Collateral Damage ကိုလက်ထရွယ် ဒင်းမေ့ခ်ျ

နာမည်ကြီးသူတွေ၊ ပေါ်ပြူလာဖြစ်သူတွေ၊ လူသိများသူတွေ၊ ကားပြောပွဲ လူစည်ကားသူတွေ၊ လူကြည့်များတဲ့ ရုပ်ရှင်တွေ၊ လူဖတ်များတဲ့ စာအုပ်တွေ အားလုံးမှာ တာဝန်ကြီးကြီးရှိကြတယ်။

ရသသုတတွေကနေ စဖတ်တဲ့သူ နားထောင်သူအများစုကို ဆွဲခေါ် တွန်းပို့စေနိုင်တယ်။ ဖေ့စ်ဘွတ်ကနေ ချောက်ချတာ၊ အလွဲအမှားတွေ သင်ပေးတာကို နာခံမှတ်သား လိုက်နာသူ မနည်းလှပါ။ မေးခွန်းတွေမှာ မကြာမကြာ လာတယ်။ နာမည်ကြီးနေတဲ့ဆိုတာတွေ။ တကယ်တော့ အမှားတွေ။

ထုတ်သမျှစာအုပ်တွေမှာ မြန်မာစာသတ်ပုံတွေက ပေါ်လစီပလီအရပြင်ထားတဲ့ တစ်တွေနဲ့ရိုက်ကြတယ်။ အလွယ်ရေးကြတာမှာလည်း မမှားသင့်တဲ့အမှားတွေ မနည်းပါ။ ကျွန်တော်က ဆရာဝန်ဖြစ်လို့ ရောဂါအကြောင်းခံနဲ့ ဘေးထွက်ဆိုးကျိုးကို သိပါတယ်။ ဒီစာမှာတင်ပြလိုတာက ကိုလက်ထရွယ် ဒင်းမေ့ခ်ျ လို့ခေါ်တာ။ တခုခုကိုလုပ်ရင်းနဲ့ ထင်မှတ်မထားတဲ့ အပျက်အစီးကို ပြောတာ။

တ မှန်ရင် တစ် ပါလို့ အမိန်နဲ့လိုက်နာစေတော့ ကျန်တဲ့သတ်ပုံတွေကို ဂရုမထားခဲ့တာ သိသာတယ်။ တစ်ကိုတော့ မမေ့အောင်ရေးတဲ့အကျင့်ကတော့ ဖျက်မရအောင် စွဲသွားကြပါပြီ။ အောင်မြင်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်း။ တစ်သတ်ပုံရဲ့ ရှေ့တန်းတိုက်စစ်မှူးကြီးတဦးဟာ အရင်က တနဲ့သာရေးခဲ့ပါတယ်။ ဓါတ်ပုံရိုက်ထားတဲ့စာအုပ်ကို မတင်ပြတော့ပါ။

ပရိတ်သတ်ညံ့ရင် အနုပညာရှင်တွေ ဘယ်လိုတော်နေနေ ပွဲမစည်ပါ။ ငတာတွေများနေတယ်လို့ ခေါ်တယ်။ ပရိတ်သတ်အကြိုက်လိုက်တဲ့ စင်ပေါ်ကလူမျိုးတွေလည်းရှိတယ်။

တိုင်းပြည်တိုးတက်ဘို့ဆိုရင် စင်ပေါ်ကလူတွေသာမက ပွဲကြည့်သူတွေပါ မညံ့ဘို့လိုတယ်။ ကျွန်တော့်မှာလည်း ကိုယ့်အထွာနဲ့ကိုယ် တာဝန်ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး