ကျုံး နှင့် ကြုံး

၁။ အတိုင်ပင်ခံရဲ့စာမှာ ယူကြုံးမရတဲ့။ ယူကျုံးမရကအမှန်လား ခွဲမရပါဆရာ။

ယူကျုံးမရက မှန်တယ်။

၂။ ယူကျိုးမရကို ဘယ်လိုရေးရမလဲဆရာ။ အားလတ်ရင်ဖြေပေးပါဗျာ။ နှစ်သစ်မှာကျန်းမာပါစေဆရာ။

ယူကျိုးမရ မဟုတ်ပါ။ အားလတ် မဟုတ်ပါ။ အားလပ်လို့ ရေးရပါမယ်။

၃။ ဆရာရှင့် ကျုံး နဲ့ ကြုံးရဲ့ ကွာခြားချက်ကို သိချင်ပါတယ်ရှင့်။ သမီးက ကျောင်းဆရာမဆိုတော့ ကလေးတွေကို မှန်တာပဲ သင်ပေးချင်ပါတယ်ရှင့်။ ကန်တော့ပါဆရာ။ ဟိုတစ်နေ့က သမီး စာသင်ခန်းထဲမှာ အီးကျုံး ရတယ်လို့ ရေးမိပါတယ်။ နောက်မှ ကျုံးလား ကြုံးလား သေချာမသိတာနဲ့ ဆရာ့ကို မေးမြန်းဆည်းပူးမိတာပါဆရာ။

ဆရာမခင်ဗျား ကျောင်းမှာတော့ ဟိုတစ်နေ့ကလို့ရေးပါ။ ကျွန်တော့်ပို့စ်မှာတော့ ဟိုတနေ့က။

ကျုံး
ကျုံး၍ယူ
ကျုံးကြီးလမ်း
ကျုံးသုံးတန်
စပါးကျုံးသည်
ဆင်ကျုံးသွင်းသည်
ဆန်ကျုံးသည်
ညွန်ကျုံး
မန္တလေးကျုံး
ယူကျုံးမရ အပူလုံးခလျက်
အကျုံးဝင်သည်
ချောက်ကျုံး
ရေကျုံး

ကြုံး
ကြုံးဝါးသည်
ကြုံးပသည် (သံပဟုံးစုံး ဘက်မဲ့ကြုံး)

ဆင်ကျုံးခံတပ်ကို ကနောင်မင်းသား၊ ကင်းဝန်မင်းကြီးနဲ့ ယောမင်းကြီးဦးဘိုးလှိုင်တို့က ဦးစီးပြီး တည်ဆောက်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်က ဒီခေါင်းဆောင်တွေဟာ တိုင်းပြည်တိုးတက်ခေတ်မီရေးမှာ ထိပ်ဆုံးက ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၁၂-၂ဝ၁၈
၇-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး