Questions 2-12-2018

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ

(ကန်တော့)

ဆရာရှင့် ကျွန်မအသက် ၂၄ပါ ကိုယ်ဝန် ၄လခွဲရှိပါပြီ ကိုယ်ဝန်မရှိခင်က အစာအိမ်အောင့်တတ်ပါတယ် အခုကိုယ်ဝန် ၄လခွဲရောက်မှ ရင်ခေါင်းတည့်တည့်က ပြန်အောင့်နေလို့ပါ ဘယ်လိုဆေးမျိုးနဲ့တည့်ပါသလဲ သိချင်လိုပါဆရာ

Physical Changes During Pregnancy ကိုယ်ဝန်ဆောင်စဉ် ရုပ်ပိုင်းအပြောင်းအလဲများ https://doctortintswe.blogspot.com/2017/10/physical-changes-during-pregnancy.html
Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ https://doctortintswe.blogspot.com/2014/11/pregnancy-pains.html

ဒေါက်တာတင့်ဆွေ

Amenorrhea ရာသီမလာခြင်း

(ကန်တော့)

ဆရာရှင့် ကျွန်မအသက် ၂၄ အိမ်ထောင်ရှိပါတယ် ရာသီလာရက်ကျော်တာ ၂လရှိပါပြီ သွေးပေါ်ဆေး တခါထိုးပြီးသွားပါပြီ မလာသေးပါဘူး ဘာဆက်လုပ်ရမလဲဆရာ နောက်တခါထပ်ထိုးရမလားရှင်

ကိုယ်ဝန်လို့ ထင်ပါသလား။ ဆီးစစ်ပါသလား။ ကိုယ်ဝန်ရှိနေသူ ဖျက်နည်းမေးရင်တော့ မဖြေပါ။ သွေးပေါ်ဆေးဆိုတာ ဘာလဲ မသိ။

Amenorrhea ရာသီမလာခြင်း https://doctortintswe.blogspot.com/2017/12/amenorrhea.html

ဒေါက်တာတင့်ဆွေ

Cetrizine တည တပြား

ဆရာ ကျွန်တော့်အသက်က ၁၈ပါ ၁၂နှစ်သားလောက်ကတည်းက allergic လို အနီဖုတွေထွက်ပြီး ယားယံလာပါတယ် ဆရာ အဲဒီရောဂါက ဓာတ်မတည့်တာလို့ပြောပေမဲ့ ဘာစားစား ၁ရက်ခြား တခါလို ထွက်နေတာပါဆရာ ဗမာဆရာရော အင်္ဂလိပ်ဆရာရော စုံနေပါပြီဆရာ ခုတော့ဆရာဝန်က စီထရင်း ပဲသောက်ခိုင်းလို့ အဲဒါပဲသောက်တယ်ဆရာ အဲဒါ ဆရာဆီက ရောဂါအကြောင်းအကြံဥာဏ်တောင်းရင်းနဲ့ အဲဒီဆေးကရော ရေရှည်ဆို ဆိုးကျိုးရှိလာနိုင်လားဆရာ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ

Hives အင်ပျဉ် https://doctortintswe.blogspot.com/2018/09/hives.html
Cetrizine တည တပြား https://doctortintswe.blogspot.com/2018/07/cetrizine_2.html

ဒေါက်တာတင့်ဆွေ

Scabies ယားနာ

မင်္ဂလာပါဆရာ သမီးရဲ့ သမီးလေးကအခုမှ ၃လပါ ခြေထောက်မှာ ဝဲယားနာလေးတွေပေါက်နေပါတယ် အိမ်မှာလည်းမောင်လေးက အဲ့လိုပေါက်တာ ၁နှစ်လောက်ရှိပါပြီ ပျောက်လိုက်ပြန်ပေါ်လိုက်နေ အိမ်သားတွေကို ကူးပါတယ် အခု သမီးလေးလည်း သူပျောက်ပြီးမှ အခုလိုယားနာတွေထွက်လာတာပါ အခုသမီးလေးကို Elimate Plus (permethrin Bp5% & Crotamiton Bp10%) ပါတာ လိမ်းထားပါတယ် အာ့ ကလေးနဲ့သင့်မသင့် ဖြေကြားပေးပါနော်

Permethrin cream 5% (Elimite) (Nix) လိမ်းဆေးကို အများဆုံးသုံးတယ်။ ကလေးတွေဆိုရင် Permethrin, Crotamiton နဲ့ Sulfur ointment တွေကိုသာသုံးသင့်တယ်။ ယားမယ်၊ ပူလောင်မယ်၊ 91% to 98% ထိရောက်တယ်။

Scabies ယားနာ (ဝဲ) https://doctortintswe.blogspot.com/2016/09/scabies.html

ဒေါက်တာတင့်ဆွေ

မျက်စိ မေးခွန်း

၁။ မင်္ဂလာပါရှင့် သမီးမျက်စိက အောက်မျက်တောင်မွှေးလေးတွေကအထဲကိုဝင်နေတာရှင့် အဲ့ဒါငယ်ငယ်ကတည်းက ဖြစ်တာပါရှင့် သမီးအခုအသက် ၂၄နှစ်ရှိပါပြီ အဲ့ဒါမျက်စိဆေးခန်းတွေလဲပြဖူးပါတယ်ရှင့် ဒါပေမဲ့ မျက်စဉ်းပဲခတ်ခိုင်းတယ် သိပ်မသက်သာဘူးရှင့် အဲ့ဒါဘယ်လိုလုပ်ရမလဲမသိဘူးရှင့် ဆရာ ဖြေပေးပါဦးရှင့်

မေးခွန်းကို ၂ ခါဖတ်ရတယ်။ အစက ကလေးမျက်စိကိုမေးသလား ထင်မိတယ်။ မေးခွန်းအရ Entropion ခေါ် မျက်တောင်မွေးစိုက်ဝင်နေတာလား စဉ်းစားရတယ်။ လိုအပ်ရင် ခွဲစိတ်ရတယ်။ ဆောရီး။

၂။ ဆရာရှင့် ကျွန်မသမီးလေးကအခုအသက်၂နှစ်နဲ့ ၃လရှိပါပြီ အခုတရက်နှစ်ရက်အတွင်းသတိထားမိတာ အောက်မျက်ခွံမှာ အကျိတ်တစ်ခုတွေ့လို့ဆရာ ဘာဖြစ်မှန်းမသိလို့ ဆရာ့ကိုမေးကြည့်တာပါ အောက်မျက်ခွံနှစ်ဖက်လုံးမှာရှိနေတာဆရာ ဘာဖြစ်နိုင်လဲဆရာသုံးသပ်ပေးစေချင်ပါတယ်ဆရာ

အောက်မျက်ခွံ ဘယ်နေရာလဲ သေချာ မသိ။ နှာခေါင်းဘက်စွန်မှာနား နားထင်ညက်လား။ နောက် အပြင်က မြင်ရသလား။ မျက်ခွံလှန်ကြည့်မှ မြင်ရသလား။ မျက်ရည် မျက်ဝတ် ထွက်သလား။

ဒေါက်တာတင့်ဆွေ

Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ

(ကန်တော့)

ကျနော်ကောင်မလေးက ဆီးကျင်တာ နှစ်ရက်ရှိနေပြီ အခုထိမပျောက်သေးဘူး ဆရာ အဲတာ့ဘလိုလုပ်ရမလဲသိချင်ပါတယ်ဗျ

ဖြစ်တဲ့သူ အသက် မသိ။ အတူနေ အိမ်ထောင်ရေး မသိ။ ရာသီ မသိ။

Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html

ဒေါက်တာတင့်ဆွေ

Undescended testicle အစိတဖက်မပါ

(ကန်တော့)

ဆရာကလေးက ငါးလပါ မွေးရာပါလိင်အင်္ဂါ၏ကပ်ပယ်အိတ်ထဲတွင် အစေ့မပါလာပါ။ စိုးရိမ်ရပါသလား။

ဆရာ ကလေးက ငါးလပါ မွေးရာပါ လိင်အင်္ဂါ၏ကပ်ပယ်အိတ်ထဲတွင် အစေ့မပါလာပါ။ စိုးရိမ်ရပါသလား။

Undescended testicle ယောက်ျားလေးမှာ အစိတဖက်မပါ https://doctortintswe.blogspot.com/2014/11/undescended-testicle_27.html

ဒေါက်တာတင့်ဆွေ

Ovulation test မျိုးဥ

(ကန်တော့)

မင်္ဂလာပါဆရာ သားသမီးလိုချင်လို့ပါဆရာ ကျွန်မအသက် ၂၉ ပါဆရာ အိမ်ထောင်သက်လေးနှစ်ပြည့်ပါတော့မယ် တားဆေးကို marvelon28 သောက်ခဲ့ပါတယ် ပြီးdepoတစ်လုံးထိုးဖူးပါတယ်ဆရာ နောက် marvelon28 ၅လ ပြန်သောက်ပါတယ် Marvelon ဖြတ်ထားတာ၈လရှိပါပြီဆရာ ကျွန်မက အပျိုကတည်းကရာသီမမှန်ပါဘူးဆရာ အခုလဲမမှန်ပါဘူးဆရာ အမြဲနောက်ကျပြီးမှလာပါတယ် ဘယ်လိုလုပ်သင့်လဲသိလိုပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ရှင့်

သားအိမ် စမ်းသပ် စစ်ဆေးဘူးပါသလား။

ဟုတ်ကဲ့ပါဆရာ သားအိမ်အတွက် သီးသန့်တော့ဘာမှ မစစ်ဆေးဘူးပါဆရာ အစာအိမ်ယောင်တုန်းက အာထရာဆောင်း နှစ်ခါ ရိုက်ဖူးပါတယ်ဆရာ ထရာဆောင်းမှာတော့ သားအိမ်အတွက်ပှံမုန်လို့ပဲအဖြေထွက်ပါတယ်ဆရာ အပျိုတုန်းက ရာသီမှန်ခြင်လို့ OG နဲ့ပြဖူးပါတယ်ဆရာ စိတ်ချ ၃ကဒ်သောက်ခိုင်းပါတယ် သောက်နေတုန်းမှန်ပါတယ်ဆရာ ရပ်လိုက်တော့ မမှန်တာပါပဲဆရာ တခြားတော့ ဘာမှမစစ်ဆေးဘူးပါဘူးဆရာ ကျေးဇူးပါရှင့်

မျိုးဥထွက် မထွက် စစ်နိုင်။ မထွက်ရင် Clomid မျိုးဥထွက်ဆေး သောက်နိုင်။ ဘလော့မှာ စာတွေရှိ။

ဆရာ့စာတွေဖတ်ပါတယ်ဆရာ ရာသီမမှန်လို့ ဘယ်ရက်မှာစစ်ရမယ်မသိလို့ပါဆရာ ကျေးဇူးပါရှင့်

Ovulation test မျိုးဥ ထွက်-မထွက် စမ်းနည်း https://doctortintswe.blogspot.com/2014/11/ovulation-test.html

ဒေါက်တာတင့်ဆွေ

ဆေးအလေးချိန်

ဆေးမှာပါတဲ့ အလေးချိန်လေး မရှင်းလို့ မေးပါရစေ 200mcg နဲ့ 50g ဆိုတာ တူညီပါသလားဆရာ ဆေးကဒ်မှာ 200mcg လို့ ရေးထားပြီး ဆေးအတုံးမှာ 50 g လို့ ရေးထားလို့ပါ ဆရာ

1 kilogram (kg) =1,000 g
1 gram (g) = 1 g
1 milligram (mg) = 0.001 g
1 microgram (µg) = 0.000 001 g
1 mg = 1,000 micrograms
1.25 mg = 1,250 mcg

ဒေါက်တာတင့်ဆွေ

မာဆိုတာ ကျန်းမာတာ

၁။ အမွှာမွေးနည်း ပို့ပေးပါနော်

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂။ ဗိုက်တာမင် ဘီ ဝမ်းက ဘာအတွက်ကောင်းပါသလည်

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၃။ ဆရာ မင်္ဂလာပါ ကလေးတွေမာ သွေးဖြူဥ နည်းရင်ဘာတွေဖြစ်တတ်လဲပီးတော့များရင်ရောဘာတွေဖြစ်တတ်လဲဆရာ

အဲလို ယေဘုယျမေးခွန်းမျိုးကို ဘယ်လိုလူမျိုးကမေးမှန် မသိရင် မဖြေပါ။ သိလိုသူက ကိုယ်တိုင်ဖြစ်တာလား၊ သားသမီး မိဘအတွက်လား၊ သိလိုသူက သားဖွာဆရာမ သူနာပြု ဆေးကျောင်းသားလား စာတမ်းပြုနေသူလား မသိရင် ဘယ်လိုဖြေရမလဲ ချင့်ချိန်ရတာ ခက်တယ်။

ကလေးတွေမာလို့ရေးတာ ဟထိုးကျနေရစ်ခဲ့တာလား ထည့်ရမှန်း မသိတာလား စဉ်းစားရသေးတယ်။ မာဆိုတာ ကျန်းမာတာ၊ မပျော့တာ။

ဒေါက်တာတင့်ဆွေ

Allergic Rhinitis အလာဂျီ နှာခေါင်း

ရောဂါလက္ခဏာခံစားရတာက အမျိုးသားပါ အသက်က ၃၆နှစ်ပါရှင့် ဆောင်းတွင်းရာသီရောက်ပြီဆိုရင် နေရောင်မြင်တာနဲ့ နှာချေပြီး မျက်ရိုးတွေထိုးကိုက်လာပါတယ် မျက်နှာပြင်ကလဲနီရဲနေပါတယ် တခါတရံ လက်အဆစ်လေးတွေဖောင်းပြီးကွေးဆန့်တဲ့အခါ တင်းပါတယ် ပြီးတော့ အာ့လိုခံစားရတဲ့အခါဆို ရေထိရင်ပိုဆိုးပြီးယားလာတယ်လို့လဲပြောပါတယ် ဆေးလိပ် နဲ့ အရက် ဘီယာတော့သောက်ပါတယ်ရှင့် ရောဂါလက္ခဏာလေးကဘာဖြစ်နိုင်တယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်ရှင့်

တေ ၂ လုံးကို ပြင်လိုက်တယ်။ ရရစ်မပါတဲ့ ပတွေကိုလည်းပြင်လိုက်တယ်။
Allergic Rhinitis အလာဂျီ နှာခေါင်း https://doctortintswe.blogspot.com/2018/10/allergic-rhinitis.html

ဒေါက်တာတင့်ဆွေ

ကျား မ မသိ

(ကန်တော့)

အသက် ၂၁ ပါဆရာ ဆီးသွားရင်စပ်ပါတယ်ဆရာ အဖြူအရည်တွေလဲထွက်ပါတယ် ရောင်ရမ်းခြင်းမရှိပါ ဆီးသွားမှစပ်ခြင်း ဖြစ်ပါတယ်ဆရာ ဆီးပူညောင်းကျရောဂါလို့ ပြောကြပါတယ် ဟုတ်ပါသလားဆရာ ထိုကိစ္စကမိန်းကလေးမှသာ ကူးစက်တက်ပါတယ်လို့ ပြောပါတယ် အဲ့ဒါရောမှန်ပါသလားဆရာ ဤမိန်းကလေးရော ဘယ်လိုအခြေအနေမှ ကူးစက်ပါသလဲဆရာ ကျေးဇူးတင်ပါတယ်

ဖြစ်တဲ့သူ ကျား-မ မသိ။ ကျားရောမ ပါ ဖြစ်နိုင်။ အိမ်ထောင်ရေး မသိ။ မပြောပဲ သိလိုရင် မေးနည်းပါ ဘလော့မှာ ဖတ်နိုင်။

ဒေါက်တာတင့်ဆွေ

Swollen Feet ခြေထောက်ပုံအတွက် ကန်တော့

အသက်က ၅၅နှစ်ပြည့်ပြီးပါပြီ။ လူကလည်း ၀ပါတယ်ရှင့်။ အရပ်က ၅ပေ ၉လက်မ ပေါင်ချိန်က ၂၁၆လောက်ရှိပါတယ်။ အရက်လည်း အချိန်ပြည့်မူးနေတာမဟုတ်ပေမဲ့ နေ့တိုင်းသောက်ပါတယ်ရှင့်။ အခုတလော ခြေထောက်ကယောင်နေပါတယ်။ ပထမ ဘယ်ဘက်ခြေဖမိုး စရောင်ပါတယ်ရှင့်။ အလုပ်ကလည်း လမ်းလျှောက်ရတာများပါတယ် အခုရက်ပိုင်း ခြေထောက် ၂ဖက်စလုံးယောင်နေလို့ပါရှင့်။ ဆေးခန်းလည်းသွားခိုင်းလို့မရလို့ပါရှင့်။ ဒူးလည်းနာနေပါတယ်။ ကျေးဇူးပြုပြီး အစားအသောက်ရှောင်ရန်လေးတွေနဲ့ နည်းလမ်းလေးပြောပြပေးပါဆရာရှင့်။ အဖေက အမြဲလှုပ်လှုပ်ရှားရှား နဲ့တော့ရှိပါတယ်ရှင့်။ ဆေးခန်းသွားခိုင်းလို့မရလို့ပါရှင့်။ ကျေးဇူးတင်စွာဖြင့်

သွေးတိုး တိုင်းရမယ်။ ဆီးချို စစ်ရမယ်။ ယူရစ်အက်စစ် စစ်ရမယ်။ အသည်အခြေအနေပါ စစ်သင့်။

ရောင်လို့ ရေးသင့်။ ယောင်ဆိုတာ ယောင်နန၊ ယောင်ချာချာ။

ဒေါက်တာတင့်ဆွေ

Implant and Ringworm မေးခွန်းများ

၁။ ဆရာခင်မျာ့ ပေါင်ကြားက ပွေးတွေအမြစ်ဖြတ်နိုင်မယ့် ဆေးရှိရင် ညွှန်းပေးစေချင်ပါတယ် ဆေးလိမ်းလည်း ခဏပဲ သက်သာတယ်  ပြန်ပေါ်လာလို့ပါ

Ringworm ပွေး https://doctortintswe.blogspot.com/2014/12/ringworm.html

ခနကို ခဏလို့ပြင်လိုက်တယ်။ နဆိုတာ ယောင်နန။

၂။ သမီးကနို့တိုက်မိခင်ပါ Primolut n တလုံးသောက်မိပါတယ် ကလေးဘာဖြစ်တတ်သလဲရှင့်
ကလေးကခုမှ၂လပဲရှိသေးလို့ပါ

Primolut N အမျိုးသမီးသုံးဆေး https://doctortintswe.blogspot.com/2015/01/primolut-n.html

ဆရာရှင့် လက်မောင်းထည့်တားဆေးအကြောင်းသိချင်ပါတယ်ရှင့်

Contraceptive implant questions ကိုယ်ဝန်တားအရေပြားအောက် ထားရတဲ့ပစ္စည်း https://doctortintswe.blogspot.com/2014/11/contraceptive-implant-questions.html

ဒေါက်တာတင့်ဆွေ

Mercury poisoning ပြဒါးဆိပ်

မင်္ဂလာပါဆရာ ကျွန်မအသက် ၃၃ နှစ်ပါ ညကထမင်းစားရင်း ပန်းကန်ထဲ လက်လက်လက်လက် သေးသေး အမှုန်လေးတွေ တွေ့လို့ အမေ့ကိုမေးကြည့်တော့ အဲ့ဒါပြဒါးတွေလို့ပြောပါတယ်ဆရာ အမေက ကွမ်းရွက်လေးထဲထည့်ပြီး စုလိုက်တော့ အလုံးလေးတလုံးဖြစ်သွားပါတယ်ဆရာ အစားအသောက်ထဲ အဲ့လိုပါလာတာ အရမ်းကို အံသြရပါတယ် စားနေတဲ့ထမင်းထဲမှာ အသင့်စားလက်ဖက်နဲ့ ဆိုင်ကမန္တလေးပဲကြော်နဲ့ပါဆရာ ပြဒါးဆိပ်သင့်မှာလည်းကြောက်မိပါတယ် စားမိသွားရင်ဘာတွေများလုပ်ဖို့လိုမလဲဆရာ ကျေးဇူးတင်ပါတယ်ဆရာ

မေးတဲ့သူက Facebook User ဖြစ်နေလို့ ပြန်စာပို့မရပါ။ အဲလိုမေးလာတာတွေ နေ့တိုင်းလိုလိုလာတယ်။ မေးတဲံသူ အကောင့် တခုခုဖြစ်နေသလား။ ဘလော့ထားတာလား မသိ။ ဆောရီး။

Mercury poisoning ပြဒါးဆိပ်သင့်တာကနေ Acrodynia (Pink disease) ပန်းရောင်ရောဂါ၊ Hunter-Russell syndrome ဆင်ဒရုမ်းရောဂါ၊ Minamata disease ရောဂါတွေကိုဖြစ်စေပါတယ်။

ပြဒါးဆိပ်သင့်သူတွေမှာ အာရုံခံမှုအားနည်းလာမယ်။ အမြင်-အကြားနဲ့ စကားပြောတာတွေဖြစ်တယ်။ ထိန်းညှိပြီး လုပ်ရတာတွေမှာလည်း အားနည်းလာမယ်။ ထုံကျင်တာ၊ ယားယံတာ၊ ပူလောင်တာ၊ နာတာ၊ အင်းဆက်ကောင် ကိုက်ခံရသလိုနေတာတွေဖြစ်မယ်။ အရေပြားအရောင်ပြောင်းမယ်။ ပါးတွေ၊ လက်ထိပ်-ခြေထိပ်တွေ ပန်းရောင် သန်းလာမယ်။ ရောင်နေမယ်။ တံတွေးများမယ်။ ချွေးများမယ်။ သွေးတက်မယ်။ နှလုံးခုန်မြန်မယ်။ ကလေးတွေမှာဖြစ်ရင် ကျောက်ကပ်ထိခိုက်မယ်။ အိပ်မရဖြစ်မယ်။ စိတ်လှုတ်ရှားမှုထိခိုက်မယ်။

ပြဒါးပါနေတာတွေကို ဖယ်ရှာရမယ်။ ရေ + ဆပ်ပြာနဲ့ဆေးရမယ်။ မျက်စိထဲဝင်ရင် ဆားရည်နဲ့ဆေးပါ။ Chelation therapy ကုသနည်းလုပ်ရမယ်။ DMSA, 2,3-dimercapto-1-propanesulfonic acid (DMPS) ကိုသုံးတယ်။ FDA အသိအမှတ်ြု့တားတယ်။ D-penicillamine (DPCN) or dimercaprol (BAL) ဆေးတွေလည်းသုံးတယ်။ ဆေးကုရင်ပျောက်နိုင်တယ်။

Chindwin River dangerously polluted by mercury သတင်း ၁ဝ-၂-၂ဝ၁၄ နေက ထွက်ခဲ့တယ်။ ချင်းတွင်းမြစ် အထက်ပိုင်း ကလေး-ကဘော် လွင်ပြင်မှာ ရွှေတူးဖေါ်ရေးလုပ်ရကနေဆက်ပြီး ပြဒါးဆိပ်သင့်မှု ဖြစ်ပါတယ်။ ငါးတွေကိုလည်း ပြဒါးဆိပ်သင့်နေပါပြီတဲ့။

ဒေါက်တာတင့်ဆွေ

Platelets သွေးမှုံနည်းခြင်း

ဆရာ ကျွန်တော်အသက်၂၂ မ ပါ။ ၁၃နှစ်က သွေးလွန်တုတ်ကွေးဖြစ်ဖူးပါတယ်။ Platelets ၁၂ထိကျပါတယ် ကိုယ်တွင် အနီစက်များ တပြင်လုံးထခဲ့ပါသည် ၁၇နှစ်မှာလဲအလားတူဖြစ်ပေမယ့် မပြင်းထန်ခဲ့ပါ။ ယခုမိတ်ဆွေများနှင့် တခါတရံ ပွဲတွင် အရက်သောက်ပါက ကိုယ်တွင် အနီရောင်အစက်များပေါ်လာပါသည် ခံစားရပုံမှာလဲ သွေးလွန်တုတ်ကွေး တုန်းကလို စူးပြီးအလွန်ယားပါသည် ကုတ်လေယားလေဖြစ်ပါသည် ဖြစ်ပါက တပတ်လောက်ကြာပါသည် ရိုးရိုး allergy လား platelets ကြောင့်လားသိချင်ပါသည် ဘာဆေးစားသင့်ပါသလဲ ဖြစ်ပါကဆရာဝန်နှင့်ပြသင့်ပါသလား သိချင်ပါသည်

အလာဂျီကြောင့်ဖြစ်တာကို အင်ပျဉ်ခေါ်တယ်။ သွေးမှုန်နည်းလိုဖြစ်တာကို သွေးခြည်ဥခေါ်တယ်။ အရောင် မတူကြပါ။ သွေးမှုံနည်း မနည်း စစ်ရင်သိတယ်။ အစားအသောက်ကြောင့်ဖြစ်တာက အလာဂျီ။ အရက် (အယ်လ်ကိုဟော) နဲ့ မတည့်သူတွေရှိတယ်။

Petechiae သွေးခြည်ဥ (သို့) စုန်းကိုက်တာလား https://doctortintswe.blogspot.com/2017/06/petechiae.html
Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင် https://doctortintswe.blogspot.com/2015/01/thrombocytopenia.html

ဒေါက်တာတင့်ဆွေ

Gonorrhea ကန်တော့ပါ မေးခွန်း

အသက် ၂၁ ပါဆရာ ယောက်ကျားလေးပါ လူပျိုပါ ဆီးသွားရင်စပ်ပါတယ်ဆရာ အဖြူအရည်တွေလဲထွက်ပါတယ် ရောင်ရမ်းခြင်းမရှိပါ ဆီးသွားမှစပ်ခြင်းဖြစ်ပါတယ်ဆရာ ဆီးပူညောင်းကျရောဂါလို့ပြောကြပါတယ်ဟုတ်ပါသလားဆရာ ထိုကိစ္စက မိန်းကလေးမှသာ ကူးစက်တက်ပါတယ်လို့ပြောပါတယ် အဲ့ဒါရောမှန်ပါသလားဆရာ ဤမိန်းကလေးရောဘယ်လို အခြေအနေမှ ကူးစက်ပါသလဲဆရာ ကျေးဇူးတင်ပါတယ်

Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား https://doctortintswe.blogspot.com/2015/06/chlamydia-and-gonorrhea.html

ကူးစက်တက် မဟုတ်။ ကူးစက်တတ်လို့ ရေးရတယ်။ တက်ဆိုတာ အပေါ်တက်တာ၊ အတန်းတက်တာ။ တတ်က တတ်မြောက်တာ၊ ဖြစ်တတ်တာ။

ဒေါက်တာတင့်ဆွေ

Hepatitis B and Pregnancy ကိုယ်ဝန် နှင့် ဘီပိုး

မင်္ဂလာပါ ဆရာ ကျမသားလေးက ၄လပါ သားမွေးဖို့ဆေးစစ်တုန်းက b ပိုးတွေ့တယ်ပြောပါတယ်ဆရာ သားကိုတော့သူတို့ကာကွယ်ဆေးထိုးပေးပါတယ် အဲ့ဒါ နောက်ဆက်တွဲဖြစ်နိုင်တာလေးနဲ့ဘယ်လိုဆက်လုပ်ရမယ်ပြောပြပေးပပါလားဆရာ

နေ့တိုင်းလိုလို ဖြေရပါတယ်။ ဆောရီး။

Hepatitis B and Pregnancy ကိုယ်ဝန် နှင့် ဘီပိုး https://doctortintswe.blogspot.com/2014/11/pregnancy-and-hepatitis-b.html

ဒေါက်တာတင့်ဆွေ

Ulnar Nerve အာလ်နာ အာရုံကြော

မင်္ဂလာပါ ဆရာခင်ဗျာ ကျွန်တော်ကတော့ အသက်၂၈နှစ် ဖြစ်ပါတယ် ယခုလက်ရှိခံစားနေရတဲ့ဝေဒနာက ကျွန်တော့် ညာဘက် တံတောင်ဆစ် ထဲကနေနာပြီး ညာဘက်လက်သန်းကြွယ်ကို အားစိုက်ပြီးကွေးလိုက်ရင် အရမ်းသိသာပြီး နာပါတယ် အလုပ်ထဲကနေရလာတဲ့ဒဏ်ရာဖြစ်ပါတယ် အလုပ်အကိုင်ကတော့ နိုင်ငံ အအေးခန်းဝက်သားဒိုင်မှာ ဝက်သား ၃နှစ်ခန့်လှီးခဲ့ဖူးပါတယ် သင့်တော်မည့်ဆေးဝါးကုသမှုကို လမ်းညွှန်ပေးပါခင်ဗျာ ကျေးဇူးတင်ပါတယ်။

ဆောရီး။ တံတောင်ဆစ် အတွင်းဘက် နေရာမှာ အာလ်နာ အာရုံကြောရှိတယ်။ အဲတာကနေ ဆက်ဆင်းတဲ့ အာရံကြောသေးသေးလေး ရောင်တာဖြစ်ခဲ့နိုင်တယ်။ အလုပ်ပြောင်းနိုင်ရင်ပြောင်းသင့်။ ပါရာစီတမော သို့မဟုတ် အိုင်ဘူပရိုဖင်ဆေးက ရောင်တာကို သက်သာစေမယ်။ တချို့တော့ ခွဲစိတ်ပေးရတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

It’s all the same အရေးနှစ်ပါး မခြားနား

(၅ နှစ်တိတိကရေးတဲ့စာ)

နိုင်ငံရေးလဲလုပ်တဲ့ ဆေးဆရာ အနှစ်နှစ်ဆယ်ကြာတော့မှသာ သိရှိလာ။

ကောင်းတာတွေရေးပေမဲ့ ဖတ်သင့်သူတွေက မဖတ်ကြတာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး။

မကောင်းတာတွေရေးပြပေမဲ့ ဖတ်သင့်သူတွေက မဖတ်ကြတာ ကျန်းမာရေး၊ အရက်ဘေးနဲ့ မူးယစ်ဆေး။

ငါးနှစ်ကြာ ပြင်စရာမရှိသေးပါ။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၃
၂-၁၂-၂ဝ၁၈

Caffeine ကေဖင်းပါသောက်စရာများ

ကေဖင်းပါတဲ့ အင်နာဂျီသောက်စရာတွေကနေ နှလုံးခုန်ုမှုကို တမျိုးတမည်ဖြစ်စေတယ်လို့ ၂-၁၂-၂ဝ၁၃ နေ့က သတင်းထွက်ပါတယ်။

ဂျာမဏီနိုင်ငံ ဘွန်းတက္ကသိုလ်သုတေသနတခုမှာ လူ ၁၇ ယောက်ကို ကေဖင်းပါတဲ့ အင်နာဂျီသောက်စရာတွေ သောက်စေပြီး ၁ နာရီမှာ ဆေးစစ်စမ်းသပ်မှုပြုတော့ သူတို့ရဲ့နှလုံးတွေက ပုံမှန်ထက်ပိုပြီး ပြင်းထန်အောင် ညှစ်ထုတ်တာ တွေ့ရတယ်။ စမ်းသပ်မှု လုပ်ရာမှာ Caffeine ကေဖင်း 32mg per 100ml နဲ့ Taurine တော်ရင်း 400mg per 100ml တွေကို သောက်စေခဲ့တာဖြစ်ပါတယ်။

မြောက်အမေရိက ဓါတ်မှန်အသင်းကနေ ကျန်းမာရေးမကောင်းတဲ့ ကလေးတွေနဲ့လူနာတွေကို ဒီလိုအရည်တွေ မသောက်ဘို့အကြံပြုထားပါတယ်။ ဒီလိုသောက်စရာတွေထဲမှာ ကော်ဖီနဲ့ ကိုလာမှာပါတာထက် ကေဖင်းဓါတ်က ၃ ဆလောက်များနေတယ်။

ကေဖင်းရဲ့ဘေးထွက်သက်ရောက်မှုတွေထဲမှာ နှလုံးခုန်မြန်စေတယ်၊ ရင်တုန်မယ်၊ သွေးဖိအားတက်မယ်၊ ဆိုးတဲ့သူဆိုရင် တက်မယ်၊ ကံမကောင်းရင် သေစေနိုင်ပါသေးတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၆
၂-၁၂-၂ဝ၁၈

အသက် 52 Male

အစာအိမ်ရောဂါ အကြောင်းမေးပါရစေ။ ဗိုက်ထဲလေဖောင်းပြီး ရင်ကိုထိုးနေပါသည်။ ဝမ်းပျုက်တတ်ပါသည် ခါးအရမ်းနာနေပါသည်။ ညအိပ်မပျေုာ်ပါ တရေးနိုးပြီးပြန်အိပ်မရ တညကို ၅နာရီခန့် သာအိပ်ရပါသည် အမြဲတမ်းလိုလို နာခေါင်းထဲယားယံပြီး နာချေုပြီးနာရေယိုပါသည် ။ ဘယ်လိုကုရမလဲသိချုင်ပါသည် ဆေးခန်းပြတိုင်း ဆရာဝန်ပေးသည့် ဆေးသောက်တာ မပျေုာက်ပါ အသက် 52 Male

Insomnia အိပ်မရခြင်း https://doctortintswe.blogspot.com/2017/03/insomnia.html
Diarrhea ဝမ်းပျက်ခြင်း https://doctortintswe.blogspot.com/2018/03/diarrhea.html
Allergic Rhinitis အလာဂျီ နှာခေါင်း https://doctortintswe.blogspot.com/2018/10/allergic-rhinitis.html
Low Back Pain ခါးနာ သက်သာစေရန် https://doctortintswe.blogspot.com/2017/08/low-back-pain.html

ဒေါက်တာတင့်ဆွေ

Breast Milk Supply နို့ထွက်နည်းနေရင်

ဆရာရှင့် ကျွန်မအသက် ၃၀ ပါ ကလေးမွေးထားတာ ကလေးက ၅၁ရက် ရပါပြီ ကျွန်မ ကလေးမွေးပြီးကတည်းက နို့ထွက်အား ကောင်းပါတယ် လွန်ခဲ့တဲ့ ၁၀ရက်လောက်ကစပြီး တစ်နေ့၂ကြိမ် နို့ညှစ်စက်နဲ့ နို့ညှစ်ပြီး ကလေးကို နို့ဗူးနဲ့ တိုက်ပါတယ် နို့ဗူးကျင့်တာပါ ဒီတိုင်းလည်း ကလေးကို ပုံမှန်နို့တိုက်နေပါတယ် အခု နို့ထွက်အားမကောင်းတော့တာ ၃ရက်လောက်ရှိပါပြီ နို့ညှစ်စက်နဲ့ ညှစ်ရင် နို့ခမ်းတတ်တယ်ဆိုတာ ဟုတ်ပါသလား ဆရာ ဒါမှမဟုတ် နို့အထွက်နည်းစေတဲ့ ဆေး အစားအစာများစားမိလို့များလားလို့ စိတ်ပူနေလို့ပါ နို့အထွက်နည်းစေတဲ့ အကြောင်း နို့အထွက်နည်းစေတဲ့ ဆေး အစားအစာများကို သိချင်ပါတယ်ရှင့်

• Breast Milk Supply နို့ထွက်နည်းနေရင် https://doctortintswe.blogspot.com/2014/11/breast-milk-supply.html
• Breast Milk မိခင်အစားအသောက်နဲ့ နို့ရည်
https://doctortintswe.blogspot.com/2017/09/breast-milk.html
• Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
• Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html

ဒေါက်တာတင့်ဆွေ

ဆိုတာ ဘာလဲ

အသက် ၆၀အမေ အမျိုးသမီးကင်ဆာ ဆဲလ်တွေပေါလာပါတယ်ဆရာ အဲ့လိုကင်ဆာမျိုးက အဖြစ်နည်းသလို ပြန်နှံမူကနှေးတယ်လို့ ကြားဖူးပါတယ် လက်ရှိဆေးအညာတွေအရ ကုလို့ပျောက်နိုင်ပါသလားဆရာ အဲ့လိုရောဂါမျိုး ဘယ်လောက် level ဆို ကုသရခတ်ခဲသွားပြီလဲ ကျန်းမာရေးအနေထားအရ  ဘယ်လို စားသုံးပီး နေထိုင်သင့်ပါသလဲ
အချိန်ရရင် ဆရာပြန်ဖြေးပါခင်ဗျ သဘာဝဆေးနည်းလေးတွေရှိရင် ထိန်းချုပ်လို့ရအောင် လမ်းညွန်ပေးပါအုံးဆရာ ငွေကြေး သိမ့်မတက်နိုင်လို့ပါဆရာ အမေ ကျောက်ကပ်ရောဂါအခံလည်းရှိပါတယ်ဆရာ လွန်ခဲ့တဲ့၎နှစ်က ဖြစ်တယ်ဆိုပေမဲ့ မဆိုးရွားပဲအများကြီးသက်သာလာပါတယ် Fame နဲ့ပြပါတယ် ဆရာ တကယ်လို့ ကင်ဆာကုထုကုရင် ဘယ်လိုကြုံလာနိုင်ပီး ဘာတွေကို ကြိုကာကွယ်ဖို့လိုအပ်ပါသေးလဲဆရာ

အမျိုးသမီးကင်ဆာ ဆဲလ်တွေဆိုတာ ဘာလဲ။ ဆေးစစ်ချက်စာကြောင်း ပုံမဟုတ် သိပါသလား။

သဘာဝဆေးနည်းလေးတွေဆိုတာ ဘာလဲ။ အရပ်နည်း လမ်းဘေးနည်း တရုပ်ကုလားနည်းတွေမှာ ဆေးသုတေသနမရှိပါ။

Fame နဲ့ပြပါတယ်ဆိုတာကော ဘာလဲ မသိ။ မေးခွန်းတွေအရတော့ ကြော်ငြာဆေးအမျိုးမျိုးထုတ်တာလား မပြောတတ်။ ရောဂါအလိုက် အထူးကုဆရာဝန်တွေရှိတယ်။

ဒေါက်တာတင့်ဆွေ

Insomnia အိပ်မရခြင်း

ကျွန်တော် အသက် ၂၅နှစ်ပါဆရာ။ အိပ်မပျော်တာ ၂နှစ်လောက်ရှိပြီ အိပ်ပျော်ရင်လည်း ၃ခါလောက် လန့် နိုးတတ်ပါတယ် နှလုံးခုန်တွေ လည်း ပုံမှန်ထက်မြန်ပါတယ် ဆရာ။ အိပ်ပျော်အောင် နည်းအမျိုးမျိုးလုပ်ကြည့်ပါတယ် အဆင်မပြေဘူးဆရာ။

ဖတ်နိုင်တဲ့စာတွေ -
1. Insomnia အိပ်မရခြင်း https://doctortintswe.blogspot.com/2017/03/insomnia.html
2. Pregnancy and Sleeping pills ကိုယ်ဝန်နဲ့ အိပ်ဆေး http://doctortintswe.blogspot.com/2014/11/pregnancy-and-sleeping-pills.html
3. Sleeping pills အိပ်ဆေး http://doctortintswe.blogspot.com/2014/11/sleeping-pills.html
4. Sleeping Question မအိပ်ဘဲနေ အသက်ရှည်မလား https://doctortintswe.blogspot.com/2018/08/sleeping-question.html
5. Melatonin မယ်လာတိုနင် https://doctortintswe.blogspot.com/2016/03/melatonin.html

ဒေါက်တာတင့်ဆွေ
၂-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး