အော်ဂဲနစ် မုံ့ဟင်းခါး

လူတွေစားတဲ့ အသားတွေထဲပါဆေးများပို့စ်အောက်မှာ ကွန်မင့်တခုရတယ်။ ရှားနေပါပြီ၊ ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်တာ မလုပ်နိုင်တော့ ဝယ်စားနေရသမျှ organic ဟုတ်မဟုတ်လဲ မသိနိုင်ပါဘူး တဲ့။

ဟုတ်မယ်။ မြန်မာပြည်မှာသာမကပါ တခြားနိုင်ငံတွေမှာလည်း အော်ဂဲနစ်လို့ခေါ်တာတွေ မနည်းလိုက်ရှာမှသာရတယ်။

ကနေ့ အိမ်မှာ မုံ့ဟင်းခါးချက်တယ်။ ဟင်းချိုမှုန့်မသုံး။ ငန်ပြာရည်မထည့်။ ဆောဒါနဲ့ကြော်တဲ့ အကြော်လည်းမပါ။

အရည်နည်းနည်းကျဲသွားသတဲ့။ သမီးချက်ရင်လည်း အဲလို ခပ်ကျဲကျဲမှ။ စားရသူကတော့ ဆိုင်ပြောင်းစားရသလို။

ကျွန်တော်က ထမင်းဟင်း မချက်တတ်ပါ။ အစားအသောက်တွေသာမက ဘယ်အရာမဆို အော်ဂဲနစ်စေချင်တယ်။ နောက်ပေါ်တွေ စိတ်မချရ။ မွန်းဂါးတို့ မွတ်ငါးတို့ ပျောက်ကုန်ပြီ။ နောက်ပြင်တွေက စိတ်မချရပါ။ လှိုင်ပေါလည်အောင် များနေတာက အော်ဂဲနစ်မဟုတ်တော့တဲ့ မြန်မာစာ။ တဆိုရင် တစ်တဲ့။ အသားမှုန့်ထည့်ရေးကြတယ်။ မုံ့ကိုလည်း မုန့်တဲ့။ ဆော်ဒါထည့် ရေးကြတယ်။ သမတကိုလည်း သမ္မတတဲ့။ ဒါမှ ၂၀၀၈ နဲ့ညီတယ်တဲ့။ အော်ဂဲနစ်မဟုတ်ရင် လျှာမတွေ့ကြတော့သူတွေက များလွန်းလှတယ်။

Organic Food အော်ဂဲနစ် https://doctortintswe.blogspot.com/2018/11/organic-food.html
Organic Food (အော်ဂဲနစ်) https://doctortintswe.blogspot.com/2015/10/organic-food.html

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး