ကဗျာ့မဉ္ဇရီ

ဓနကြေးငွေ ဥစ္စာတွေကို စုံမက်၍ အဘိုးကြီးသောဘာသာ သဘောမထား အရှက်ကို ကျောပေး၍ တခေတ္တ တခဏမျှ ချမ်းသာမှုကို တပ်မက်ကြသော မိန်းမများအကြောင်းနှင့် စပ်လျဉ်း၍ ရေးသားအပ်သော လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားတဲ့ တေးထပ်

ကုမ္မာရီ ရွယ်တမေ့တွေက၊ မဖွယ်ပေ့ကြံစည်၊ ငယ်ကလေ့ ဟန်ပလီတယ်၊ ဉာဏ်နီတော်ရွေ့။   ။ ဆံဆွလို့သွားကြွေစေ၊ သားအရေ ရှုံ့တွပေစေ။   ။ ငွေရှိတဲ့ သက်ကြားအိုကို၊ မျက်ထားချိုမြှူထေ့၊ ရှက်အားဆို မြူမငွေ့ပြီဘု၊ လူတတွေ့ဆိုဆို။   ။ သေမင်းကို ယူခါနီးပေမဲ့၊ ဘူတာကြီး မက်ကြသကို။   ။ ရွှေစိန်များ မောက်မိုလျှင်၊ မျောက်အိုလို ဘိုးအေကြီးတောင်မှ၊ ချစ်ဇနီး ဖြစ်ဘို့ကြည်ဖြူ၊ ချစ်လို့ရည်တူ။   ။ သက်ကြားကြီး သေတော်မူလျှင်၊ ဖြေဖျော်သူ ရှာကိန်းထင့်လေး။

ခုခေတ်မှာ လူတွေအမူအကျင့်ကတော့မပြင်၊ သတ်ပုံသာပြင်ကြတယ်။ တစ်ခေတ္တ၊ တစ်ခဏ၊ ရွယ်တစ်မေ့၊ လူတစ်တွေ့လို့ ရေးသူတွေကို ပဏ္ဍိတစ်လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂၀၁၈
Zaw Min-Oo ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး