မြမ္မာ နဲ့ ကျမ္မာ

ဆရာ မြန်မာကို မြမ္မာလို့ရေးထားတာ ဘယ်ခုနှစ်ရဲ့ အရေးအသားဖြစ်နိုင်ပါမလဲရှင် (အင်္ဂလိပ် မြမ္မာ အဘိဓာန်) ဆိုတဲ့ စာအုပ်ပါဆရာ ခုမှ ဒီအရေးအသားကို မြင်ဖူးလို့ပါဆရာ

ဂျတ်ဆန် ခေါ် ယုဒယန် ပြုစုတဲ့ အင်္ဂလိတ် မြမ္မာ အဘိဓာန် တတိယအကြိမ်ထုတ်စာအုပ် ကျွန်တော့်ဆီမှာရှိတယ်။ အစဆုံးထုတ်က ၁၈၇၇ ခုနှစ်က ဖြစ်ပါတယ်။

ဟိုအရင်က အဆင့်စာလုံးတွေ ခေတ်စားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ နည်းလာတယ်။ ဆက်သုံးနေတာတွေလည်းရှိတယ်။ မြမ္မာ နဲ့ ကျမ္မာ တွေက အသတ်ပါပြောင်းလာတယ်။ အဲလိုပြောင်းလာတာက ခေတ်သဘောအရဖြစ်ပါတယ်။

တချို့က ကိုယ်ပိုင်အတွေးနဲ့ မြန်မာဆိုတာ မြန်တယ်၊ မာတယ်လို့ပြောနေကြတယ်။ မဟုတ်ပါ။ ဝေါဟာရလှတာထက် အရည်အချင်းကောင်းဘို့က ပိုအရေးကြီးပါတယ်။ စကားလုံးတွေကို နိုင်ငံရေးလုပ်ပြီး လူတွေကို လှည့်စားနေကြတယ်။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး