မော်စကိုကလာတဲ့စာ

နောက်ထပ် ပို့ချင်တာလေးက ဒီနေ့ဖတ်ရတဲ့ လူထုဒေါ်အမာအကြောင်းထဲကပါ လက်ရေးမူမှာ အဖော်တဦး
ဂျာနယ်မှာ ပြန်ရေးတာက အဖော်တစ်ဦး တွေ့လို့ပါ။

ဟုတ်ပါ့။ ကျေးဇူး။

ကမ္ဘာမှာ မြန်မာပြည်က ကွန်ပြူတာသမားတွေထက် တော်သူ မရှိ။ စာရိုက်ရင်း အယ်ဒီတာအလုပ်ပါ တပြိုင်တည်း လုပ်နိုင်စွမ်းရှိကြတယ်။ ဒေါ်အမာ မော်စကိုကနေရေးတဲ့စာထဲက တဦးကို တစ်ဦးလို့ ပြင်ပေးတယ်။

အယ်ဒီတာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ စာဖတ်သူတွေအားလုံးက ဒေါ်အမာကို တော်လိုက်တာလို့ ချီးမွမ်းကြတယ်။ ဘယ်ဟုတ်မလဲ သူတို့ကသာ ဒေါ်အမာထက် မြန်မာစာပိုတော်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး