Baking Soda Uses & Remedies မုန့်ဖုတ်ဆိုဒါ အသုံးဝင်ပုံများ

ဆရာ မုန့်လုပ်တဲ့နေရာမှာသုံးတဲ့ soda အမှုန့်ကို ထမင်းထဲ ထည့်ချက်ရင် ဆိုကျိုးဘာဖြစ်နိုင်သလဲဆရာ။ ကျွန်တော် ဘဝမယ် တခါမှမကြားဘူးတာ တွေ့နေရလို့ပါဆရာ။

ဆော်ဒါမှုန့်ဆိုတာ သူ့နေရာနဲ့သူသာ သုံးသင့်တယ်။ ထမင်းထဲထည့်မချက်ကြပါ။ အဆန်းထွင်တာတွေတိုင်းကို သတိထားရတယ်။ ဆော်ဒါမှုန့်က အစာအိမ်အက်စစ်ဓါတ်ကို ပျယ်စေတယ်။ ဆော်ဒါထဲမှာ ဆိုဒီယမ်ဓါတ်ပါတယ်။ သွေးတိုးရှိသူ မသင့်။ ဆော်ဒါကို လက်တွေ့အသုံးချနည်းစာတပုဒ် ရေးထားတယ်။

မုန့်ဖုတ်ဆိုဒါကို ဓာတုဗေဒလို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ဖြစ်တယ်။ မုန့်လုပ်ရာမှာသာမက အသုံးကျတာတွေက များလှတယ်။ အစွန်းတွေဖယ်နိုင်တယ်။ သန့်ရှင်းရေးလုပ်နိုင်တယ်။ ထိခိုက်ဒဏ်ရာရတာမှာလည်း သုံးနိုင်တယ်။ ဗိုက်နာတာသုံးတာတော့ အတော်များများသိတယ်။ အက်စစ်ဓါတ်ကို ပျယ်စေလို့ပါ။ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေမှာလည်း သုံးနိုင်ပါသေးတယ်။ မှိုပိုးတွေ၊ ပါရာဆိုက်တွေကိုလည်းနိုင်တယ်။ ဂေါက်ကြောင့် နာတာကိုလည်း သက်သာစေနိုင်တယ်။ ဆီးလမ်းပိုးအတွက်လည်းသုံးတယ်။

1. Natural Deodorant သဘာဝနည်းနဲ့ အနံ့ပျယ်စေတယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရေရောပြီး ခပ်ပြစ်ပြစ် လုပ်သုံးရတယ်။ ချိုင်းနဲ့ ခြေထောက်လိမ်းရတယ်။

2. Face Exfoliator မျက်နှာအရေပြားခြောက်သွေ့နေတာတွေကိုဖယ်ရှင်းပေးနိုင်တယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေတခွက်ရောပြီး မျက်နှာကိုလိမ်းပါ။

3. Hand Softener လက်ကိုလည်းပျော့စေတယ်။ အညစ်အကြေးနဲ့ အနံ့အသက်တွေဖယ်ရှားပေးမယ်။ ရေနွေးနဲ့ ရောသုံးပါ။

4. Feet Soother ခြေဖဝါးနူးညံ့စေတယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရေနွေးနဲ့ရောပါ။ ဗက်တီးရီးယားတွေ မှိုပိုးတွေရှင်းပေးတယ်။

5. Itchy Skin Relief အရေပြားယားတာသက်သာစေမယ်။ နေလောင်တာ၊ အလာဂျီဖြစ်တာ သက်သာစေမယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရေရောပြီး ခပ်ပြစ်ပြစ်လုပ်သုံးရတယ်။

6. Splinter Removal ငြောင့်စူးတာဖယ်လို့ရတယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရေနွေးနဲ့ရောပါ။ တနေ့ ၂ ကြိမ် စိမ်ထားပေးပါ။ နောက်တနည်းက လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံဇွန်းနဲ့ရေရောပြီး စေးပြစ်အောင်လုပ်ပြီး ဖြစ်တဲ့နေရာမှာ အုံထားပြီး အပေါ်က ပတ်တီးစည်းထားပါ။ ၂၄ နာရီနေရင်ခွါကြည့်ပါ။ မရသေးရင် နောက်တရက်ဆက်လုပ်ပါ။

7. Bug Bite Soother အင်းဆက်ကောင်းလေးတွေကိုက်ခံရရင်သက်သာစေမယ်။ စေးပြစ်ပြစ်လုပ်ပြီး တနေ့ ၃ ကြိမ် လိမ်းပါ။

8. Sunburn Relief နေလောင်ခံရတာသက်သာစေမယ်။ သဘောကျတဲ့ ဘော်ဒီလိုးရှင်းမှာထည့်သုံးနိုင်တယ်။ ရေနဲ့လည်းရောလိမ်းနိုင်တယ်။

9. Hair Cleanser ဆံပင်သန့်ရှင်းရေးအတွက် ခေါင်းလျှော်ရည်နဲ့ရောသုံးပါ။

10. Brush and Comb Cleaner ဘီး၊ ဝက်မှင်ဘီတွေကို သန့်ရှင်းပေးနိုင်တယ်။ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေတခွက်။

11. Homemade Toothpaste သွားတိုက်ဆေးအဖြစ်သုံးနိုင်တယ်။ နည်းနည်းလေးသာထည်ပြီး သွားတိုက်ပါ။ များရင်နဲ့ ကြာရင် သွားကြွေလွှာကိုထိလိုက်စေမယ်။ ခံတွင်းနံ့ကောင်းစေတယ်။ Teeth Whitener သွားဖြူစေမယ်။ တပတ်တခါသွားတိုက်ဆေးထဲ နည်းနည်းရောတိုက်ပါ။

12. Heartburn and Indigestion Relief လေနာရှိသူ ရင်ပူတာ ဗိုက်နာတာ ချက်ခြင်းသက်သာစေမယ်။ လက်ဖက်ရည်ဇွန်း ဇွန်းတဝက်နဲ့ ရေ ၂ ခွက်ရောပြီး ထမင်းစားပြီးနောက် ၁ နာရီမှာသောက်ပါ။ အရေးပေါ် လိုရင်ထပ်သောက်ပါ။ တာရှည်အတွက်မဟုတ်ပါ။

13. Exercise Enhancer လေ့ကျင့်ခန်းလုပ်တာကို ပိုလုပ်နိုင်စေတယ်။ လက်တစ်အက်စစ်ကိုသူကစုပ်ယူပေးတယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရေနဲ့ သောက်ပါ။

14. Improve Kidney Function အယ်လ်ကာလီဓါတ်ဖြစ်စေလို့ ကျောက်ကပ်အတွက်ကောင်းတယ်။

15. Reduce Ulcer Pain အနာနာတာသက်သာစေမယ်။

16. Natural Kitchen Scrub မီးဖိုမျက်နှာပြင်တွေကိုတောက်ပစေမယ်။ အနံ့လိုရင် သံပုရာ၊ လီဗင်ဒါထည့်သုံးပါ။

17. Pots and Pans Cleaner အိုးတွေ ခွက်တွေသန့်ရှင်းနိုင်တယ်။ ဆိုဒါရေထဲ ၁၅-၂ဝ မိနစ်စိမ်ထားပါ။

18. Carpet Cleaner ကော်ဇောကိုသန့်ရှင်းပေးနိုင်တယ်။ ဆိုဒါရေထဲ ၁၅-၂ဝ မိနစ်စိမ်ထားပါ။

19. Gentle Baby Clothes Cleanser ကလေးအဝတ်အစားတွေ သန့်ပေးနိုင်တယ်။ ဖြန်းစရာဗူး-ပုလင်းထဲထည့်သုံးပါ။ အဝတ်လျှော်စက်ထဲ တခွက်ထည့်ပါ။

20. Fruit and Veggie Scrub သစ်သီး ဟင်းသီးဟင်းရွက်တွေကို ဆေးနိုင်တယ်။ ဗက်တီးရီးယားတွေသေစေမယ်။

21. Silverware Cleaner ငွေထည်ပစ္စည်းတွေဆေးနိုင်တယ်။ ဆိုဒါရေထဲ ၁၅-၂ဝ မိနစ်စိမ်ထားပါ။

22. Microwave Cleaner မိုက်ခရိုဝေ့ဖ်သန့်ရှင်းပေးနိုင်တယ်။

23. Drain Cleaner ရေဆင်းပိုက်လိုင်း သန့်ရှင်းပေးနိုင်တယ်။ Apple cider vinegar ပန်းသီးဗနီဂါကို ၁၅ မိနစ်ကြာ လောင်းထားပြီး ရေနွေးလောင်ပါ။

24. Dish-Washer Helper ပန်းကန်ဆေးစက်သန့်ရှင်းပေးမယ်။

25. Fire Extinguisher မီးသတ်ဆေးအဖြစ်မီးဖိုမှာ မတော်တဆမီးထတောက်တာကို ငြိမ်းသတ်ပေးမယ်။

26. Shoe Deodorizer ဖိနပ်အနံ့သက်သာစေမယ်။

27. Coffee and Tea Pot Cleaner ကော်ဖီဖျော်စက်သန့်ပေးမယ်။ ဆိုဒါ တခွက်ရဲ့ ၄ ပုံ ၁ ပုံ + ရေ တကွာတ ရောသုံးပါ။

28. Shower-Curtain Cleaner ရေချိုးခန်းလိုက်ကာသန့်ရှင်းပေးမယ်။

29. Closet Freshener အဝတ်ဘီရိုအနံ့ကောင်းစေမယ်။

30. Wash Your Car ကားဆေးနိုင်တယ်။ အမဲဆီတွေဖယ်ရှားပေးမယ်။

ဒေါက်တာတင့်ဆွေ
၁-၆-၂ဝ၁၆
၁၃-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး