Insect bite အင်းဆက်အကောင် ကိုက်ခြင်း

မင်္ဂလာပါဆရာ သမီးကသုံးနှစ်ပါ ဘာကောင်ကိုက်ကိုက် အနာဖြစ်ဖြစ်သွားတယ်ဆရာ

• အင်းဆက် ခေါ် အဆိပ်ပါတဲ့အကောင်ကိုက်ခြင်းဟာ သာမန်အားဖြင့် မဆိုးပါ။
• နာမယ်၊ ယားမယ်။ နီမြန်းမယ်။ ရောင်မယ်။ ထုံမယ်။ ပူလောင်မယ်။ ကျင်မယ်။
• ဆိုးလျှင် အသက်ရှူခက်မယ်။ အားယုတ်မယ်။
• အဆိုးဆုံးက (ရှော့ခ်) ရတတ်တယ်။
• ဖြစ်နိုင်လျှင် အဆိပ်ပါသည့် အစွယ်ကို နှုတ်ပါ။
• နေရာကို ဆပ်ပြာရေဖြင့် ဆေးပါ။
• ရေခဲတင်ပေးပါ။
• Anti-itch ဆေးရည်လိမ်းပါ။
• သို့မဟုတ် Calamine lotion (ကာလမင်း) ဆေးရည် လိမ်းပေးပါ။
• လိုအပ်လျှင် Antihistamine (Cetrizine) (အင်တီဟစ်တမင်း) စားဆေးပေးပါ။
• လူနာကို နှစ်သိမ့်ပေးပါ။
• အသက်ရှူမှု စစ်ဆေးပါ။
• အဝတ်အစားများ တင်းကြပ်မနေစေရာ။
• လိုအပ်လျှင် CPR (စီ၊ ပီ၊ အာရ်) လုပ်ပါ။
• Shock (ရှော့ခ်) ဖြစ်လျှင်ကုပါ။

ဖစ် ၂ လုံးကို ပြင်လိုက်တယ်။ မြန်မာစာမှာ နာမည်ကလွဲရင် ဖစ် မရှိပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး