စင်းမဟုတ် ဆင်းလို့ရေးရတယ်

(ကန်တော့)

မင်္ဂလာပါဆရာ သွေးစင်းချိန်သွေးမစင်းပဲအဖြူတွေဆင်းတာ ဘာများဖစ်လို့ပါသလဲဗျ ကျနော့မိန်းမအဖြူတွေဆင်းနေလို့ပါ

ဖြစ်တဲ့သူ အသက် မသိ။ ရာသီ မသိ။

သွေးစင်း မဟုတ်။ သွေးဆင်းလို့ ရေးရတယ်။ ဖစ် မဟုတ်။ ဖြစ်လို့ရေးရတယ်။

စင်းလုံးကျွတ်
စင်းလုံးချော
စင်းချော
ဓါးတစင်း
ပုဆိုးအစင်း
ပဲစင်းခုန်ပင်
မျက်တောင်စင်း
မြားတစင်း
သဘောဖြူအူစင်း
ဦးပဉ္ဇင်း
ဖြောင့်စင်းသူ
ဖြောင့်စင်းသောသူ

ဆင်းတုတော်
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ဆင်းရဲငြိုငြင်
ဆင်းရဲနွမ်းပါး
ဆင်းတောင့်ဆင်းရဲ
အဖြူဆင်း
သွေးဆင်း
အောက်ဆင်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး