အလေးပြု

သတ်ပုံစာတခုအောက်မှာ ကွန်မင့်တွေရတယ်။ ကျေးဇူး။

၁။ ဆယ်ကျော်သက်လူငယ်လေးတွေ Social media မှာ အပျော်ရေးသားကြရင်းနဲ့ မြန်မာစာသတ်ပုံစပြီး ပျက်စီးသွားတယ်လို့ ထင်ပါတယ်ဆရာခင်ဗျ ဒါပေမဲ့ အဲ့ဒီအမှားတွေကို တချို့ လူလတ်ပိုင်း လူကြီးပိုင်းတွေက ထိန်းရမဲ့အစား သူတို့ကပါ ဖြစ်သလိုလိုက်ရေးရင်းနဲ့ ပိုဆိုးကုန်ပါတယ်ခင်ဗျာ

၂။ အဲ့ဒါလဲမှန်ပါတယ်ခင်ဗျ

ကျွန်တော်ကတော့ ဖေ့စ်ဘွတ်မှာနဲ့ ကျန်းမာရေး မေးသူတွေ လွဲမှားတာကို နားလည်နိုင်တယ်။ ဆရာ့ဆရာကြီးတွေက လမ်းလွဲသင်ပေးနေတာကြောင့် ဆိုးနေတာလို့ ယူဆပါတယ်။ ဆရာကြီးတွေအထက်မှာ အုပ်ချုပ်သူတွေရှိတယ်။

ကျွန်တော်တို့နိုင်ငံ ရာဇဝင်မှာ ဘုရင်ခေတ်က နှစ်ထောင်နဲ့ကြာတယ်။ အမိန့်တော်ချတာ နာခံတယ်။ အာဏာရှင်ခေတ်က ရာစုနှစ်တဝက်ကြာတယ်။ သတိဆိုရင် တုတ်တုတ် မလှုပ်။

ဘုရင်စနစ်က ကိုလိုနီဖြစ်လို့သာ အဆုံးသတ်တယ်။ အာဏာရှင်စနစ်က အခုထိ အတောမသတ်နိုင်သေး။ ပညာရေးကို သတိဆွဲခိုင်းထားတာက သက်သာအဆင့် မရောက်သေး။ အလေးပြု မပျက်။ တစ် ဆက်လက်။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး