ခွဲစိပ် နှင့် ခွဲစိတ်

ခင်မင်ရင်းနှီးတဲ့ဆရာဝန်တယောက်တင်ထားတာတွေ့လို့ ရေးထားတာကို ပြန်တင်ပါရစေ။

၁။ ခွဲစိပ်လားခွဲစိတ်လား။ ခွဲတဲ့စိတ်လား၊ ခွဲခြမ်းစိပ်ဖြာကလာသလားလို့။ ခွဲစိပ်ကုပညာဋ္ဌာနလို့သိခဲ့ပါတယ်။ ခေတ်သတ်ပုံလား။ (သူကလည်း သူငယ်ချင်းဆရာဝန်)

၂။ ဆရာ့ comment ကိုတွေ့ လို့  Surgeon ဦးသိန်းဟန်၎ ကို မေးကြည့်ပါတယ်။ မှားရင်လဲပြင်နိုင်အောင်လို့ ပါ။ ဆရာ၎ ကတော့ ခွဲစိတ်ကို တသတ်နဲ့ စိတ်တယ်လို့ပြောပါတယ်ဆရာ။

၃။ ခွဲစိတ်က သတ်ပုံအမှန်ပါ။ 1st MB မြန်မာစာမှာ သင်ကြားမှတ်သား ဖူးတာပါ ခင်ဗျ။

၎။ ဆရာခင်ဗျာ ဆေးရုံအများစုမှာ ခွဲစိတ်ခန်း လို့ရေးထားကြပါတယ်။ စိပ် နှင့် စိတ် ဘယ်စာလုံးမှန်ပါသလဲခင်ဗျာ။

၅။ ဆရာခင်ဗျာ ဆေးရုံတွေမှာ ခွဲစိတ်ခန်း၊ ခွဲစိတ်ဆရာဝန်ကြီး။ ခွဲစိတ်အထူးကု စသည်ဖြင့် တွေ့ရပါတယ်။ ကျွန်တော့်အထင်တော့ စိတ်ဆိုတာ စိတ်ဓာတ်၊ စိတ်စေတသိတ်၊ စိတ်ရောဂါ၊ စိတ်ကူးယဉ် စသည်ဖြင့် ဖြစ်မယ် ထင်ပါတယ်။ စိပ်ဆိုတာ ပုတီးစိပ်။ ဝါးခြမ်းစိပ်၊ ခွဲခြမ်းစိပ်ဖြာ။ အစိပ်စိပ်အမွှာမွှာ။ တခုခုကို စိပ်မွှာရင် စိပ်ကို သုံးတယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ခွဲစိပ်ခန်း၊ ခွဲစိပ်ဆရာဝန်။ ခွဲစိပ်အထူးကုရေးမှ မှန်တယ် ထင်ပါတယ်။

တွေ့သမျှသတ်ပုံစာအုပ်တွေမှာ ခွဲစိတ်လို့ရေးထားတယ်။ ကျွန်တော်ကတော့ ခွဲစိပ်ခန်းထဲမှာ ခွဲစိပ်ဓါးနဲ့ရော ခွဲစိတ်ဒါးနဲ့ပါ ခွဲခဲ့တယ်။

စိပ်
ကွန်စိပ်ချ၍ ငါးဖမ်းသည်
စပါး ခပ်စိပ်စိပ်ကြဲပါ
စိပ်စိပ် = စေ့စပ်သေချာစွာ
စိပ်စိပ်စေ့စေ့
စိပ်ပုတီး
ပိုက်စိပ်တိုက်
ပိုက်စိပ်တိုက်
ပုတီးစိပ်ပါ
မစိပ်မကျဲ
မန္တာန်စိပ်
အကွက်စိပ်သည်
အရွက်စိပ်စိပ်
အရွက်စိပ်စိပ်

စိတ်
ကွက်စိတ်ဆရာ
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ခန်း
ခွဲစိတ်အထူးကုဆရာဝန်
စိတ္တဇ
စိတ်ကိုချုပ်ထားပါ
စိတ်ကူးစိတ်သန်း
စိတ်စုံဖျား = တောတည်းဟူသောစိတ်အတွင်း (ပျို့)
စိတ်ဆတ်သူ
စိတ်တိုင်းကျ သုံးဆောင်ပါ
စိတ်ဓါတ်မကျပါနှင့်
စိတ်ပျံ့လောင်လင် = စိတ်ပျံ့၍ ဂယောက်ဂယက်ဖြစ်သည်
စိတ်မကျေပွဲ
စိတ်မနှံ့သူ
စိတ်ပြား = လိမ်မာမြော်မြင်သည်
စိတ်ဖြာ = ဝေဘန်ခွဲခြမ်းသည်
စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်
စိတ်ဝမ်းနှလုံး ကောင်းပါစေ
စိတ်သန္တာန်
စိတ်ဥာဉ်ထွေ = စိတ်ဥာဏ်၌ အထွေထွေရှိသည် (ပျို့) (အခုဉာဏ်လို့ရေးကြပေမဲ့ အရင်ကဥာဏ်လို့လည်းရေးပါတယ်။)
စိတ်ရောကိုယ်ပါ
စိတြနက္ခတ်
ဆံချည်ဆယ်စိတ်
ဆန်တစိတ်
ပါစိတ်အာပတ်
မိုးတစိတ်စိတ် (မိုးတစိမ့်စိမ့်)
မစ္ဆေရစိတ်
ရှုစိတ်သည် (ရှုစိမ့်သည်)
အသေးစိတ်
ငွေအစိတ်
လေးစိတ် တတင်း
နှစ်စိတ် တခွဲ

ခွဲစိတ်ခန်းက ဆရာမ https://www.youtube.com/watch?v=ohRnz8xmG9Q

ယုဒသန်အဘိဓာန်မှာ ဆာဂျင်ကို ဘာသာပြန်ထားတယ်။ ထားနှင့် လှီးဖြတ်ခြင်း၊ ဆေးလူးအုံခြင်းနှင့်ကုသော ဆေးသမား။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး