ရွှေမြင်းမိုရ်တတောင်လုံး တုံးမှတ်လို့ခုန်

ဆေးကျောင်းအတူတက်ဘက် သူငယ်ချင်းတယောက်က တင်ထားတာ။ မမလေးကို ချစ်လိုက်ပါတဲ့အာရုံ ရွှေမြင်းမိုရ်တတောင်လုံး တုံးမှတ်လို့ခုန်တဲ့။ သူက ပထဝီရေးတာ။ ကျွန်တော်က မြန်မာစာ။ မြင်းမိုရ်နဲ့ မြင့်မိုရ်။

မြင့်
တမြင့် = တမြှင့် = အတူတူ တူသည်
ကြာမြင့်သည်
ကြီးမြင့်သည်
မြင့်မားသည်
မြင့်မိုရ်တောင်
မြင့်မြတ်သည်
မြင့်မောက်သည်
မြင့်အောင်မြှင့်ပါ
အနိမ့်အမြင့်
အမြင့်တက် အကျနာ
အမြင့်မြို့
ဈေးကြီးမြင့်သည်
တောင်ကုန်းမြင့်
နေမြင့်သည်
ကြေးမြင့်ဒိုင်မြို့
ရေမြင့်မှ ကြာမြင့်

မြင်း
ကမြင်းသည်
ကမြင်မ (ဆဲဆိုခြင်း)
ငမြင်းရင်းငါး
စာမြင်းတုံး
မြင်း = ဟောင်းနွမ်းသည်
မြင်းကပါအရပ်
မြင်းကတောင်ရွာ
မြင်းစီးသည်
မြင်းမိုရ်ကျီးအက်
မြင်းမိုရ်ပိတ် (အိမ်၊ အဆောက်အဦ)
မြင်းမိုရ်တောင်
မြင်းခြံမြို့ (၎င်းမြို့ကို မျဉ်းဖြင့်ချန်ထားရန်သတ်မှတ်သောကြောင့် မျဉ်းချန်မြို့ဟုခေါ်ခဲ့သည်။)
မြင်းသရိုက်နာ
မြင်းသီလာကျောက်
မြင်းကောင်း ခွါလိပ်
မြင်းတော်ခံ
တောင်တွင်မြင်းမိုရ်
ဟောင်းမြင်းသည်

မြင်းမိုရ်တောင်ဟာ မဟာသမုဒ္ဒရာအထက် ယူဇနာပေါင်း ရှစ်သောင်းလေးထောင်မြင့်တယ်။ တောင်စဉ်ခုနစ်ထပ်နဲ့ သီဒါ ခုနစ်တန် ကာရံထားတယ်လို့ ရှေးစာတွေထဲမှာ သီကုံးဖွဲ့ဆိုထားပါတယ်။ တောင်ထပ်ဟာလည်း ယူဇနာရှစ်သောင်း လေးထောင် ကျယ်ပါသတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး