Nike Cap နိုက်ကီ ကက်ပ်

ဒီနိုင်ငံကိုရောက်ကာစ ကျွန်တော့်မွေးနေ့တခုမှာ မြေးအကြီးဆုံး သဒ္ဓါဆွေက နိုက်ကီ ကက်ပ် ဝယ်ပေးပါတယ်။ တလောက အဲတာကိုရှာမတွေ့တာနဲ့ သူ့ကိုပဲထပ်ပြောတော့ ပုံတူ အရောင်တူ အမျိုးအစားတူပဲဝယ်ခိုင်းလို့ အခု ၂ လုံးရှိတယ်။

ကျွန်တော်က ခေါင်းဆောင်းစရာလည်း ရွေးပါတယ်။ ကပ်ဦးထုပ်သာဆောင်းတယ်။ ဂျင်းတဲလ်မင်း ဟက်၊ နံပြားဦးထုပ်၊ သက္ကလပ်ဦးထုပ်၊ မက်ဆီကန်ဦးထုပ်တွေ မဆောင်းတတ်ပါ။

တမြန်နှစ်က စာသင်နေတဲ့ကျောင်းက စပိန်စကားပြော ကျောင်းသားလင်မယားက ကျွန်တော့်အမည်အတိုကောက်ပါတဲ့ ဦးထုပ်လက်ဆောင်ပေးတယ်။ တလောက လူးဝစ်ဗေးလ်မြို့သွားတော့လည်း ကရင်လင်မယားက ကပ်ဦးထုပ် လက်ဆောင်ပေးလိုက်တယ်။

ကျွန်တော်က ခေါင်းစွပ်ဆိုလည်း အင်မတန်ရွေးတယ်။ နားရွက်ဖုံး ရုရှားသုံး ဆောင်းခေါင်းစွပ် မကြိုက်ပါ။

တိုင်းပြည်ကနေ ထွက်ပြေးရတဲ့ ၁၉၉၀ ခုနှစ် ဒီဇင်္ဘာတညမှာ မန်းကီးကက်ပ်ခေါ် လူဆိုးခေါင်းစွပ်ကို သုံးခဲ့ပါတယ်။ ပုလဲနယ် တောပိုင်းရဲစခန်းတခုအနား ကားပျက်တော့ အဲတာကို ခေါင်းစွပ်ထားရတယ်။ အဲတာက နိုက်ကီကက်ပ်ထက် တန်ဖိုးကြီးတယ်။

Nike အသံထွက် https://www.youtube.com/watch?v=0X6V5DnxmAE

Dr. တင့်ဆွေ
၁ဝ-၁၂-၂ဝ၁၆
၁ဝ-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး