Hypertension Question သွေးတိုး မေးခွန်း

ဆရာခင်ဗျာ သွေးပေါင် ၁၂၀  ၈၀ သမားက ယခု ၁၈၀ ၁၂၀ လောက်ထိတက်ပါတယ် ပြီးတော့ဆရာ နှာခေါင်းကသွေးလျှံသလိုဖြစ်နေပါတယ်ဆရာ ၃ခါလောက်ဖြစ်ပါတယ် နောက် သွေးပေါင်ပြန်ချိန်တော့ ၁၃၀ ၉၀ ထိပြန်ကျလာပါတယ် အခြေအနေလေးရှင်းပြပေးပါဆရာခင်ဗျာ

ဖြစ်တဲ့သူ အသက် မသိ။ ယောက်ျားလို့ ယူဆရ။ သွေးတိုးအတွက် ဘာဆေားသောက်နေ မသိ။ ကိုလက်စထော ခေါ် အဆီဓါတ် များ မများ မသိ။ လင့်တွေ ပို့လိုက်ပါတယ်။

Bathing and Blood Pressure သွေးတိုး နဲ့ ရေချိုးခြင်း https://doctortintswe.blogspot.com/2015/02/bathing-and-blood-pressure.html
Blood Pressure သွေးဖိအားအကြောင်း https://doctortintswe.blogspot.com/2017/08/blood-pressure.html
High blood pressure သွေးတိုးအမေး http://doctortintswe.blogspot.com/2016/03/high-blood-pressure-question.html
Hypertension (1) သွေးတိုးရောဂါ (၁) http://doctortintswe.blogspot.com/2014/11/hypertension-1.html
Hypertension (2) သွေးတိုးရောဂါ (၂) https://doctortintswe.blogspot.com/2014/11/hypertension-2.html
Hypertension Question သွေးတိုးမေးခွန်း https://doctortintswe.blogspot.com/2015/05/high-blood-pressure.html
Medicines for High Blood Pressure သွေးတိုးဆေးများ http://doctortintswe.blogspot.com/2014/12/medicines-for-high-blood-pressure.html

သွေးဖိအားဆိုတာ အမြဲလိုလို ပြောင်းနေတယ်။ ရုတ်တရက်တက်လာတတ်သူ ပိုသတိထားရမယ်။ သွေးဖိအား မှန်မှန် ချိန်နေရတယ်။ ဆေးအမြဲလိုတယ်။ အစားအသောက်နဲ့ လူနေမှုပုံစံ ပြင်ရတယ်။ ပျောက်သွားတယ်လို့ မရှိ။ ပျောက်တယ် ပြောတာတွေ မယုံသင့်။ အရပ်နည်းတွေ မလုပ်သင့်။ အညာ မခံပါနဲ့။ အသက်နဲ့ အလောင်းအစားလုပ်ရာ ကျတယ်။

ဒေါက်တာတင့်ဆွေ
၈-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး