Attache Case ဆရာဝန်ဘဝနဲ့ နိုင်ငံရေးဘဝ

ကွန်မင့်တခု ရတယ်။ တခေတ်တခါကခေတ်စားခဲ့တဲ့ Attache Case နဲ့ဆရာ တဲ့။

ဟုတ်။ ပိုက်ဆံမယူတဲ့လူနာက ကန်တော့တာ။

ကျွန်တော်က ဆရာဝန်လုပ်ပြီးနောက် နိုင်ငံရေးထဲရောက်တယ်။ နိုင်ငံရေးစလုပ်ကတည်းက ဆရာဝန်လုပ်စဉ်က ကျွန်တော့်ဇနီး စုဆောင်းထားတာလေးတွေထဲကနေ သုံးရတယ်။ ပြည်ပထွက်တာ့ ထုခွဲရောင်းချရတယ်။ ကြာတော့ ကုန်ရော။

ဆရာဝန်လုပ်ခဲ့စဉ်က ဘုန်းကြီးနဲ့ သီလရှင်တွေကို ကိုယ်ပိုင်အချိန်မှာဆေးကုပေးရလည်း ပိုက်ဆံမယူပါ။ မယူတော့ ပိုရတယ်လို့ စာလေးတပုဒ်မှာ ရေးထားတယ်။ ဘုန်းကြီးကျောင်းတွေ သီလရှင်တိုက်တွေ သွားတိုင်း စားကောင်း သောက်ဖွယ်တွေက အလျှံပယ်။ အပြန်မှာ ဆပ်ပြာခဲ သွားတိုက်ဆေး မျက်နှာသုတ်ပုဝါ စတာတွေလည်း စွန့်လိုက်သေးတာ။

ခင်မင်ရင်းနှီးသူတွေဆီကနေလည်း ပိုက်ဆံမတောင်းပါ။ ဆရာဝန်အမျိုးတိုင်းဆီကနေလည်း အခကြေးငွေမယူပါ။ အဲတာကတော့ ဆရာဝန်ပဋိညာဉ်အရ။

တခါက တာဝန်ကြီးတခုရှိသူတဦးရဲ့မိသားစုဝင်တယောက်ကို ခွဲစိတ်ပေးတော့ အတာချီကေ့စ် ခေါ် ဘရိကေ့စ် ခေါ် လက်ဆွဲအိတ်လုံး လက်ဆောင်ပေးပါတယ်။ Gift or Bribe ဆရာဝန် လက်ဆောင်ယူခဲ့ခြင်းလို့ ရေးထားတယ်။ အဲတာကို ဂန္ဒီခမ်းမအစည်းအဝေးမှာ ကိုင်ခဲ့တယ်။

ကျွန်တော့်ဆရာဝန်ဘဝနဲ့ နိုင်ငံရေးဘဝ ခွဲမရပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး