garcinia Cambogia Extract Diet Pills

Hluttaw လွှတ်တော်သမိုင်း

Image
နီပေါသတင်းတွေအရ ရေးထားတာလေး ပြန်တင်ပါရစေ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကုန်မှာနေတဲ့ တူမတယောက်၊ နေပြည်တော်က လွှတ်တော်ရှေ့မှာ ဓါတ်ပုံရိုက်ပြီး လွှတ်တော်ရှေ့ဆုံးတန်းမှာ ထိုင်ရသူလိုလိုဆိုပြီး ရယ်စရာရေးတယ်။ အေ့း့ ဆရာက လွှတ်တော်အမတ် တရားဝင်ဖြစ်ပေမယ့် လွှတ်တော်အရိပ်တောင် မခိုဘူးပါ။ သူများတိုင်းပြည်တွေက လွှတ်တော်တွေမှာတော့ ဧည့်သည်တောင်လုပ်ခဲ့ရပါတယ်။ ကမ္ဘောဒီယားလွှတ်တော်၊ သီရိလင်္ကာလွှတ်တော်နဲ့ အင်ဒိုနီးရှားလွှတ်တော်တွေမှာတော့ အိမ်ရှင်အမတ်တွေနဲ့အတူ ရောက်ရဘူးတယ်။ အမေရိကန်ဆီးနိတ်မှာတော့ မြန်မာ့အရေးကြားနာပွဲတက်ရတယ်။ တိဘက်အဝေးရောက် လွှတ်တော်ကိုလည်း အထူးဧည့်သည်အဖြစ် တကူးတကဖိတ်လို့ လေ့လာခဲ့ရတယ်။ မြန်မာပြည်မှာက လွှတ်တော်အမတ်ကို မဲပေးသူတွေကရွေးပေမယ့် ကံဇာတာမပါရင် တက်ခွင့်မရပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ လွှတ်တော်သမိုင်းရေးကြရင် ကျွန်တော်လိုလူပေါင်း ၄၈၅ ယောက်ရှိတာ ထည့်ရေးရပါမယ်။ ၁၅-၁၂-၂၀၀၆ နေ့က နီပေါလွှတ်တော်က ဂယ်လရီမှာထိုင်ရတယ်။ လွှတ်တော်ဥက္ကဋ္ဌကနေ NLD အမတ်ဖြစ်တဲ့ ကျွန်တော် ရောက်ရှိနေကြောင်း ကြေညာပေးတယ်။ သြဘာပေးကြတယ်။ ကျေးဇူး။ ကံဇာတာ ဘယ်လောက်မပါသလဲဆိုရင် အလည်ပြန်စဉ်က နေပြည်တော်ဝင်တဲ့နေ့က လွှတ်တော်နားရက်။ အဝေး

မန္တလေး

Image
ကိုယ့်သမီးလိုနေတဲ့ သူငယ်ချင်းသမီး မန္တလေးကို အလည်ပြန်နေတယ်။ မှာချင်သည် ကျုံးရေ တစည်၊ အာဠဝီ စီလမ်းက ငါ့ခြေရာ ဓါတ်ပုံရိုက်ခဲ့ပါ။ ဘုရားစေတီတွေမှာ မိသားတစုကောင်းမှုစာတွေနဲ့ မိသားတစ်စုကောင်းမှုစာတွေကို ဓါတ်ပုံရိုက်ယူခဲ့ရတာ ဆောရီးပါလို့ ပြောပေးခဲ့ပါ။ ရင်သားကင်ဆာစာထဲမှာ ထည့်ရေးရတဲ့ စန္ဒမုခီ ဘီလူးမ၊ ကျေးဇူးတင်ရပါကြောင်း ပြောခဲ့ပါ။ လမ်းမလမ်းသွယ်တွေပေါ်က စီးချင်သလိုစီးနေကြတဲ့ ဆိုင်ကယ်တွေကိုတော့ ကြောက်ပါတယ်လို့ သွားမပြောနဲ့။ အညာစာတွေ တခါစား တခါသတိရပါလေ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၈

သတ်ပုံ မပြင်ရ

Image
ကျနော်ကတော့ဆရာရဲ့စာဖတ်ပရိတ်သတ်တယောက်ပါ ဆရာရဲ့ဆောင်းပါးတွေကို ကူးယူပြီး တဆင့်ပြန်လည် မျှဝေခွင့်ပြုပါလို့ ခွင့်တောင်းပါတယ် သတ်ပုံ မပြင်ရ။ ပုံတွဲတင်ရင် အများအမြင်မှာ တင့်တယ်သာသာ သုံးရန်။ ဒေါက်တာတင့်ဆွေ ၇ နှစ်သင်လာတာတောင် မစုံပါ ဆရာ ကျွန်တော်အသက် ၂၂နှစ်ပါ စေတနာ့ဝန်ထမ်းတယောက်ပါ ကျွန်တော်ရောဂါနာမည်အင်္ဂလိပ်လိုမသိလို့ ရောဂါပေါင်းစုံကို အင်္ဂလိပ်မြန်မာတင်ပေးပါအုံးဗျ ဆရာကျေးဇူးပြု၍တင်ပေးပါအုံးခင်ဗျာ သိလိုတာ ဘာရောဂါလဲ မသိပါ။ ရောဂါပေါင်းစုံအင်္ဂလိပ်မြန်မာဆရာ ကျွန်တော်တော့ ၇ နှစ်သင်လာတာတောင် မစုံပါ။ ကျွန်တော့်ဘလော့မှာ ပို့စ်ပေါင်း ၁၁,၇၄၄ ခုရှိတယ်။ တဝက်လောက်က ဆေးပညာစာတွေဖြစ်တယ်။ မြန်မာလိုသာ ရေးတယ်။ ရောဂါအမည် ဆေးအမည်တော့ အင်္ဂလိပ်လိုပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၈

တရုပ် သတ်ပုံ

Image
တတိယတန်းကတည်းကသင်ခဲ့ရတာ။ ရုတ်ခိုင်းတဲ့အတန်း မတက်ခဲ့ရပါ။ ဒေါက်တာတင့်ဆွေ မဧစိန်ရေးတဲ့ စာကလေးတစောင် ဒေါက်တာတင့်ဆွေ

နှစ်တရာ

Image
မြို့မန္တလာ နှစ်တရာ (၁၂၂၁ - ၁၃၂၁) မြန်မာစာသတ်ပုံ ပါတော်မူခန်းမရောက်သေးခင်က။ ကြည်အောင်ကဗျာ လမင်းတရာ။ မြန်မာစာသတ်ပုံ ပါတော်မူခန်းမရောက်သေးပါ။ ဒေါ်အမာ နှစ်တရာကို တချို့က နှစ်တစ်ရာတဲ့။ နှစ်တထောင်ကြာပြီဖြစ်တဲ့ မြန်မာစာ ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ တရာ။ ကိုလိုနီခေတ်မှာ တရာ။ ဂျပန့်ခေတ်မှာလည်း တရာ။ လွတ်လပ်ရေးရတော့လည်း တရာ။ အခုတော့ မြန်မာစာ ပါတော်မူသွားရှာပြီကောဗျာ။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၈

စကားပုံများ (က)

Image
ကုသိုလ်တပဲ ငရဲတပိဿာ ကမ္ဘာလဆန်းတရက်နေ့က ကြားရသည့်သတင်း ကျွန်ပေါင်တရာ ကျွဲမှာတခြံ ကျွန်ယုံ တဘက်ကန်း၊ သားသမီးယုံ စုံလုံးကန်း ကြွေတလက်၊ ကြက်တခုန် ကြွက်သေတခု အရင်းပြု ကျားမရဲ တစ်သည်၊ လူမရဲ ဟစ်သည် ကွမ်းတရာညက်၊ ဆေးတဆုံကျွမ်း ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၈

Vitamin C ဗီတာမင် (စီ)

Image
Scurvy စကာဗေ ခေါ် ဗီတာမင်စီချို့တဲ့ရောဂါ သြစတေးလျမှာ မထင်မှတ်ဘဲ ပြန်တွေ့တယ်လို့ လွန်ခဲ့တဲ့ ၄ နာရီ လောက်က သတင်းတက်လာပါတယ်။ ဗီတာမင်စီမရှိရင် လူ့ကိုယ်ကနေ ကိုလာဂျင်ဆိုတာ မလုပ်နိုင်ဘူး။ ကိုလာဂျင်က အရေပြား၊ သွေးကြောတွေ။ အရိုးနဲ့ အရိုးနုတွေမှာ မရှိမဖြစ်ပါ။ သူကနေတွယ်ဆက်ပေးတာဖြစ်တယ်။ ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အသီးအရွက် စိုစိုစိမ်းစိမ်းမစားရတာကြာလို့ ဖြစ်တယ်။ အဲတာကနေ စကာဗီရောဂါကို စသိလာရတာပါ။ ဗီတာမင် (စီ) ဟာ (အက်စကောဗစ် အက်စစ်) ဖြစ်တယ်။ နည်းရင် (စကာဗီ) ရောဂါဖြစ်တယ်။ ဖြစ်ပုံက မအီမသာ ခံစားရတာ၊ မောနေမယ်။ အလုပ်ချင်မကိုင်ချင်ဖြစ်မယ်။ စားချင်စိတ်နည်းမယ်။ အသက်ရှူမဝဖြစ်မယ်။ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေ ထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။ ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ်မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီးအမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ

Melasma တင်းတိပ်

Image
အင်္ဂလိပ်စာလုံးလေးတွေပါတယ်။ ဆောရီး။ မဖတ်လိုသူတွေက ကျော်ဖတ်လို့ ရပါတယ်။ ရောဂါအမည်တွေနဲ့ ဆေးအမည်တွေကို မူရင်းစာလုံးနဲ့သာရေးမှသာ မှန်ကန်မယ်။ ၁။ ဆရာမင်္ဂလာပါရှင့် ဒီဆေးလေးတွေပြကြည့်ချင်ပါတယ်။ မျက်နှာမှာတင်းတိပ်လိုအမည်းစက်တွေပေါ်နေတာရယ် အဖုသေးလေးတွေပေါက်တာရယ်ကြောင့် ဆေးခန်းပြတော့ ဆရာဝန်တဦးညွှန်တာပါရှင့်။ အသက်က ၃၁ထဲမှာ အိမ်ထောင်မရှိသူပါ။ မျက်နှာမှာအမည်းစက်ကပေါ်တာ ငယ်ငယ် ၁၀ကျော်သက်အရွယ်ကပါ။ စပေါ်စနည်းလို့ သတိမထားရာကနေ ခုပွားလာလို့ပါဆရာရှင့်။ မေးစေ့ကနေပါးစပ်နားတဝိုက်စပေါ်လာတာပါ ကျေးဇူးပြုဖြေပေးပါဆရာ။ ၂။ ဆရာရှင့်ကျမ အသက် ၃၅ နှစ်ပါ။ ကျမ လွန်ခဲ့တဲ့ ၈ နှစ်၊ သားဦးကိုယ်ဝန်ဆောင်ထားချိန်မှာ ကျမရဲ့ ပါးနှစ်ဖက်မှာ တင်းတိတ်ထွက်လာတာ ပေါ်လိုက်ပျောက်လိုက်ပါဘဲ။ ကျမကရွှေပြည်နန်းသနပ်ခါး တစ်မျိုးဘဲ အမြဲလိမ်းပါတယ်။ ကျန်တာဘာဆိုဘာမှ မလိမ်းပါဘူး။ တခြားတခုခုကိုလိမ်းမိရင်လည်း အဖုလေးတွေထွက်လာတတ်လို့မလိမ်းပါဘူး။ ယခု လုပ်ငန်းခွင်သွားရတော့ ပါးပေါ်ကတင်းတိတ်တွေက ပိုမဲပြီးပေါ်လာပါတယ်။ ဘယ်လိုပျောက်အောင်လုပ်သင့်ပါသလဲဆရာ။ ၃။ ဆရာ မင်္ဂလာပါရှင့် သမီးအသက် ၄၀ပြည့်တော့ပါမယ်ရှင့်။ မျက်နှာမှာတင်းတိတ်တွေ ထွက်လာပါတယ်ရှင့်။ ဘာဆေးသောက်/လိမ်းရမ

သတ်ပုံမှားဆေးနည်း

Image
Bell’s Palsy ခေါ် မျက်နှာတခြမ်းလေဖြတ်ခြင်းပို့စ်အောက်မှာ ကွန်မင့်ကနေ ကိုယ်ပိုင်ဆေးနည်းပေးတာ ဖတ်ရတယ်။ ကိုယ့်နည်း ကိုယ့်နေရမှာသာရေးပါရန်ပြောရတာ အခါ ၅၀ လောက်တော့ရှိပြီ။ ညီမလေဖြန်းချင်တာပါးရွဲ့ဖူးတယ်သံမရာသီးများများလိမ့်ပေးပါအကိုတုန်းကစပါးကျီးသဲချေအစစ့့် ဆေးနည်းတော့ မသိ။ သုသေနမရှိ။ ဆေးနည်းသတ်ပုံတွေကတော့ အတော်ကိုမှားနေတယ်။ သံပရာသီးလို့သာ ရေးရတယ်။ စပါးကြီးမြွေလို့သာရေးရတယ်။ သတ်ပုံမှားရင် ဆေးနည်းလည်းမှား။ သတ်ပုံမှားရင် တရားလည်း ဓမ္မမဟုတ်။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂ဝ၁၈

မချွတ်စသာ သတ္တဝါတည်း

Image
သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖေါက်လွဲတတ်သည်၊ မချွတ်စသာ - သတ္တဝါတည်း။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ - ငါ့ခန္ဓာတည်း။ တစ်ယောက် မဟုတ်။ သူတစ်ယောက်မှာ မဟုတ်။ တစ်သက်လျာတည့် မဟုတ်။ လူတစ်ကာတို့ မဟုတ်။ ကျွန်တော်လည်း အနန္တသူရိယအမတ်လို သံဝေဂရပါတယ်။ စောစောက အမျိုးသမီးတယောက်က မျက်နှာတခြမ်း လေဖြတ်တာကိုမေးတယ်။ ဒီလိုရောဂါက မြန်မြန်ဆေးပေးရလို့ ခပ်မြမြန်လေး ဖြေဘို့ကြိုးစားတယ်။ စာပို့မယ်လုပ်တော့ နောက်မက်ဆေ့ခ်ျမှာ ဖြစ်တာ တနှစ်လောက်ရှိပါပြီတဲ့။ ရောဂါတွေ တချို့ဖြစ်တယ်။ တချို့ မဖြစ်။ တချို့ဆေးမီတယ်။ တချို့ နောက်ကျတယ်။ ရောဂါတွေသာ မကပါ။ မြန်မာစာနဲ့ သုတတွေမှာလည်း သည်အတို

ကနေ့ မြန်မာစာ အဲတာပဲ

Image
စာအုပ်အကြောင်း တင်တာတခုတွေ့ပါတယ်။ ပြောပြစမ်းချင် အင်္ဂလန်တခွင်။ ကွန်ဂရက်ကျူလေးရှင်း။ စာအုပ်အဖုံးက ပေါ်လစီ ပလီထားတဲ့ သတ်ပုံနဲ့ ရိုက်နှိပ်ထားတယ်။ တင်ပေးသူက သတ်ပုံ အမှန်အတိုင်း ရေးတယ်။ တခြားစာအုပ်ကြော်ငြာသူတွေကတော့ စာအုပ်တွေက အမှန်တွေရေးထားတာကို ပေါ်လစီ ပလီထားတဲ့ သတ်ပုံနဲ့ ရေးကြတယ်။ စာအုပ်ရေးသူတွေကလည်း ပေါ်လစီ ပလီထားတဲ့ သတ်ပုံတွေနဲ့ ရောင်းစားကြတယ်။ ညောင်ကန်အေးဆရာတော်ရေးသားတဲ့စာအုပ်ကတော့ အညာတခွင် တရားဟောထွက်ခဲ့စဉ်က။ အင်္ဂလန်ထွက်တဲ့သူက ဆရာတော်ထက် နယ်ကျယ်ပုံရတယ်။ ပညာတော့ တစ်နေတယ်။ စာတတ်ကတည်းက ဖတ်လာခဲ့တာတွေက ကမ္ဘာတခွင်ပြဲပြဲစင်၊ ဥရောပတခွင်၊ အောက်ပြည်တခွင်ပြဲပြဲစင်၊ ပုဂံတခွင်၊ ကျိုက်ထီးရိုးတခွင်ပြဲပြဲစင်။ တစ်ခွင်လို့တော့ အခုမှသာ တွေ့ဖူးတယ်။ ကနေ့ မြန်မာစာ အဲတာပဲ။ ဒေါက်တာတင့်ဆွေ ၂၈-၁၁-၂၀၁၈ Htet Aung‎ to Book Plaza Collection ကျေးဇူး။