ဆောင်းတွင်းဟေမန် အစတည်း

ဗာရာဏသီ ခေါ်ညီတွင်ထ၊ ပြည်မအချာ၊ မိဂဒါဝယ်။ ဓမ္မာရစက်၊ ဟောနှုတ်ပွက်က၊ ဘဝဂ်ကျော်သည်း၊ မြေကြီးကြည်းမျှ၊ ကောဏ္ဍည်းအစ၊ ဘဒ္ဒိယနှင့်၊ ဝပ္ပမကျန်၊ မဟာနာမ်က၊ တသွန်ကျွတ်ဘိ၊ အဿဇိတို့၊ ကြားသိကျေးဇူး၊ မြိုက်ရည်ဖြူးလျက်၊ လက်ဦးဆိုဝါ၊ ယင်းတွင်ကြာမှ၊ အခါထိန်းမှတ်၊ သံတူကျွတ်သော်၊ မြင်တတ်စက္ခု၊ သဗ္ဗညုကား၊ ဥရုဝေလ၊ တောသို့ကြွ၍့၊ ကဿပမည်၊ ရသေ့ထေရ်ကို၊ ပြိုင်တည်မှားကြံ၊ ဂယာယံဝယ်၊ အရံတထောင်၊ ခြွေရွေဆောင်သား၊ ညီနောင်သုံးပါး၊ တပည့်များကို၊ တရားမြုတေ၊ ရကုန်စေမှ၊ ရင့်ထွေသမ္ဘာ၊ နောက်တော်ပါလျက်၊ ရှေးခါတွေ့ဘူး၊ တောထွက်ဦးနှိုက်၊
ညွတ်နှုးကြည်စွာ၊ ဗိမ္ဗိသာ၏့၊ ပတ္တနာလျဉ်၊ အဘိညာဉ်ကြောင့်၊ အစဉ်ခရီး၊ တောရပ်မှီး၍့၊ ပြည်ကြီးနဂိုရ်၊ ရာဇဂြိုဟ်သို့၊ ပုဂ္ဂိုလ်မျာ့းမင်း၊ ကြွလေလျှင်းသည်။   ။ ဆောင်းတွင်းဟေမန် အစတည်း။

(သံတူလဟူသည်ကား သီတင်းကျွတ်လတည်း)

ရှင်အုန်းညိုရေးသားထားခဲ့တဲ့ ဂါထာခြောက်ဆယ်ပျို့

တစ်သွန်ကျွတ်ဘိ မဟုတ်။ အရံတစ်ထောင် မဟုတ်။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

တသိုက်တသိုက်

တသိုက်တသိုက်၊ ပမာဆိုက်၍့၊ ဦးနှိုက်ကြာပွင့်၊ ရှိပန်ဆင့်လျက်၊ လျှောက်တင့်အောင်အောင်၊ ထုံးပုံဆောင်အံ့၊့

တစ်သိုက်တစ်သိုက်လို့မရေးတဲ့ ပေလေးပင်ရှင်လေးပါထဲက ရှင်အုန်းညို သတ်ပုံမှားသလော။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး