ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

ဒေလီကနေ ဂဝါဟာတီကို ရထားနဲ့ ၂ ညအိပ် ၂ ရက်စီး၊ နောက် အိုက်ဇောလ်ကို ကားနဲ့ သွားရတယ်။ အဲဒီလမ်းမှာ ကားနားပြီး၊ မီဇိုနေ့လယ်စာ (ဝက်သားနဲ့ မုန်ညင်းရွက်ပြုတ် + မီဇိုငရုပ်သီးထောင်း) စားဘို့ စောင့်နေစဉ်က။ ခုနှစ်ကို မမှတ်မိတော့ပါ။ အဲလိုအခေါက်ပေါင်း မရေမတွက်နိုင်အောင်သွားလာခဲ့ရတယ်။

၉-၂-၂ဝဝ၈ ထိုင်း-မြန်မာနယ်စပ် နောက်ဆုံးရောက်ခဲ့တဲ့ခရီး၊ အစည်းအဝေးနားချိန်၊ နောက်ကျောဖက်မှာက မြန်မာပြည်။ ထိုင်းနယ်စပ်ကိုလည်း အခေါက်ပေါင်း မရေမတွက်သွားခဲ့ရတယ်။

နှစ်တွေကြာတော့ ဝလာတယ်။ နိုင်ငံရေးလုပ်လို့ စားတာဝါးတာလို့ ပြောခံရတယ်။

ခပ်ကြွားကြွားပို့စ်တွေ ထင်တာ မနည်းလှပါ။ ဆောရီး။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံရေးရဲ့ ဗဟိုအချက်အချာ နေရာတခုဖြစ်တဲ့ ကက်ပီတော်ဟေးလ်ရှေ့မှာ ရိုက်ထားတဲ့ပုံလည်းပါတယ်။

နောက်ကြွားစရာတခုကတော့ ၁၉၉၃ ခုနှစ်တုန်းက ဗုဒ္ဓဂါယာ မြန်မာဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ဆံသခဲ့ပါတယ်။ ဖိနပ်လည်း နှစ်ရံပိုင်တယ်။ ကန်တော့။ Smile!

ဒေါက်တာတင့်ဆွေ

ကျွန်တော် ကမ္ဘောဒီးယားနိုင်ငံကို ၁၉၉၈ ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူအဖြစ် ပဌမဆုံးရောက်ခဲ့တယ်။ ကမ်ပေါင်ချနန်ခေါ် တောနယ်အထိ သွားရတယ်။

မဲခေါင်မြစ်ကြီး စီးနေတယ်။ ရေထဲမှာ လှေတွေ၊ မော်တော်တွေ စုန်ဆန်နေကြတယ်။ ကမ်းပေါ်မှာ ပြောင်းဖူးတွေ၊ ငါးတွေ ရောင်းနေကြတယ်။ ဘုန်းကြီးတွေ ဆွမ်းခံနေကြတယ်။ ကိုယ့်တိုင်းပြည် ရောက်နေတဲ့အတိုင်းပဲ။

ပုံထဲကကျွန်တော် အနှစ် ၂ဝ ပိုအိုသွားပါပြီ။

ဒေါက်တာတင့်ဆွေ

ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

ကျွန်တော် မြန်မာပြည်မှာနေစဉ်က ကရင်ပြည်နယ်ကို မရောက်ဖူးပါ။ နိုင်ငံရေးကြောင့် ပြည်ပရောက်ရတယ်။

၁၉၉၃ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်ကို အကြိမ်ပေါင်းများစွာ သွားလာခဲ့ရတယ်။ ၁၉၉၅ ခုနှစ်အထိ ထိုင်းနယ်စပ်သွားတိုင်း မာနယ်ပလောကို ရောက်ပါတယ်။ မာနယ်ပလောမကျခင်အထိ ၃ ကြိမ်။ သောင်ရင်းမြစ်ထဲ စက်လှေနဲ့သွားရတယ်။

ပုံထဲကကျွန်တော်ဟာ ၂၅ နှစ် ပိုအိုသွားပါပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး