Once a Day Meds တနေ့တကြိမ်ဆေးများ


စိတ်ကျရောဂါဆေး၊ အလာဂျီဆေး၊ ရင်ပူဆေး စတာတွေကို တနေ့မှာ တကြိမ်တည်းသာ သောက်ရတယ်။ လူတွေမှာ ရစ်သမ် ခေါ် အပင် ခေါ် နေ့စဉ်ဖြစ်နေတဲ့သဘောဆိုတာ ရှိတယ်။ အိပ်ချိန်၊ ဟော်မုန်းတွေ ထွက်တဲ့အချိန် စတာမျိုးက သူ့အချိန်နဲ့သူ ဖြစ်တယ်။ ဆေးတွေကို သတ်မှတ်ပေးထားတဲ့အချိန်မျိုးသောက်မှသာ ပိုပြီးထိရောက်တယ်။

Depression meds စိတ်ကျဆေးကို မနက်မှာသောက်ပါ။ SSRIs ဆေးတွေကို ပြောတာဖြစ်တယ်။

Osteoporosis meds ခေါ် အရိုးအားနည်းရောဂါဆေးကိုလည်း မနက်မှာသောက်ပါ။ Boniva နဲ့ Fosamax လို bisphosphonate ဖေါ့စ်ဖိတ် ပါတဲ့ဆေးတွေကိုပြောတာ။

Heartburn meds ခေါ် ရင်ပူသက်သောစေတဲ့ဆေးကို ညစာစားချိန်မှာသောက်ပါ။ အစာအိမ်က အက်စစ်ဓါတ်ကို ည ၁၀ နာရီကနေ သန်ကောင်ကျော်၂ နာရီအတွင်း အများဆုံးထုတ်နေတယ်။ Pepcid နဲ့ Zantac ဆေးတွေကို ညနေစာမစားခင် ၃၀ မိနစ်ကြိုတင်သောက်တာ အကောင်းဆုံးဖြစ်တယ်။

Allergy meds ခေါ် အလာဂျီဆေးကို ဒင်နာစားချိန်မှာသောက်ပါ။ Claritin နဲ့ Cetrizine ဆေးတွေကို တညတပြားလို့ ရေးတင်ထားတယ်။ ဆေးသောက်ပြီးနောက် ၈ နာဂီကနေ ၁၂ နာရီမှာ ဆေးအစွမ်း အကောင်းဆုံးပြတယ်။ အလာဂျီ သိပ်ဆိုးတဲ့သူတွေကတော့ antihistamines ဆေးကို တနေ့မှာ ၂ ကြိမ်အထိသောက်နိုင်တယ်။

Cholesterol meds ခေါ် ကိုလက်စထောကျဆေးကို အိပ်ရာဝင်ချိန်မှာသောက်ပါ။ ကိုလက်စထော လယ်ဗယ်ဟာ ညသန်ကောင်ချိန်မှာ အမြင့်ဆုံးဖြစ်တယ်။ မနက်ခင်းနဲ့ မွန်းလွဲချိန်မှာ ကျနေတယ်။

Blood pressure meds သွေးတိုးကျဆေးကိုလည်း အိပ်ရာဝင်မှာသောက်ပါ။ သွေးဖိအားဟာ နေ့အချိန်မှာမြင့်နေတယ်။ အိပ်နေချိန်မှာ ကျနေတယ်။ ဒါပေမဲ့ သွေးတိုးရှိသူတွေမှာတော့ ညအချိန်ကျတာမျိုး မရှိပါ။ ဆေးကို ညသောက်ရင် စထုပ် ခေါ် လေဖြတ်တာ၊ ဟဒ်အတက် ခေါ် နှလုံးရောဂါနဲ့ ကျောက်ကပ်ထိခိုက်တာတွေကို ကာကွယ်ရာကျတယ်။ အထူးသဖြင့် ACE inhibitors နဲ့ ARBs အမျိုးအစား သွေးကျဆေးတွေ။

Osteoarthritis meds ခေါ် အရိုးရောဂါတမျိုးအတွက် ရောဂါခံစားချိန်မှာ သောက်ပါ။ NSAIDs ခေါ် naproxen နဲ့ ibuprofen ဆေးတွေကို နာတာမခံစားရမီ ၆ နာရီတင်ကြိုသောက်တာ အကောင်းဆုံးဖြစ်တယ်။

တခြားဆေးတွေကို ဘယ်အချိန်မှာသောက်သင့်သလဲ

Rifampin ခေါ် တီဘီဆေးကို အစာမစာမီသောက်ရမယ်။ မနက်ထ ဘာမှမစားခင် ဆေးကို ရေတဖန်ခွန်နဲ့သောက်ပါ။ အစာနဲ့ ၁-၂ နာရီဝေးသင့်တယ်။

Pills ခေါ် ကိုယ်ဝန်တားဆေးကို နေ့စဉ် အချိန်မှန်သောက်သင့်တယ်။ အတိအကျမဟုတ်တောင် တရက်နဲ့တရက် ၁-၃ နာရီထက် မကွာခြားသင့်။ ကိုယ်ဝန်တားဆေးတိုင်းကို မနက်သောက်တာပိုသင့်မှန်တယ်။ တကယ်လို့ ညသောက်ရမှာကို မေ့သွာရင် တရက်ပျက်မယ်။ တားဆေးဆိုတာ အလွန်ဆုံး တရက်ထက်ပို မမေ့ရပါ။

Calcium ကယ်လ်စီယမ်ဆေး အစာစားပြီးသောက်ပါ။

Iron သံဓါတ်အားဆေး အစာမရှိခိန်သောက်တာ အကောင်းဆုံး။

Vitamin D ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေဆေးတွေကို အဆီပါတဲ့အစားအစာနဲ့အတူသောက်ပါ။

B Complex ဗီတာမင်ဘီအုပ်စုဆေး မနက်တကြိမ် ညနေတကြိမ်သောက်ပါ။

Vitamin C ဗီတာမင်စီဆေးကိုလည်း လိုတဲ့သူတွေ မနက်တကြိမ် ညနေတကြိမ်သောက်ပါ။

Fish Oil ငါးကြီးဆီဆေးကိုလည်း လိုတဲ့သူတွေ မနက်တကြိမ် ညနေတကြိမ်သောက်ပါ။

Probiotics ပရိုဘိုင်အောတစ်ဆေးကို အစာမစာမီ မိနစ် ၃၀ ကြိုတင်သောက်ပါ။

ဆေးပညာစာတွေမှာ သတ်ပုံအပိုတွေမပါလို့ ရောဂါကို မြန်မြန်သက်သာစေတာကိုပါ သတိပြုပါလေ။ Smile! အလာဂျီရလို့ ယားနေသူကို တစ်တွေနဲ့ရေး ဆေးပေးရင် ယားချိန်ပိုစေတယ်။ No Smile!

Medicines ဆေးတွေကို ဘယ်အချိန်သောက်ရမလဲ

ဆက်ရေးပါဦးမယ်။ အင်တီဘိုအောတစ် ခေါ် ပဋိဇီဝဆေး ခေါ် ဗက်တီးရီးယားအတွက်ဆေးတွေသာက်လို့ ပျိုအန်ချင်တာ ဖြစ်တဲ့သူ ဆရာဝန်က အစာမရှိချိန်မှာ သောက်ပါလို့ မှားထားလည်း ဆေးကို အစာနဲ့သောက်နိုင်တယ်။

Chemotherapy ခေါ် ကင်ဆာဆေးတွေက အတော်ကို အန်ချင်စေတယ်။ အအန်ပျောက်ဆေးပါတွဲသောက်နိုင်တယ်။ အအန်ပျောက်ဆေးဆိုတာ ကြိုတင်သောက်ရတယ်။ တကယ်လို့ ဘယ်ဆေးဖြစ်ဖြစ် သောက်ပြီးအန်ရင် ဆေးထပ် သောက်သင့် မသင့် ဆရာဝန်ကိုမေးပါ။ ၂ နာရီအတွင်းအန်ရင် အန်တာထဲမှာ ဆေးပါသွားနိုင်တယ်။ တချို့ဆေးကို မိနစ် ၃၀ လို့ပြောနိုင်တယ်။

ဆေးနဲ့ အရက်
အလွယ်ဝယ်ရအမျိုးအစားဆေးတွေ အတော်များများဟာ အရက်နဲ့ ဓါတ်ပြုတယ်။ တွဲ မသောက်သင့်ပါ။
Allergies, colds, and flu အလာဂျီနဲ့ အအေေးမိသက်သာဆေးတွေ၊
Angina and coronary heart disease နှလုံးရောဂါဆေးတွေ၊
Anxiety and epilepsy စိတ်ပုပန်မှုနဲ့ အတက်သက်သာဆေးတွေ၊
Arthritis အဆစ်နာသက်သာဆေးတွေ၊
Blood clots သွေးခဲဆေးတွေ၊
Cough ချောင်းဆိုးပျောက်ဆေးတွေ၊
Depression စိတ်ကျဆေးတွေ၊
Diabetes ဆီးချိုဆေးတွေ၊
Enlarged prostate ဆီးကျတ်ကြီးအတွက်ဆေးတွေ၊
Heartburn and indigestion ရင်ပူတာနဲ့ အစာကျေဆေးတွေ၊
High blood pressure သွေးကျဆေးတွေ၊
High cholesterol ကိုလက်စထောကျဆေးတွေ၊
Infections ရောဂါပိုးဝင်တာအတွက်ဆေးတွေ၊
Muscle pain ကြွက်သားနာသက်သာဆေးတွေ၊
Nausea and motion sickness ပျို့အန်သက်သာဆေးတွေ၊
Pain, fever, and inflammation အဖျား အရောင် အနာ သက်သာဆေးတွေ၊
Sleep problems အိပ်ဆေးတွေ။

Dose ဒို့စ်
ဆေးကို တကြိမ်လျင် မည်မျှပေးရသည်ကို ဆိုလိုသည်။ ဒို့စ်သည် လူနာ၏ အသက်ပေါ် မူမတည်၊ လူနာ၏ ကိုယ်အလေးချိန် အပေါ်မူတည်သည်။ တကြိမ်လျင် ဆေးအလေးချိန်မည်မျှ တိုက်ရမည်။ တနေ့ကို အကြိမ်မည်မျှ တိုက်ရမည်၊ အတိအကျ ညွှန်းရသည်။ အစားနှင့်နီး-ဝေးရမည်၊ ရေများများသောက်ရန်လို-မလို၊ ဆေးသောက်ပြီး နားရန်လို-မလို၊ အခြားဆေးများ နှင့်အတူတိုက်ရ-မတိုက်ရ စသဖြင့်လည်း ညွှန်းပေးရမည်။

Course ကို့စ်
ဆေးကို မည်မျှကြာကြာပေးရမည်။ ပဌမ ကို့စ်ပြီးနောက် ဒုတိယကို့စ် လိုချင်လိုမည်။ ဥပမာ မေးခိုင်ရောဂါ ကာကွယ်ဆေးကို တလခြား နှစ်ခါထိုးရသည်။ တီဘီဆေးများပေးလျှင် ၃ လ၊ ၆ လ၊ ၉ လ။

အနာသက်သာဆေး၊ ကိုယ်ပူကျဆေး၊ အလာဂျီဆေး၊ ဝမ်းပိတ်ဆေး၊ အအန်သက်သာဆေး စတာတွေမှာ ဒို့စ်သာရှိပြီး ကို့စ် မရှိပါ။ သက်သာတာနဲ့ ရပ်လို့ရတယ်။ တသက်လုံးသောက်ရမဲ့ဆေးတွေလည်းရှိတယ်။ ဥပမာ HIV ဆေး၊ လည်ပင်းကြီး ဟော်မုန်းနည်းလို့ သောက်ရတဲ့ဆေး။

Basic Pharmacology အခြေခံဆေးဝါးဗေဒ https://doctortintswe.blogspot.com/2017/06/basic-pharmacology.html

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး