Questions on 11-12-2018
Asthma ကိုယ်ဝန်နဲ့ ပန်းနာ
၁။ ဆရာရှင် ကျမ အသက်က ၃၂နှစ်ပါ ကျမ မှာ ရင်ကြပ်ရောဂါ ရှိပါတယ် ကိုယ်ဝန်က ၄လထဲမှာပါ ကျမတို့ဒေသက ဆရာဝန်က ရင်ကြပ်ရောဂါရှိလို့ ကလေးဖွားတဲ့အခါ ခွဲမွေးလို့မဖြစ်ဘူးလို့ပြောပါတယ် ခွဲမွေးလို့ရပါ့မလား ဆရာ
မေ့ဆေးဆရာဝန်က ဆုံးဖြတ်ပါတယ်။ ပန်းနာလား မသိ။ ပန်းနာဆိုတာ ဘယ်အချိန်ထကြပ်သလဲလည်းရှိ။ မေ့ဆေးလည်းရွေးနိုင်တယ်။ တင်ကြိုပြောရတာ ခက်တတ်တယ်။ ကျွန်တော့်မွေးလူနာတယောက် ကြုံရဘူးတယ်။
Asthma (2) ပန်းနာ အဆက် https://doctortintswe.blogspot.com/2014/11/asthma-2.html
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
ဆီးလမ်း မေးခွန်းများ
(ကန်တော့)
၁။ အသက်က ၃၃ပါ ယောက်ျားလေးပါ ခဏခဏဖျားပါတယ် ခေါင်းအုံနေပါတယ် ခါးကျောက်ကပ်နေရာကကိုက်ပါတယ် ဆီးသွားရင် ပထမအနှစ်အဖတ်နည်းနည်းပါပြီးမှ ပုံမှန်ဆီးအရောင်သွားပါတယ်။
ကျောက်ကပ်အတွက် ဓါတ်မှန် သို့မဟုတ် အာထွာဆောင်းရိုက်ပါသလား။ ဆီးစစ်ပါသလား။ ဖျားစေတဲ့အကြောင်း အမျိုးမျိုးရှိတယ်။ ဆီးလမ်းပိုးဝင်တာလည်း အပါအဝင်ဖြစ်တယ်။
၂။ ကန်တော့ပါတယ်ဆရာ ဆရာခင်ဗျာ ကျွှန်တော့အနေနဲ့ ဆီးကျင် ခြင်းဆီးအောင့်ခြင်း ဖြစ်ပေါ်နေပါတယ် အဲ့ဒါ ကာလသား လက္ခဏာ လား HIV လက္ခဏာ လားဖြေကြားပေးပါဦးခင်ဗျာ HIV ကူးစက်ရင် ဆီးကျင် ဆီးအောင့်တတ်လားခင်ဗျာ ကာလသားရောဂါတော့ဆီးကျင်ဆီးအောင့်တတ်မှန်းဖတ်ဖူးပါတယ်ခင်ဗျာ ကျွှန်တော့အနေနဲ့ HIV နဲ့ ကာလသားရောဂါ လက္ခဏာ ကိုခွဲခြားချင်လို့ပါခင်ဗျာ
HIV ကို ဆေးစစ်တာနဲ့ သိတယ်။ ခက်ခဲတာ မဟုတ်။ ကာလသားရောဂါ ခေါ် ဆစ်ဖလစ်ကိုလည်း သွေးစစ်တာနဲ့ သိတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
Cooking fumes ညှော်နံ့
မင်္ဂလာပါဆရာ ကျွန်မ အသိတယောက် အမျိုးသမီးပါ။ အသက် ၄၃နှစ်ပါ။ လွန်ခဲ့တဲ့ ၁နှစ်ခွဲခန့်က သားအိမ်မှာ အလုံးတည်လို့ ထုတ်ထားရပါတယ်။ လွန်ခဲ့တဲ့တလခန့်က ရင်သားဘယ်ဘက်ခြမ်းထဲက အောင့်သလိုလို ကိုက်သလိုလို ခံစားရတယ်တဲ့ဆရာ။ ဟင်းချက်လို့ အညှော်လုပ်တဲ့အခါမှာ အထက်ကပြောခဲ့သလိုခံစားရတယ်ဆရာ။ အညှော်မလုပ်ရင် မဖြစ်ဘူးတဲ့ဆရာ။ မိသားစုစိတ်ပူမှာစိုးလို့မပြောဖြစ်သေးပါဘူးတဲ့။ ဆရာ့ဗဟုသုတလေးမျှပေးပါဦးဆရာ။
မီးဖိုကလာတဲ့ ညှော်၊ စက်ရုံ ပတ်ဝန်းကျင်ကညှော်တွေအကြောင်း ခဏခဏတင်ထားတယ်။ အနံ့အသက်တွေပါလေ အောင်စီဂျင်နည်းလေဖြစ်တယ်။ ညှော်ထဲမှာ ဘာဓါတ်ပါသလဲအရ ကျန်းမာရေးကို သက်ရောက်စေနိုင်တယ်။ အရပ်ပြောဖြစ်တဲ့ ညှော်ကြောင့် အနာရင်တာ မဖြစ်ပါ။ ရင်သားဆိုတာ ဟော်မုန်းအပြောင်းအလဲနဲ့ဆိုတတ်တယ်။ ရှုသားစစ်ဆေးမှဥာ ရောဂါကိုသိမယ်။ ရင်သားနာခြင်းစာလည်း ခဏခဏတင်ထားတယ်။ စာတွေအားလုံး ဘလော့မှာရှိတယ်။
Cooking fumes ညှော်နံ့ https://doctortintswe.blogspot.com/2018/08/cooking-fumes.html
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
ဆရာရှင့်အဖြေလေးရှင်းပြပေးပါဦးရှင့်
ကင်ဆာမဟုတ်သော အကျိတ် ညာဘက်ရင်သား
ကျေးဇူးပါ ကျမပြတာ ခွဲစိတ်အထူးကုပါ ပါးစပ်ကပြောလိုက်တာ ဘာအကျိတ် ဘာအဖုမှမရှိဘူးဆိုပြီး နောက်ဂျီတက် 3 လုံးပဲ ပေးလိုက်တာပါဆရာ အခုစာထဲမှာကျအကျိတ်ရှိတယ်တဲ့ စိုးရိမ်ရလားဆရာ အဲ့ဒါဆိုတခြားဆရာပြောင်းပြမလို့ပါ
ရင်သားအကျိတ်စာတွေ ခဏခဏတင်ထားတယ်။ ကင်ဆာမဟုတ်တဲ့အကျိတ်တွေကို သည်အတိုင်းထားလေ့ရှိတယ်။ လိုအပ်သူကိုသာ အသားစဖြတ်ယူစစ်ဆေးတာလုပ်တယ်။ သိလိုသေး ဘလော့မှာ Benign Breast Lumps စာရှိတယ်။
Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ https://doctortintswe.blogspot.com/2018/07/breast-benign-lumps.html
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
Back Pain ခါးနာမေးခွန်း
ကျွန်တော် အသက်က ၃၆/ကျား ပါဆရာ နောက်ကျော ခါးရိုးဘေး ညာဖက်ခြမ်းက အောင့်အောင့်နေလို့ပါဆရာ ညာဖက် တင်ပဆုံရိုး နဲ့ ဒူခေါင်းရိုး နေရာတွေမှာလည်း နာယားကြီးဖြစ်ဖြစ်နေလို့ပါဆရာ ညာဖက်ခြေသလုံး ကြွက်သား နေရာကလည်း နာယားကြီးဖြစ်ဖြစ်နေလို့ပါ ဆရာ ၁/၂/၃ က ၂၄ နာရီ အမြဲတန်းအတူတူဖြစ်နေပါတယ်ဆရာ အေးလာရင် ပိုကိုက်ပါတယ်ဆရာ ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ဆရာ
သည်အတိုင်းတော့ ဘာလဲ သေချာပြောမရသေး။ ခါးနေရာ အာထွာဆောင်းရိုက်သင့်။ အနေအထိုင်အတွက် အထောက်အကူရစေမဲ့စာ ပို့လိုက်တယ်။
Low Back Pain ခါးနာ သက်သာစေရန် https://doctortintswe.blogspot.com/2017/08/low-back-pain.html
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
အီးမေး မေးခွန်းများ
(ကန်တော့)
၁။ ဆရာရှင့် ကျမ အသက် ၂၆ အိမ်ထောင်သက် ၁နှစ် သားဦးကိုယ်ဝန်လေးကို ၃လနဲ့ ၅ရက်မှာ နှလုံးခုန်ရပ်လို့ ခြစ်ခဲ့ရပါတယ် ၄လအကြာ အခုကိုယ်ဝန်ကိုရပါတယ် ကိုယ်ဝန်ကတော့ ၆ပတ်နဲ့ ၅ရက်ရှိပါ ပြီရှင့် ultrasound ရိုက်တာ ရိုက်တဲ့ဆရာကတော့ ကလေးတွေ့တယ် နေရာမှန်တယ် နှလုံးမခုန်သေးဘူး ပြောပါတယ်ရှင့် OG ကတော့ ကလေးမတွေ့သေး နှလုံးမခုန်သေးလို့ ပြောပါတယ်ရှင့် ထပ်လည်း မမေးရဲ နားလည်း မလည် စိတ်လည်း ပူနေတာမို့ ultrasound လေး ဖတ်ကြည့်ပေးဖို့ အကူအညီတောင်းရတာပါရှင်
ထပ်စစ်ရမယ်။ ပုံမှန်ကိုယ်ဝန်လို့ ပြောမရသေး။ ဆောရီး။
၂။ Hello ဆရာ ကျွန်တော် တခုလောက်မေးချင်လို့ပါဗျ။ ကျွန်တော် အသက် ၂၃ ပါဗျ။ ခု ကျွန်တော် ချိုင်း ပတ်လည်မှာ ယားလို့ကုတ်လိုက်တေ့ အဖုလေးတွေ ပေါ်လာပါတယ် ဆရာ။ အစကတော့ ရိုးရိုးမှတ်လို့ ပစ်ထားသေးတယ် ဆရာ။ မတတ်သာလို့ ဆေးခန်းသွားတော့ ဆရာဝန်က သောက်ဆေး ၁ကင်္ဒ ရယ် skilin လို့ခေါ်တဲ့ ညှစ်ဆေး တစ်ဘူးရယ် ပေးလိုက်တယ် ဆရာ အဲဒီ ကျွန်တော် အဖုအဖိန့်လေးတွေ ပေါ်လိမ်းပေးပါတဲ့ ဆရာ။ ၁ပတ်ကျော် လြာ
မေးခွန်းအရ ဘာဖြစ်သလဲ သေချာ မသိ။ စမ်းသပ်ကုသပေးတဲ့ဆရာဝန်ကသာ သိနိုင်။ အရပြားမှာ ယားစေတဲ့အနာ အမျိုးမျိုးရှိတယ်။ ဆရာက မသိသေး။
အီးမေးမှာ စာရေးနည်း မှားနေတယ်။ အပေါ်မှာ အကြောင်းအရာသာရေးရပြီး ရေးလိုတာကို အောက်မှသာရေးရတယ်။ အဲလိုမှားရေးသူတွေ မနည်းပါ။ နေရာလွဲတော့ စာ အဆုံးထိမပါ။
ပုဒ်မ ပုဒ်ထီးဆိုတာ မခြားပဲရိုက်ရတယ်။ အဲလိုမှားသူတွေလည်း များတယ်။
၃။ ကြွက်နို့ကို ဆေးခန်းကညွှန်ပြသည်အတိုင်း podophylline acid တို့ပြီး sodium Fusidate Ointment BP2% w/w ဆိုတဲ့ဆေးကိုလိမ်းပါတယ်ဗျ ခုတော့ကြွက်နို့ကနေဒီလိုအဖုအနာဖြစ်နေလို့ဗျ အပေါ်ကဆေးဘဲလိမ်းရမလား တခြားဆေး လိမ်းရမလားဗျ
ဖြစ်တဲ့သူ ကလေး လူကြီး မသိ။ အသက် မသိ။ ကျားလို့တော့ထင်တယ်။ မပြောလည်းရတယ်။ မေးနည်းထဲက ဘလော့မှာ ဖတ်ပါရန်။
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
ကွန်မင့်မေးခွန်း
ဆရာရှင့် သမီးလည်း အပူအအေးမမျှတဲ့ချိန် ချောင်းဆိုရင် ညဘက်အိပ်မရပဲရင်ကျပ်ပါတယ် အချိုလည်း အမြဲရှောင်ပါတယ်ဆရာ ဘယ်လိုနည်းတွေလိုက်နာသင့်လဲ အကြံပြုပေးပါဦးရှင့်
ASD မွေးရာပါ နှလုံးရောဂါ
ဆရာ မင်္ဂလာပါရှင့် လူနာက ကျွန်မရဲ့ တူလေးပါ အသက်က ၉ ရက်သားပါရှင် မိခင်က ရေမွှာစောပေါက်ပြီး ရေမွှာက နောက်လို့ ပိုးဝင်တယ်ဆိုပြီး ရန်ကုန်ကလေးဆေးရုံ ကြီးကို လွှဲခဲ့ပါတယ် ရန်ကုန်ဆေးရုံကြီးရောက်တော့ အသက်ရှုစက် အသေး ၂ ရက် တပ်ခဲ့ပါတယ် သွေးပျစ်လို့ မီးပြခဲ့ပါတယ် အခု Echo ရိုက်ကြည့်တာ နှလုံးမှာ အပေါ်ရော အောက်ရော အပေါက်သေး ၂ ခုပါတယ်လို့ ပြောပါတယ်ဆရာ ဆရာရေးထားတဲ့ ASD Course တွေကို ဖတ်ဖူးပါတယ်ဆရာ အခု ဆေးရုံက မဆင်းရသေးပါ ဆရာဝန်တွေက ၁ ရက် ၂ ရက်စောင့်ကြည့်ဦးမယ်ဆိုပါတယ် သူ့ ဘာသာသူ ပြန်ပိတ် မပိတ်စောင့်ကြည့်မယ်ပြောပါတယ်ဆရာ ဒီလို ရက်သားလေးအတွက် ASD 1 2 က အန္တရာယ်ရှိပါသလားဆရာ ရက်သားလေးအတွက် ဘယ်လို ကုသမှုမျိုးတွေနဲ့ ကုသနိုင်ပါသလဲ အပေါက် ၂ ပေါက် ဖြစ်နေတဲ့အတွက် အသက်ရွယ်ရတဲ့ထိ အန္တရာယ်ကင်းပါမလားဆရာရှင့် ကျေးဇူးပြုပြီးဖြေပေးပါရှင့်
ASD (1) နှလုံးအပေါက် (၁) https://doctortintswe.blogspot.com/2014/11/atrial-septal-defects-asd.html
ASD (2) နှလုံးအပေါက် (၂) https://doctortintswe.blogspot.com/2015/05/asd-2.html
Congenital Heart Disease မွေးရာပါ နှလုံးရောဂါ https://doctortintswe.blogspot.com/2018/08/congenital-heart-disease.html
မေးခွန်းပါသတ်ပုံ နည်းနည်းပြင်လိုက်တယ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
ကျ နှင့် ကြ
ကွန်မင့်မေးခွန်းတခုရတယ်။
သွေးကြ့ဆေးတွေနေ့စင်သောက်နေရတာကျောက်ကပ်ကိုထိ့ခိုက်စေနိုင်ပါသလားဆရာ
မေးနည်းစည်းကမ်းရှိ။ ကြ မဟုတ်၊ ကျ။ နေ့စဉ်လို့ရေးရတယ်။
ကျ
ကျကျနနဝတ်စားလာခဲ့ပါ
ကျနသေချာစွာလုပ်ပါ
ကျပန်း (ကျဖမ်း) စကားပြောပွဲ
ကျသင့်ငွေ
ကျသွားသည်
စားနေကျကြောင်ပါး
စာကို ကျကျနနဖတ်ပါ
စာရွတ်စာဖတ် ကျနသည်
စာရေးရာ စာကျ၍ မှားသည်
စိတ်တိုင်းကျ
ဆီးနှင်းကျ
တယောက်တခုကျ ယူပါ
ကြုံရာကျဘန်း မပြောရ
မတင်မကျ
မိုးဦးကျ
ရန်ကုန်ကျမှ တွေ့ကြအောင်
လုပ်နေကျ ကိုင်နေကျ
လုပ်နေကျအတိုင်းသာ လုပ်ပါ
သင်္ကြန်အကျနေမှာ ရေကစားပါ
သူငယ်နာကျဗဟုံး
သဘောကျ
အံဝင်ခွင်ကျ
အကျအပေါက်ကောက်တတ်သူ
အရွယ်ကျလာပြီ
အရာကျသည်
အားကျ
အကျွေးကျအောင်မသုံးပါနှင့်
ငွေကြေးအကုန်အကျများတယ်
ကြေးငွေကုန်ကျ
အောက်ကျနောက် မဖြစ်ပါစေနှင့်
ကြ
ကံကြမ္မာ
ကျီကြ
စိုးရိမ်ကြောင့်ကြ
ကြခတ်ဝါး
ကြငှန်း
ကြစုမိတ်သရက်
ကြစုသီး
ကြပို့ရွာ
ကြစေ့ပင်
ကြသောင်းဝါး
လာကြလေ
သွားကြမယ်
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
Skineal လိမ်းဆေး
ခဏခဏမေးကြတယ်။ မေးခွန်း နမူနာသာထည့်ပါမယ်။
၁။ အမျိုးသမီး အသက် ၃၂ ရာသီမှန် ခင်ပွန့်း့။ ဒေါက်တာ ဒီဆေးက ဘာအတွက် ကောင်းတာလဲ ဝက်ခြံကြောင့် ဖြစ်တဲ့ အမဲစက်ကို လိမ်းတာ အမဲစက်နဲ့ အမာရွတ်တွေကို လိမ်းကြည့်တော့ သက်သာသလို ခံစားရလို့ပါ မျက်နှာမှာ လိမ်းရင် ဆိုးကျိုးများ ရှိနိုင်မလား
၂။ မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၂၇နှစ်ရှိပါပြီဆရာ။ ကျွန်မ မျက်နှာမှာ ဓါတ်မတည့် ဖြစ်ပြီး ယားတာ မကြာခဏ အစားမှားရင်ပြန်ဖြစ်တက်တယ် ဆရာ။ ကျွန်မ အစားမှားပြီး မျက်နှာနည်းနည်း စပြီးယားလာပြီဆိုရင် skineal ကို ယားတဲ့နေရာမှာလိမ်းလိုက်ရင် သက်သာသွားပါတယ် ဆရာ။ တချို့က skineal က steroid ပါလို့ မလိမ်းရဘူးပြောပါတယ် ဆရာ။ skineal ကို side effects မရအောင် ဘယ်လိုလိမ်းရမှာလဲ ဆရာ။ ဒါမှမဟုတ်ရင် skineal ထက်ကောင်းတဲ့ဆေးကို ညွန်ပေးစေချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။
Skineal စကင်နီရယ်လိမ်းဆေးဆိုတာ Clobetasol Propionate, Ketoconazole and Neomycin Sulphate ဆေးတွေ ရောထားတာဖြစ်တယ်။ ပျောက်နိုင်ခဲတဲ့ နှင်းခူလိုအနာ၊ ဗက်တီးရီးယားသေဆေးနဲ့ ဖန်းဂတ်စ် ခေါ် မှိုဆေးတွေပါနေတယ်။
• Inflammatory skin conditions အရေပြားရောင်ရမ်ခြင်း၊
• Fungal infections ဖတ်းဂတ်စ် ခေါ် မှိုပိုးဝင်ခြင်း၊
• Itching ယားခြင်း၊
• Yeast infections of skin အရေပြားယိစ် ခေါ် မှိုတမျိုးဝင်ခြင်း၊
• Bacterial infections ဗက်တီးရီးယားပိုးဝင်ခြင်းနဲ့
• Adjunctive therapy in hepatic coma အသည်းမကောင့်တော့သူတွေအတွက် သုံးနိုင်တယ်။
• Preoperative preparation of the bowel အူလမ်းမခွဲစိတ်မီ ပြင်ဆင်မှုအတွက်လည်း သုံးတယ်။
ပဌမမေးတဲ့သူ ဒီဆေးက ဝက်ခြံဆေးမဟုတ်။ အမာရွတ်ပျောက်ဆေးမဟုတ်ပါ။ ဒုတိယမေးတဲ့သူမှာ အလာဂျီ ခေါ် တခုခုနဲ့မတည့်လို့ဖြစ်သလား စဉ်းစားရတယ်။ မတည့်တယ်ဆိုတာ အစားအစာကသာမဟုတ် အမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ Allergy Triggers စာတပုဒ်တင်ထားတာရှိတယ်။ အလာဂျီကြောင့်ဖြစ်တာအတွက် အလာဂျီဆေးနည်းနဲ့မှသာ သင့်မယ်။ စာတပုဒ်မက ရေးထားတယ်။ ဖန်းဂတ်စ် အတွက် စာတွေလည်းရှိတယ်။ ဝက်ခြံစာတွေလည်း ခဏခဏတင်တယ်။
ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၈
၁၁-၁၂-၂၀၁၈
နှစ်ခါ သုံးခါ ဖတ်ရတဲ့ မေးခွန်း
မင်္ဂလာပါဆရာကျမတခုမေးချင်လို့ပါHiVပိုးရှိလို့ဆေးသောင်မေရင်ဘီကိုတလါတလေသောက်လို့ရကါလားဆရာဆေးကိုကားအချိန်နေးနေးကွာသွားဒါတို့၈နာကိုသောက်ဒါနောက်နေ့မှာနောက်ကျဒါတို့မြန်သွားဒါတို့ဆိုဖြစ်ရင်ဖြစ်ပါလားဆရာတခေါင်ဖြေပေးပါနော်ဆရာ တောင်းပန်ပါတယ်ဆရာစာရေးဒါမှားသွားလို့ပါပို့ရှိလို့ဆေးသောက်နေဒါဘီရာကိုတခါတလေသောက်လို့ရပါလားဆရာ
မေးခွန်းကို ၂-၃ ခါထပ်ဖတ်ရတယ်။ အဲတာလည်း သိပ်တော့ နားမလည်သေးပါ။ HIV အတွက်ဆေးသောက်နေသူ ကျား-မ မသိ။ အသက် မသိပါ။
အချိန်နည်းနည်းလို့ ရေးရတယ်။ ကွာသွားတာ၊ နောက်ကျတာ၊ မြန်သွားတာလို့ ရေးရတယ်။ ဘီယာကိုရေးချင်တာလား မသိပါ။
ဆေးသောက်နည်းစာ ၂ ပုဒ် အခုပဲ တင်ထားတယ်။ အရက်နဲ့ဆေးအကြောင်းလည်း ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
TB တီဘီ မေးခွန်းများ
၁။ မင်္ဂလာပါဆရာ မေးချင်လို့ ပါ ဆရာ အခုလက်ရှိ အဖေက မောတာ အရမ်းမောလို့  ဆေးရုံတင် တယ်အဲ့ဆေးရုံက သလိပ်စစ်တော့ TB positive လို့ ပြောတယ် ဒါပေမဲ့  သလိပ်ဘူးထပ်ယူခိုင်းပြီး တစ်ခုကျန်သေးလို့ ထပ်စစ်ရအုံးလို့  ပြောတယ်ဆရာ ဆိုတော့ TB positive လို့အဖြေသိရပြီ ဒါပေမဲ့ ဘာကိုထပ်ပြီးစစ်ခိုင်းတာလဲ  အခုလို စစ်နေဆဲ ကာလကြားထဲမှာ လူနာက အရမ်းမောမောနေတော့ ဘယ်လိုမျိုးလေးတွေ treatment ပေးရမလဲ မောတာမှ နဲနဲလေး လှုပ်ရင်တောင် မောနေတာဆရာ အဲ့ဒါလေးသိချင်လို့ ပါ အမြန်ဆုံးဘယ်ချိန်လောက်သူတို့ ဆေးထုတ်ပေးမလဲဆရာ
ကျွန်တော့် စိတ်ထဲမှာကလဲ TB ဆေးစသောက်မှ အမောသက်သာမယ်ထင် ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိလို့ လှမ်းမေးတာပါဆရာ
ဆောရီး။ နေမကောင်းသူ အသက် မသိပါ။ ဆေးစစ်ချက်စာ (ပုံ မဟုတ်) မသိပါ။ ဆေးရုံတင်ထားတာ ကောင်းပါတယ်။ ကျွန်တော့်ကတော့ လူနာ့အခြေအနေကို မသိနိုင်ပါ။ ထပ်စစ်တယ်ဆိုတာ လိုလို့သာဖြစ်ပါမယ်။
၂။ ဆရာမင်္ဂလာပါရှင် ကျမအသက် ၄၁ပါရှင် မနေ့ကမနက် ၇ခွဲချိန်မှာ အိပ်ယာနိုးနိုးချင်း လည်ချောင်းမှာ သလိပ်လို ပျော့အိအိနဲ့ဖြစ်နေလို့ ဟက်ထုတ်လိုက်တာ သွေးဖြစ်နေလို့ပါဆရာ ရာသီလည်းမှန်ပါတယ်ရှင် အပျိုပါဆရာ မနေ့ကမှဖြစ်တာဆိုတော့ ဆရာ့ကိုအရင်ဆုံး မေးမြန်းအကူညီတောင်းတာပါဆရာ ဆရာကူညီပေးပါအုံးရှင်
Hemoptysis ချောင်းဆိုး သွေးပါ https://doctortintswe.blogspot.com/2018/07/hemoptysis.html
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂၀၁၈
Comments
Popular posts from this blog
ကျန်းမာခြင်းသည် လာဘ်တပါး
Furamin BC သံဓါတ်အားဆေး