Books On The Shelf စာအုပ်စင်က စာအုပ်တွေ

ဒီမှာရှိတဲ့ အထက်တန်းကျောင်း ၉ တန်းအခန်းထဲက စာအုပ်စင်မှာ တွေ့ခဲ့တဲ့စာအုပ်တွေ။ စတီဖင်ကင်းစာအုပ်ထူကြီးတော့ စိတ်မဝင်စားပါ။

ထရွက်ရှာအိုင်းလန်း အတိုချုပ်က အရင်က မြန်မာပြည် ဆယ်တန်းမှာသင်ရတယ်။

အိုဒက်ဆေးကို မြန်မာဘာသာပြန်တွေထွက်တယ်။ ပါဠိနဲ့ အဆင့်စာလုံးတွေပါတော့ သိပ်နားမလည်။ ဆုံးအောင်မဖတ်နိုင်။ ဘိုလိုဖတ်ရတာတော့ အဆင်ပြေတယ်။

ကျွန်တော်က စာအုပ်ကြမ်းပိုး မဟုတ်။ စာသမားလည်း မဟုတ်။ စာကို ရွေးသာဖတ်တယ်။ အဲတော့ သိတာကလည်း အကန့်အသတ်နဲ့သာသိတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂၀၁၈

A Book

There is no frigate like a book
To take us lands away,
Now any courser like a page
Of prancing poetry.
This transverse may the poorest take
Without oppress of toil:
How frugal is the chariot
That bears a human soul!

စာတအုပ်

တို့ကို ဟိုအဝေးကြီးဆီခေါ်သွားနိုင်တဲ့ စစ်သင်္ဘောကြီးဟာ စာအုပ်နဲ့ မတူနိုင်ပါ

အပြေးသန်လှတဲ့ ပြိုင်မြင်းတကောင်ဟာ ကဗျာ

နတ်မြင်းပျံလို အလားတူတာ စာမျက်နှာ။

သည်ဖြတ်သန်းရတဲ့ခရီး ပင်ပန်းဆင်းရဲရမှန်းမသိ

စစ်ရထား ဘယ်လောက်များ တွက်ခြေကိုက်ပါဘိ

အဲတာ စာဖတ်သူတယောက်ရဲ့ နှလုံးသားပကတိ။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး