တစ်ဖွေးဖွေး အစ်ဝေးဝေး

ကဗျာ့နရီ နှင့် နိမိတ်ပုံစာအုပ်ကို မြဇင်ကရေးပါတယ်။ ပန်းချီ ပေါ်ဦးသက်က အဖုံးရေးဆွဲပြီး ၁၉၇၃ ခု နိုဝင်ဘာလမှာ ထုတ်ပါတယ်။ ကာရန်၏ အလုပ်တာဝန်အကြောင်းမှာ နမူနာတွေပေးထားတယ်။

မိုးရေတက်ရေ တဖွေဖွေး
ကွင်းကျယ် အဝေးဝေး။

တဖွေဖွေးနှင့် ကာရန်လိုက်သော အဝေးဝေးသည် အေးသရသံရှည်ကို တကြော့ထပ်ပေးသောကြောင့် စီးဆင်းသောအသံသည် ကွင်းကျယ်ကို မိုးကုတ်စက်ဝိုင်းအဆုံးအထိ ပို့ပေးသည်လို့ ရှင်းပြထားပါတယ်။

ကနမရွံ့စိုစို တကိုယ်လုံးနီထွေး
တွင်းဘောင်မှာ မင်းယောင်ခင်းပြန်ပေါ့
ဒီဆင်းပြီလေး။

ဒီကဗျာတွေထဲက တသတ်ပုံတွေကို တစ်နဲ့သာရေးရင်ဖြင့် ဆရာဇြင် မည်သို့ရှင်းလင်းနိုင်မည် မသိပါ။ ခေတ်ဆရာတွေက ပိုတော်ကြမယ်ထင်တယ်။

မိုးရေတက်ရေ တစ်ဖွေဖွေး
ကွင်းကျယ် အစ်ဝေးဝေး။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး