ဒါး ဓား ထား


ထားနှင့် လှီးဖြတ်ခြင်း ဆိုတာ မသိပါဆရာ

ကျွန်တော်တင်ထားကို ဖတ်ပြီး မေးတာပါ။ ယုဒသန်အဘိဓာန်မှာ ဆာဂျင်ကို ဘာသာပြန်ထားတယ်။ ထားနှင့် လှီးဖြတ်ခြင်း၊ ဆေးလူးအုံခြင်းနှင့်ကုသော ဆေးသမား။

ရေးရဦးမယ်။ ကျွန်တော် မြန်မာပြည်နဲ့ နယူးဒေလီက ခွဲစိတ်ခန်းတွေမှာ ခွဲစိပ်ဒါးနဲ့ ခွဲခဲ့ပါတယ်။ ခွဲစိပ်နဲ့ ခွဲစိတ် ရေးပြီးပြီ။ ဒါးလို့ရေးတာ မှားတယ်လို့ လာလာပြောကြတယ်။

ဒါး နဲ့ ဓါး သာမက ထားလို့လည်းရေးကြောင်း သက်သေခံပစ္စည်း နှစ်ခုတင်ပြပါမယ်။ တခုက ကဝိဓဇသတ်ပုံကျမ်း၊ တခုက ယုဒသန်အဘိဓာန်။ အင်္ဂလိပ်စာလိုပဲ မြန်မာစာသတ်ပုံမှာ မူကွဲတွေရှိတယ်။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး