Girl Friend စကားထာ စကားပုံ စကားဝှက် စကားလိမ်

ဆရာ ခွေးလျှားသီး ဘိုင်စကယ်ကို စကားထာဆိုပြီး ကျွန်တော် တင်လိုက်မိတယ် တယောက်က စကားလိမ်လို့ ပြောပါတယ်။ နောက်တယောက်က စကားဝှက်လို့ ပြောပါတယ်။ ဘယ်ဟာကအမှန်လဲ မခွဲခြားတတ်တော့ဘူး။

စကားထာက တမျိုး။ စကားဝှက်က တမျိုး။ စကားပုံက တမျိုး။ ဘန်းစကားက တမျိုး။

ခွေးလှေးယားသီးက ယား၊ ဘိုင်စကယ်က စီး၊ ယားစီ = ရည်စားဆိုတာ စကားထားဝှက်တာ။

စကားထာနမူနာတွေ -
တနှစ်တခါ ပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း = မှို

သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း = ခေါင်းခုအဝတ်

စကားဝှက်ဆိုတာ လုံခြုံရေးအရ ဖတ်တဲ့သူတွေ မသိအောင်ရေးနည်းကိုခေါ်တယ်။ နည်းတွေအမျိုးမျိုး ထွင်သုံးကြရတယ်။ ဥပမာ စခန်း (၁) ကလူကို စာကလေး၊ (၂) ကလူကို စပယ်လို့ အစကတည်းက သတ်မှတ်ပေးထားတာမျိုး။

စကားပုံဥပမာတွေက -
အကျိုးဆော့ အကန်းမော့။ အချစ်ကြီးတော့ အမျက်ကြီး။

ဘန်းစကားဥပမာတွေက -
ကလီကမာလုပ်သည်။ ကလိန်စေ့ငြမ်းဆင်သည်။

မှန်စာ ခေါ် ကြေးမုံစာဆိုတာလည်းရှိတယ်။ ဘီးကြိုက် = ဗိုက်ကြီး။ (ကန်တော့)

ဖေ့စ်ဘွတ်မှာ ကင်ဆာပျောက်တယ်၊ ဘာပျောက်တယ်ဆိုတဲ့ တခါမှမကြားဘူးတဲ့ အသီးအစေ့တွေကို ဆေးနည်း ပေးကြတာက စကားလိမ်။ မုသား။ အမှား။ တချို့က လိမ်ချင်တယ်။ တချို့က အလိမ်ခံချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး