လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်က ကျွန်တော့်မိသားစု

မြို့သာတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန် တာဝန်ထမ်းစဉ်က။ သားသမီး (၅) ယောက်နဲ့ လေးငါးဆယ်ပတ်ရစ် ဂျစ်ကားလေးတစီး။ ကားနံပတ်က ဂ/၂ဝ၆၅။ လစာ ၄၅ဝိ/ စကေး၊ တနှစ် ၂၅ိ/ တိုး၊ ၇၅ဝိ/ ဂိတ်ဆုံး။

အခုတော့ သားသမီးက (၃) ယောက်ကျန်၊ မြေးက (၇) ယောက်၊ မြစ် (၁) ယောက်ရှိ။ အလုပ်ကတော့ ကိုယ့်ဖါသာခန့်တဲ့ ဖေ့စ်ဘွတ်ဆရာဝန်။ ဂိတ်ဆုံးတာတော့ ကြာပြီ။

မှတ်တမ်းလေး ရေးထားသေးတယ်။ ယူအက်စ်အေမှာ ကျွန်တော်အိမ်ဝယ်ထားတယ်ဆိုပြီး နယူးဒေလီက အမေရိကန်သံရုံးကို တိုင်တဲ့အကြောင်း။ အဲတာသာမကပါ။ အိမ်တွေ ၃-၄ လုံးဝယ်ထားတယ်ဆိုပြီး ပါတီဥက္ကဌ အဖြစ်ကလည်း ထုတ်တယ်လို့ပါ စာထုတ်တယ်။

အခုလည်း ကျွန်တော့်မှာ မြို့သာတုန်းကလိုပဲ အိမ်ခန်းငှားနေရတာ။ ကားလည်း မရှိပါ။ အဲတာ ပြည်ပနိုင်ငံရေးထဲက အုတ်ခဲချပ်သာ။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး