Banana Peel ဖေ့စ်ဘွတ်ကို အပြေးအလွှားဖတ်ကြည့်ခြင်း

မပေါ့တဲ့ ငေါ့လုံး၊ မမေ့စေတဲ့ ထေ့လုံး၊
အဝေးကပေါက်တဲ့ လောက်စာလုံး၊
ဒူးပေါင် ပေါ်စေအောင် ချထားတဲ့ ဂေါ်လီလုံး။

ဖင်ထိုင်လျက် လဲစေချင်တဲ့ ငှက်ပျောခွံ၊
အချွန်နဲ့တော့ မ,ချင်၊ မြင်ရတာက ကျည်ပွေ့၊
တွေ့တုန်းလောင်းထားမှ ဆွမ်းတော်ကျ၊
ယိုမဲ့အပေါက်က ဘယ်ဆီမှန်းမသိတဲ့ ဆီ။

ဖတ်နေရပါသည် ဖေ့စ်ဘွတ်မှာ
စေတနာ၊ ပညာ၊ ဆုံးမစာ၊ တရားစာ၊ ကလော်စာ၊ ဆော်စာ၊
တော်လိုက်ကြတာ။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၆
၁-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး