မေးနည်း ဝိသေသ

ကွန်မင့်တခုရတယ်။ ဆရာကျန်းမာရေးအကြောင်းလေးဆွေးနွေးလို့ရလားခင်ဗျ တဲ့။ မေးနည်းနေရာ မသိသူဖြစ်ပါတယ်။

ဒီစာမှာရေးလိုတာက မေးနည်းစည်းကမ်း မဟုတ်ပါ။ ဆွေးနွေးဆိုတာပါ။

ကျွန်တော်က မက်ဆင်ဂျာ၊ ချတ်နဲ့ အီးမေးလ်တွေကနေ ကျန်းမာရေး၊ နိုင်ငံရေး၊ သုတတွေကို ဆွေးနွေးတာမျိုး မလုပ်ပါ။ တခွန်းမေးလိုက် တခွန်းဖြေလိုက်လည်း လုပ်ချိန်မရှိပါ။

ဆွေးနွေးတယ်ဆိုတာက အပြန်အလှန် သူ့အမြင် ကိုယ်အမြင်တွေ ဖလှယ်ကြတာဖြစ်တယ်။ တနည်းအားဖြင့် ဆရာဝန်အချင်ချင်း၊ လူနာအချင်းချင်းသာ လုပ်ရတာဖြစ်ပါတယ်။

ဒီဘိတ် ဆိုတာကတော့ အမြင်မတူလောက်သူတွေကို ဖိတ်ပြီး ပြောစေတာဖြစ်တယ်။ အင်တာဗျူးက တမျိုး။

အခုကွန်မင့်က နမူနာသာဖြစ်ပါတယ်။ အဲလိုရေးလာသူ မနည်းလှပါ။ တချို့က အလင်းပြပါ၊ လမ်းပြပါလို့ မှားရေးကြတယ်။ အဲလိုပြောရတာမျိုးက ဗိန္ဓောဆရာ၊ မျက်လှည့်ဆရာ၊ ပျောက်စေဆရာတွေကိုသာ သုံးပါတယ်။

ဆရာဝန်ကိုမေးရင် ရိုးရိုးလေးသာသင့်တယ်။ သိချင်ပါတယ်။ ပျောက်အောင်ဘယ်လိုလုပ်ရမလဲ။

စိုးရိမ်ရလားလို့သာ မေးတာလည်း မသင့်ပါ။ စိုးရိမ်မှုဆိုတာ လူတွေက မတူကြပါ။ တချို့က ကြံဖန်ပြီးကြောက်တယ်။ တချို့က တကယ်ဆိုးတာကို အလေးမထားတတ်ကြပါ။ စိုးရိမ်ရတယ် မစိုးရိမ်ရပါပြောတာနဲ့ ရောဂါ မပျောက်ပါ။ ရောဂါအကြောင်း မသိနိုင်ပါ။

ကျွန်တော်က ရောဂါအကြောင်းသာ ပြောပြချင်တာ။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး