တရွာ တမုံ့ဆန်း

မနှစ်က အိမ်မှာကြော်တယ်။ ကောက်ညှင်းနဲ့ရောကြော်တဲ့ပဲကို ညောင်ကန်သူက ပဲလက်ကောက်လို့ ခေါ်ပါသတဲ့။ ကျွန်တော်တို့အရပ်မှာက နတ်တော်ပဲလို့သာ ခေါ်တယ်။ အိန္ဒိယမှာ Lobia pea လို့ခေါ်တယ်။ စာထဲမှာ Cowpea နဲ့ Black-eye pea လို့လည်း ခေါ်ပါသတဲ့။ မင်းရွာသားကျွန်တော်က နတ်တော်ပဲကို ကြိုက်တယ်။

မနှစ်ကတင်တော့ ကွန်မင့်တွေလာတယ်။

၁။ ပဲကဒိုးအဖြူလို့ ခေါ်တယ်

၂။ မုန့်လက်ကောက်ပါ ဆရာ

၃။ ပဲလွမ်း ဒါမှမဟုတ် အခြား ပဲတမျိုးမျိုးနဲ့ ကြော်ထားသောမုန့်။ ယခု ခေါ် မန္တလေး ပဲကပ်ကြော်။ မုန့်လက်ကောက်က လက်ကောက်ပုံစံ အကွင်းအဝိုင်းလေးပါ

၎။ မုံ့ကတိုးကွာလို့ ခေါ်တဲ့ အကြော်

၅။ ပဲလွန်းလား ပဲလွမ်းလားတခုခုပါ အမျိုးရေများတယ် ပဲနကန်တဲ့။ ဆရာပြောတာက နတ်တော်ပြာပဲပါ။

၆။ ကျနော်တို့ ခင်ဦးနယ်မှာတော့ ပဲပြုပ်ကြော်လို့ခေါ်ကြတယ်။

၇။ ကတိုးဝါကျော်

၈။ ပဲမဲကြော် နတ်တော်ပဲ အမေအဖေတို့လဲအကြိုက်ဆုံးပါ

၉။ ကျွန်မတို့ နယ်မှာတော့ မုန့်လက်ကောက်ကြော်ပါ ဆရာ

တရပ်တမျိုးခေါ်ကြလို့ တရွာ တပုဒ်ဆန်း၊ တရွာ တပုံဆန်း၊ တရွာ တမုံ့ဆန်း။

နတ်တော် ပြာသို ခွာညိုတည့် နှင်းမှုန်မှုန်။ အခုနေတဲ့အရပ်မှာ ခွာညိုပန်းရှားတယ်။ မနှစ်က နှင်းမှုန်နေတယ်။ ဒီနေ့ နှင်းမကျပဲ အတော်အေးတယ်။ အပူချိန် ၂၄ ဒီဂရီ ဖာရင်ဟိုက်။ သန်ကောင်ဆိုရင် ၂၂ တဲ့။ ၃၂ က ရေခဲအမှတ်။ အဖိတ်လပြည့်နေ့လကို ကောင်းကောင်းမြင်ရတယ်။

အခုစာပြန်တင်နေချိန်မှာတော့ မန္တလေးထိုးမုံ့ စားနေတယ်။

ဒေါက်တာတင့်ဆွေ
၁၀-၁၂-၂ဝ၁၂
၁၀-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး