Finish Line တာထွက်


တနှစ်ကုန်တာ ဒီဇင်္ဘာ
ကုန်ခမ်းတာနဲ့ ကုန်ဆုံးတာ နှမြောစရာ။

ဒီဇင်္ဘာတွေက များလှပြီဆိုတော့ ကုန်ခဲ့ဆုံးခဲ့တာတွေလည်း များလှပြီပေါ့၊
ကုန်ဆုံးဘို့ရာ အသစ်တွေက စောင့်နေလှရော့။

တာထွက်နဲ့ ပန်းဝင်တာ တနေရာတည်းမှာ
တပတ်ရပြီလို့သာ အောက်မေ့ပါ။

လာ့ မင်း နဲ့ ငါ
အတူတူ ပြေးလျှောက်ကြမယ်ကွာ။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၆
၎-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး