Questions on 13-12-2018

ကလုန် ကလုန်

ခဏနေရင် အိပ်ရတော့မယ်။ မနက်ထကလာတဲ့မေးခွန်းတွေက သိပ်အဆင်မချောလှပါ။ ညဦးပိုင်းရောက်တော့ မေးနည်း မကျတာတွေ လာတယ်။

အခုညဥ့်နက်လာပြီ။ ဖုန်းကနေ ကလုန် ကလုန်သံတွေ ဆက်တိုက်ကြားနေရတယ်။ အဲတာ မေးခွန်းတွေ။ အိပ်ရင် ဖုန်းပိတ် အိပ်ရတယ်။ အသံပိတ်ထားတာနဲ့ မရ။

ကလုန်သံတွေမှာ မေးနည်းမှန်ပါစေသတည်း။ သတ်ပုံမမှန်တာက ပြင်ဖတ် ပြင်ရေးလို့ရတယ်။ အထီးအမ မပြောတာကို ဖြေမရ။ ကလေးလူကြီး မသိတာကို မဖြေတတ်။

မနက်ထရင် အဲတာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁၈

အန္တရာယ်

ညတုန်းက ကလုန်ကလုန်စာရေးပြီး အိပ်တာ ဆုတောင်းကောင်းခဲ့တယ်။ ကနေ့မနက် အသက်-ကျား-မ မပြောပဲမေးတာ တခုသာလာတယ်။ မေးခွန်း ၂ဝ လောက်ဖြေပြီးပြီ။ ရေဒီယိုတခုကမေးတဲ့ ကျန်းမာရေးအင်တာဗျူးတခုလည်း ဖြေပြီးပြီ။

ဆရာရယ် ဒီနေ့ကျနော် medical check-up မှာ LDL 160 နှင့် SGPT 44 ပြပါတယ်။ အန္တရယ်ရှိပါသလား။ ဘယ်ဆရာဝန်နှင့် ပြရမလဲသိချင်ပါတယ်။

အန္တရယ်ကို အန္တရာယ်လို့ပြင်ရမယ်။ အဲလိုမှားနေသူတွေ များတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Albendazole သန်ချဆေး သို့မဟုတ် အဘလိုလို့ ထင်စေနိုင်တယ်

၁။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်ပါ နို့တိုက်မိခင်ပါ ကလေးက ၁နှစ်၂လရှိပါပြီ ကျွန်မအနေနဲ့ သန်ချဆေး သောက်လို့ရမလား သိချင်ပါတယ် ခဏခဏ တုတ်ထိုးတာခံရလို့ပါ ဆရာ

သန်ချဆေးစာ ခဏခဏတင်ထား။ အသက်အရွယ် ကျားမ မရွေးသန်ချဆေးသောက်နိုင်။ သန်ကောင်အမျိုးအစားမတူရင် ဆေးသောက်နည်း မတူပါ။

၂။ ဆရာ ကျွန်မ အမ နို့ တိုက်မိခင် အသက် ၂၈ ပါရှင့် ကလေးက ၁၁ ရက်သား ပဲရှိပါသေးတယ် နို့ တိုက်မိခင်က သန်ကျ တယ်လို့ ပြောနေလို့ ပါဆရာ အဲ့ဒါ ဘာဖြစ်သလဲမသိလို့ ပါဆရာ သန်ကျ ဆေးသောက်လို့ ရပါသလားရှင့် ဘလိုသန်ကျဆေးသောက်လို့ ရပါသလဲရှင့် အ့လို သန်ကျ တာ ခလေးကို ထိခိုက်လားရှင့်

Albendazole သန်ချဆေး https://doctortintswe.blogspot.com/2014/11/albendazole.html

ဒုတိယမေးခွန်မှာ ဘလို လို့မရေးသင့်။ ဘလို ဆိုတာ အဘလိုလို့ ထင်စေနိုင်တယ်။ အဲလိုရေးနေသူတွေ မကြာခဏ တွေ့နေရတယ်။ ဘယ်လို၊ ဘယ်ကဲသို့၊ ဘယ်ပုံ ဘယ်နည်း။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

နို့တိုက်မိခင် မေးခွန်းများ

(ကန်တော့)

၁။ ဆရာ ကန်တော့ပါရှင့်။ ကျန်မအသက် ၃၂ သားဦးကိုယ်ဝန်ကို ကိုယ်ဝန်ဆောင် ၃၁ပတ်နဲ့ APH ဖြစ်ပြီး ခွဲမွေးထားတာ ၄လပြည့်ပြီဖြစ်တဲ့နို့တိုက်မိခင်ပါ။ နို့တိုက်မိခင် သားဆက်ခြားရာမှာ သောက်ဆေးနှင့်ထိုးဆေးတွင် ဘယ်ဆေးကိုသုံးတာ သင့်တော်ပြီး ဘယ်လိုဆေးကို အသုံးပြုရမလဲဆိုတာ သိချင်လို့ပါရှင်။

Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း https://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html

၂။ ဆရာရှင့် ကျမ အသက်၃၁ နှစ်ပါ သမီးလေးမွေးပြီးတာ ၄ လပဲ ရှိပါသေးတယ်ရှင့် နို့ကောင်းကောင်းမထွက်လို့ပါ နို့ရည်များများထွက်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သိချင်လို့ပါ ရှင့်

Breast Milk Supply နို့ထွက်နည်းနေရင် https://doctortintswe.blogspot.com/2014/11/breast-milk-supply.html

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

သေချာ မဖြေနိုင်တဲ့ မေးခွန်းတွေ

၁။ ဆရာရှင့် အသက် 27နှစ် အိမ်ထောင်သည်ပါကလေးမရှိပါဘူးရှင့် အခုလပိုင်းတွေမှာ ခေါင်းကျဉ်နေလို့ပါဆရာ အရင်ကမဖြစ်ပါဘူး ညာဘက်ခြမ်းကပဲကျဉ်တာပါ ဘာဖြစ်လို့ပါလဲရှင့် ဆိုးကျိုးများရှိနိုင်ပါသလားရှင့်

ဖြေပြီးလို့ထင်တယ်။ ဘာလဲ မသိသေး။

အလားတူရောဂါတွေဆရာဖြေထားတာရှိတယ်ဆို ဆရာ့ wall ထဲမှာဝင်ရှာလိုက်ပါ့မယ်ရှင့် ကျမကတော့အခုမှ မေးထားတာပါရှင့်

ရောဂါတခုခုနဲ့ မတူသေး။

၂။ မ အသက်၅၄ အိမ်ထောင်ရှိ သွေးဆုံးပြီး ယခုခံစားနေရတာက ညဘက်ရေငတ်သည်အိပ်ရင်း ရေဆာလို့ လန့်နိုးပြီး ရေသောက်ပြီး ပြန်အိပ်ပျော်လိုက် ဆီးထသွားလိုက်နှင့်ပြန်အိပ်လိုက် ရေသောက်လိုက်နှင့်နှစ်နှစ်ခြိုက်ခြိက်မအိပ်ရပါ
ဆီးချိုစစ်တော့ ဆရာမက မရှိဘူးပြောတယ် သွေးတိုးရောဂါလည်းမရှိပါ ဆေးစွဲသောက်ရခြင်းလည်းမရှိပါ ဘာရောဂါလက္ခဏာအစပျိုးနေလည်းမသိပါဆရာ အစာအိမ်ရောင်ဖူးပါသည် အဆုတ်အအေးပတ်ခြင်းလည်း မကြာခဏဖြစ်ပါသည်

ဆောရီး။ ရောဂါတခုခုနဲ့ မတူသေး။ သွေးဆိုးတာ ကြာပြီလား မသိ။

Melatonin မယ်လာတိုနင် https://doctortintswe.blogspot.com/2016/03/melatonin.html

၃။ မင်္ဂလာပါ ဆရာ ကျွန်မ အသက်၂၉ နှစ်ပါ ကိုယ်အလေးချိန် 65kgနဲ့ အရပ်၅ပေ ၁လက်မရှိပါတယ် အစာစားပြီးတိုင်း အသက်ရှူမဝပါဘူးဆရာ ရေသောက်လို့ဗိုက်ပြည့်သွာရင်လည်း အသက်ရှူမဝတော့ဘူး ဆေးလိပ်နံ အမွှေးတိုင်နံ မီးခိုးငွေ့မှန်သမျှကို ရှူမိရင်လည်း အသက်ရှူရခက်လာပါတယ် ဘာဖြစ်လို့ ဒီလိုဖြစ်နေရတယ်ဆိုတာ ဖြေကြားပေးပါ ဆရာ ဘယ်လိုဆေးမျိုးဆောင်သင့်တယ်ဆိုတာလည်း သိပါရစေ ဆရာ ကျေးဇူးတင်ပါတယ်ရှင့်

အသက်ရှူလမ်းမှာဖြစ်တာ အနည်းဆုံး နားကြပ်နဲ့ နားထောင်ရ။ မေးခွန်းအရ ရောဂါတခုခုနဲ့ မတူသေး။ ကိုယ်မကြိုက်တာ မသင့်တာ ရှောင်သင့်။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။

၎။ အသက် ၁၉ပါဆရာ မိန်းကလေးပါ အဲ့လိုမျိုးသွေးအရောင်အနီစက်လေးဖြစ်နေလို့ပါ အရင်ကမရှိပါဘူးဆရာ ဘာများ ဖြစ်နိုင်မလဲရှင့်

မျက်စိ အဖြူရောင်နေရာမှာဖြစ်တာ စိုးရိမ်စရာ မရှိ။ ပတ်ဝန်းကျင် လေ ဓါတ်ငွေ အထိ အတွေ့အရ မျက်သားတက်တာ သွေးကြောလေးတွေပိုများတာ ဖြစ်တတ်။ ထိခိုက်မိရင်လည်း သွေးကြောပိုများတာ သွေးထွက်တာ ဖြစ်တတ်။ သည်အတိုင်းထားနိုင်။ မျက်စိအကြည့်ကို မထိခိုက်။

ကျေးဇူးပါဆရာရှင့်

အပြင်ထွက်ရင် နေကာမျက်မှန်သင့်။ မျက်စိခြောက်မနေစေသင့်။ ပိုးသေဆေးမပါတဲ့ ဆားရည်မျက်စဉ်း တခါတရံလိုနိုင်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Fibroids and Pregnancy ကိုယ်ဝန်နှင့် သားအိမ်အလုံး

ကျွန်တော့် အမျိုးသမီးမှာလည်း ကိုယ်ဝန်က ၃ လ နဲ့ ၁၀cm အလုံးရှိနေတယ်ဆရာ ကျွန်တော်ဘယ်လို လုပ်ရမလဲ ကျေးဇူးပြုပြီး ပြောပေးပါအုန်း ဆရာ

ဆေးစစ်ချက်စာ ပုံ မဟုတ် သိပါသလား။

ဟုတ်ဆရာ ဓာတ်မှန်ရိုက်ထားတာ ပုံပို့လိုက်မယ် အဲ့ဒီပုံက ကိုယ်ဝန်မရှိခင်တုန်းက ဆေးခန်းပြတော့ ကလေးရနိုင်တယ်ဆိုပြီးဆေးပေးလိုက်တာ အဲ့ဒီပုံက ကလေး ၃ ရှိပြီး ပြန်ပြတော့ ၁၀cm တဲ့ဆရာ ၄လကြာပြီး ၅cm တိုးကြီးသွားတာ ဗိုက်အပ်တော့မှ ၂ဆကြီးနေမှန်းသိတာ။

Fibroids and Pregnancy ကိုယ်ဝန်နှင့် သားအိမ်အလုံး https://doctortintswe.blogspot.com/2017/05/fibroids-and-pregnancy.html

ဆရာက အမေတို့ တုန်းကတည်းက လက်နဲ့စမ်းသပ်ရင်ကို သိနေတာတဲ့ ချုပ်ရိုးဖြုတ်တာများ သိတောင်မသိလိုက်ဘူးတဲ့ စကားတပြောပြောနဲ့တဲ့ မေမေကပြောတာ အခုကျွန်တော် ဘယ်လို လုပ်ရမလဲဗျာ ကျေးဇူးပြု၍ အကြောင်းပြန်ပေးပါအုန်း ဆရာ။

မေးတဲ့သူကို ကျွန်တော် ခွဲမွေးပေးခဲ့တာတဲ့။ သူ့မိခင်ကို ၁၉၈၇ ခုနှစ်တုန်းက ခွဲမွေးပေးခဲ့တယ်လို့ သူကပြောပြလို့ သိရတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Cetrizine တည တပြား သောက်နိုင်တယ်

၁။ မင်္ဂလာပါ ဆရာ ကျမအသက် ၃၃နှစ်ပါ အိမ်ထောင်သည်ပါ ပထမကိုယ်ဝန်က ၂လနဲ့ပျက်ကျဖူးပါးတယ် ခုဒုတိယကိုယ်ဝန်ကိုလွယ်ထားပါတယ် ၃လရှိပါပြီဆရာ အရင်က လည်ပင်းကြီးဖြစ်ဖူးပါတယ် ဆေးခန်းပြသွေးစစ် ဆေးမှန်မှန်သောက်ခဲ့ပါတယ် ဆရာဝန်ကဆေးသောက်စရာမလိုတော့ဘူးပြောပြီးဆေးဖြတ်ခဲ့တာ ၈ လကျော်ပါပြီဆရာ ခုကိုယ်ဝန်၂လတုန်းက OG သွားအပ်တော့ လည်ပင်း အတွက် သွေးစစ်ခဲ့ပါတယ်ဆရာ ၁၁လပိုင်း၃ရက်နေ့ကပါ OG က ပျောက်ပြီဆေးသောက်စရာမလိုဘူးလို့်ပြောခဲ့ပါတယ်ဆရာ ခု ၁၂လပိုင်ထဲမှာ လည်ပင်းက တင်းသလို နာသလိုနဲ့ အကြောတက်ပြီး နေလို့ မကောင်းသလိုခံစားရပါတယ်ဆရာ လည်ပင်းကလည်း အစာနင်သလို လေဆို့သလိုခံစားရပါတယ်ဆရာ ကိုယ်ဝန်ရဲ့ affect လို့ ထင်မိပေမယ့်လည်း လည်ပင်းကို သံသယဖြစ်မိနေလို့ပါဆရာ တလ အတွင်းဆေးထပ်စစ်ဖို့လိုပါသလားဆရာ OG ကတော့အရင်ကပြောပါတယ်ဆရာ လိုအပ်ရင် လည်ပင်းအထူးကုနဲ့လွဲပေးဖို့ ခုက သွေးစစ်တုန်းကပျောက်ပီဆိုလို့ မလွဲတော့တာပါဆရာ ခုသွေးထပ်စစ်သင့်ပါသလားဆရာ လည်ပင်းအထူးကုနဲ့ပြသင့်ပါသလားဆရာ ကလေးအတွက်လည်း စိုးရိမ်လို့ပါဆရာ အကြံပေးပါလို့တောင်းဆုပါတယ်ဆရာ ရိုသေစွာဖြင့်

လည်ပင်းကြီးဆိုတာ ဟော်မုန်းနည်းတာနဲ့ များတာ ၂ မျိုးရှိ။ မေးတဲ့သူမှာ ဘာဖြစ်ခဲ့သလဲ မသိ။ စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်က သူ့လူနာကို ပိုသိပါတယ်။ ဆရာက မသိနိုင်သေး။

၂။ မင်္ဂလာပါဆရာ။ ကျွန်မရဲ့ ညီမလေး အသက် ၂၉ နှစ် ကိုယ်ဝန် ၃၇ ပတ်ပါဆရာ။ ကိုယ်ဝန်စတည်ကတည်းက အချင်းအောက်ရောက်လို့ ဆရာ့ဆီလည်းမေးဖူးပါတယ် ကိုယ်ဝန်၃လတည်းကအလုပ်ကခွင့်ယူ အိမ်မှာပဲ နားပြီး ကိုယ်ဝန်စောင့်ရှောက်လာတာ ခုဆို ၃၇ပတ်ရောက်ပါပြီဆရာ။ ခုအာထရာဆောင်းရိုက်တော့ အချင်းဘေးဖက်တက်သွားပြီလို့တော့ပြောပါတယ်။ ခုသူ့မှာ ကိုယ်ဝန်က အမွှာဗိုက်လိုမျိုး ဗိုက်တော်တော်ထွက်ပြီး ချက်ကပြားပြီးခုလိုပုံမျိုးဖြစ် နေပါတယ်။ ချက်အောက်ဖက် ဗိုက်နေရာတွေလည်း နည်းနည်းရောင်နေပါတယ် လက်နဲ့ ဖိကြည့်ရင်နည်းနည်း ချိုင့်ကျန်ခဲ့ပါတယ်။ ဆရာဝန်က ၃၈ပါတ်ပြည့်ရင် ခွဲမွေးပေးမယ်ပြောထားပါတယ်။ ဆီးသွားရင်လည်း အမြုပ်တွေပါ ပါတယ်ဆရာ။ အဲ့ဒါစိုးရိမ်ရပါလာ ဖြေပေးပါနော်။ ချက်ပြားနေတာပြချင်လို့ ဗိုက်ပုံပို့ မိတာရိုင်းသွားခဲ့ရင် တောင်းပန်ပါတယ်ဆရာ။

မေးခွန်းကို ဖုန်းမှာ မနေ့ကတည်းက တွေ့ထားတယ်။ ကွန်ပြူတာကနေတော့ အခုမှသာ တွေ့ရတယ်။ မေးစရာနေရာတွေကများတော့ အကုန်လိုက်ရှာတာ အတော်လက်ဝင်တယ်။ ဆောရီး။ မေးခွန်းအရနဲ့ ပုံအရ စိုးရိမ်စရာ မရှိပါ။ ကိုယ်ဝန်အပ်ထားတဲ့ဆရာဝန်က လိုတာ လုပ်ပေးပြီးဖြစ်မှာပါ။

၃။ ၇ ရက်သားသမီး ဒိုင်ခံဖြေရှင်းပေးနေသောဆရာ ကျန်းမာချမ်းသာပါစေဗျား

ကျေးဇူး။

၎။ ဆရာရှင့် ကျမအမေအသက် ၅၅နှစ်ပါရှင့် မျက်နှာတခုထဲမှာ အပူလိုအနီစက်တွေပေါက်လာပါတယ် အရမ်းနာပါတယ်ရှင့် ၈ရက်လောက်ရှိပါတယ်ရှင့် သွေးတိုးနဲ့ဆီချိုလည်းရှိပါတယ်ရှင် ဆေးခန်းသွားတာလည်း မသက်သာပါဘူးရှင့် သွေးတိုး ဆီးချိုသောက်ဆေးသောက်လိုရ ဘေးထွက်ဆိုကျိုးများလားဘယ်လိုလုပ် ဆရာလမ်းညွန်ပေးပါအုံးရှင့်

အပူလိုအနီစက်ဆိုတာ ဘာလဲ မသိသေး။ ဆေးဘေးထွက်ဆိုးကျိုးဆိုတာ ဆေးသောက်တာနဲ့ ဖြစ်တယ်။ သောက်နေကျဆေးက နောက်မှတော့ လာမဖြစ်ပါ။ တခြားတခုခုနဲ့ မတည့်တာစဉ်းစားရမယ်။ Calamine lotion လိမ်းနိုင်တယ်။ Cetrizine တည တပြား သောက်နိုင်တယ်။ မျက်နှာမှာဖြစ်တာ အရပ်ဆေးတွေ သတိထားပါလေ။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

ဆေးပညာစာ မေးခွန်းများ

၁။ ဆရာ ဆေးတွေရဲ့အသုံးဝင်ပုံနှင့် အခြေခံဖျားနာမှုမှာ ဘာဆေးတွေနဲ့ဘယ်လိုကုသရင်ကောင်းမလဲ ပြောပြပေးပါလားဆရာ ကျွန်မက BHS ပါဆရာ

ဆေးတွေဆိုတာ မရေမတွက်နိုင်အောင်များတယ်။ တချို့ဆေးတွေအကြောင်း ရေးထားတယ်။ ဘလော့မှာ ဖတ်နိုင်တယ်။ မရေးသေးတာတွေ အများကြီးကျန်သေးတယ်။ ကုသနည်းပါပြောရင် ပိုများသေးတယ်။ ကျန်းမာရေးဝန်ထမ်းတွေ သူ့အဆင့်နဲ့သူ သင်ပေးထားတယ်။ ကျွန်တော်လည်း အကုန်မသိပါ။

၂။ ဆရာ့စာတွေကို ဆက်မျော်နေပါမယ်ရှင့်

မေးခွန်းရှိတိုင်း ဖြေတယ်။ ဖြေတာတချို့ကို ဖေ့စ်ဘွတ်မှာတင်တယ်။ ဖေ့စ်ဘွတ်မတင်သင့်ထာတွေကို ဘလော့မှာ တင်တယ်။ ဘလော့မှာ မတင်တာသင့်တွေလည်း ဖြေရတတ်တယ်။

ဆေးပညာစာများ https://doctortintswe.blogspot.com/

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

ပြောက် မဟုတ် ပျောက်လို့ ရေးရတယ်

(ကန်တော့)

၁။ ကန်တော့ပါနော် ခွဲထားတဲ့ချုပ်ရိုးနေရာက အဲ့လို ကြိုးစထွက်နေလို့ပါ စိတ်ပူရလားဆရာ ခွဲထားတာတလပြည်ပါပြီ

အရက်ပျံစတဲ့ ပိုးသန့်ဆေးသုံးပြီး ဆွဲထုတ်ရပါမယ်။

ချုပ်ရိုးပြည်တာမဟုတ်ဖူးမလားဆရာ

ထပ်ဖြေရန် မရှိ။

၂။ ဆရာခင်ဗျ ကျွန်တော်လိင်အင်္ဂါမှာ ယားနာလာဘာလားမသိဘူး အဖုလေးတွေပေါက်နေလို့ ကုတ်ရင်တော့တော်တော်ယားတယ်အဲတာဘာဆေးလိမ်းရမလဲဆရာပြန်ပြောပေးပါအုံးခင်ဗျ ခုလောလောဆယ်တော့ Ketonal ဆိုတဲ့လိမ်ဆေးတော့လိမ်းနေတယ် တဘူးကုန်ပြီမပြောက်သေးလိုခင်ဗျ

အသက် မသိ။ လိင်ကတဆင့်ကူးစက်မှု သံသယရှိ မရှိ မသိ။ မေးခွန်းပါဆေးက ဖန်းဂတ်စ် ခေါ် မှိုပိုးအတွက်ဖြစ်။

အသက်က ၂၃နှစ်ပါဆရာ ဖြစ်တာတော့တပက်ရှိပြီ သူဘက်သူဖြစ်လားတာဆရာ ကျွန်တော့အိမ်ထောင်မကျသေးပါဘူးဆရာ အဲတာဆရာဘာဆေးပြောင်းသုံးရမလဲ

Lesions on penis (1) ကျားအင်္ဂါ အနာများ (၁) https://doctortintswe.blogspot.com/2015/04/lesions-on-penis-1.html

ပြောက် မဟုတ်။ ပျောက်လို့ ရေးရတယ်။

၃။ မ အသက် ၂၁ ဖြစ်တာတော့၂ပတ်လောက်ကြာပါပြီ ဖျားပြီး ခါးနာ ခေါင်းကိုက်ဖြစ်နေတာပါဆရာ ဆီးလဲစစ်ထားပါတယ် ဆရာဝန်က ဘာမှမပြောလို့ ဆရာကြည့်ပေးပါအုံးခင်ဗျ ဖြေကြားပေးပါအုံးဆရာ

ဆေးစစ်ခိုင်းတဲ့ဆရာဝန်က လိုတဲ့ဆေးပေးထားပြီး။ ပိုးသေဆေးတခုတွေ့ရ။ ထပ်ဖြေရန် မရှိ။ လူနာ အမျိုးသမီးဆိုတာ သိရ။ အသက် သိရ။ ဖျားတာ သိရ။ တခြား မသိ။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Cipladine အနာထည့်ဆေး

၁။ ဆရာမင်္ဂလာပါရှင် ကျမ ဟိုနေ့ကမေးတဲ့ ၁ယောက်ပါရှင် ဟိုနေ့က သလိပ်ဆိုပြီးဟက်ထုတ်တာသွေးဖြစ်နေတာ ခဏလေးအတွင်းကို လည်ချောင်းမှာတက်လာလို့ ဟက်ထုတ်ရတာ ၅ခါ ၆ခါလောက်ဆရာ  အဲဒီတည်းက ခုထိတော့မဖြစ်တော့ဘူး သွေးအန်တယ်ခေါ်တာလားဆရာ အဲလိုဖြစ်တဲ့နေ့က အချိုင့်အောက်နား တဝိုက်က ဗိုက်ကအောင့်နေတာဆရာ ဖြစ်တဲ့နေ့ကတော်တော်အောင့်ပါတယ် နောက်ရက်တွေကတော့ ဖြစ်တဲ့နေ့လောက်တော့မအောင့်ဘူး အောင့်တော့အောင့်တယ် ကျမအမေက အဆုတ်ကင်ဆာနဲ့ဆုံးထားတာပါဆရာ အဖေကလည်း မောမောနေလို့ ဆေးခန်းပြကြည့်တာ ဒီဇင်ဘာ 8ရက်နေ့က အဆုတ်ထဲရေဝင်နေတယ် အဆုတ်ပွတယ်လို့ပြောတယ်ဆရာ သောက်ဆေး ၂ပတ်ပေးပါတယ်ဆရာ ၂ပတ်ပြည့်ပြန်ပြရမှာဆရာ မိဘ ၂ပါးလုံးက အဆုတ်ဖြစ်ကြတာမို့ ကျမရဲ့ဝေတနာက ဘာဖြစ်နိုင်လည်း ဆရာသုံးသပ်ပါနော်ဆရာ လူနာပြောပြမှ ဆရာက ဖြေပေးလို့ရမှာဖြစ်တဲ့တွက် မေးခွန်းရှည်သွားတာပါဆရာ ကျမအသက်၄၀ အပျိုပါဆရာ

Hemoptysis ချောင်းဆိုး သွေးပါ https://doctortintswe.blogspot.com/2018/07/hemoptysis.html

၂။ ဆရာရှင့် ကျွန်မသား 14.12 မှာ 9လပြည့်မှာပါ ခုကျွန်မတို့ကနယ်ရောက်နေတာပါ နယ်မှာက လဆန်းတုန်းက ထိုးပြီးပြီတဲ့ ထိုးချင်ရင် နောက်လဆန်းမှဘဲ ထိုးလို့ရတော့မှာလို့ ပြောပါတယ် အဲ့လို 9လကျော်ပြီးမှရော ထိုးလို့ရလားရှင့်

ဘာကိုမေးသလဲ မသိပါ။ ဆောရီး။

၃။ ပုပ္ပါးသွားရင်း မျောက်ကုတ်မိတာကို ခွေးရူးပြန်ကာကွယ်ဆေးထိုးရမှန်း မသိခဲ့၍ ၂လကြာမှ ခွေးရူးပြန်ကာကွယ်ဆေး ထိုးပါက ကာကွယ်နိုင်ပါသလားရှင်

သေချာ မပြောနိုင်။ ဆောရီး။

၎။ ဆရာရှင့် ကျွန်မသားလေးက အခုအသက် ၆နှစ်ရှိပါပြီ သူ့ရဲ့ လက်ပန်းကုံးလေးက အမြဲလန်နေတတ်ပါတယ် ခုမှမဟုတ်ပါဘူး အသက် ၆လလောက်ကတည်းကဖြစ်နေတာပါ ဘာဓါတ်များချို့တဲ့လို့ဖြစ်ရတာလဲသိချင်လို့ပါ ခုထိမပျောက်လာလို့ပါ ပုံလေး ပို့လိုက်ပါတယ်

ဒီဇင်္ဘာ ၆ ရက်ကမေးထားတဲ့ ကလေးအတွက် မေးခွန်းကို အခုမှသာတွေ့ရ။ Cipladine လို အနာလိမ်းဆေးသင့်။ အနာကပ်ပလာစတာနဲ့ ကပ်ထားနိုင်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Coconut Oil အုန်းဆီ

ဆရာ မင်္ဂလာပါခင်ဗျာ။ အသက် ၂ နှစ်အရွယ်ရှိ ကလေးတွေကို အုန်းဆီလိမ်းမပေးရဘူးဆိုတာ ဟုတ်ပါသလားခင်ဗျာ။ နောက်ပြီး မွေးပြီးဘယ်အရွယ်ကစလို့ အုန်းဆီလိမ်းပေးလို့ရပါသလဲခင်ဗျာ။

အုန်းဆီစစ်စစ်ကို ကလေး လူကြီး ယောက်ျား မိန်းမ ဆံပင်လိမ်းနိုင်ကြပါတယ်။ မြန်မာပြည်မှာ အုန်းဆီနဲ့ မုံညင်းစေ့ဆီကို အရင်ကတည်းကသုံးကြတယ်။ အိန္ဒိယတိုက်မှာ မုံညင်းဆီကို သုံးကြတယ်။ ကနေ့အထိ။

Baby Hair ကလေးဆံပင် https://doctortintswe.blogspot.com/2018/09/baby-hair.html
Palm oil and Coconut oil စားအုန်းဆီနဲ့ အုန်းဆီ https://doctortintswe.blogspot.com/2015/07/palm-oil.html

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

ကြာတက်လား မဟုတ် တေလို့ မရေးသင့်

၁။ အရင်တခါမေးဘူးပါတယ်ဆရာ RV အမျိုးအစား စစ်ဆေးမူ့တွေအားလုံးကောင်းတယ်ဆရာ ခုထိမထူးခြားသေးဘူးဆရာ ဘာဖြစ်လို့လဲသိချင်လို့ပါဆရာ RV အမျိုးအစားက အာ့လိုဘဲကြာတက်လားရှင့်

RV Uterus သားအိမ်နောက်လန်စာ ပို့ထားပြီး။ ထပ်ဖြေရန် မရှိ။

RV Uterus သားအိမ်နောက်လန် https://doctortintswe.blogspot.com/2017/02/rv-uterus.html

ကြာတက်လား မဟုတ်။ ကြာတတ်လားလို့ ရေးရတယ်။ တက်ဆိုတာ အပေါ်တက်တာ၊ အတက်ရောဂါ။

၂။ ကျွန်မ အသက်က ၃၄ နှစ်ထဲမှာပါ။ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်သက်ကတော့ ၂ နှစ်ရှိပါပြီ။ ၂ နှစ်အတွင်း ဆေးကဒ်ပဲသုံးပါတယ်ရှင့်။ လတိုင်း ရာသီပုံမှန်ပါတယ်။ ရာသီက ၂ ရက် ၃ ရက်လောက် စောလာတက်ပါတယ်။ ကိုက်ခဲမှုတွေတော့ရှိပါတယ်။ အဆိုးရွားဆုံးတော့ မရှိပါရှင့်။ အခု ကလေးလိုချင်လို့ ဆေးဖြတ်တာ ၃ လရှိပါပြီ။ ကလေးယူရန်အတွက် စစ်ဆေးမှုများပြုလုပ်ရန် OG သွားပြခဲ့ပါတယ်။ ကျွန်မ အမျိုးသားရော ကျွန်မရောရဲ့ စစ်ဆေးချက်အဖြေတွေက အကုန်ကောင်းပါတယ်။ ဒါပေမဲ့ ကန်တော့ပါရှင့်။ ကျွန်မ သားအိမ်ကို OG မှစမ်းကြည့်သောအခါ သားအိမ်ဇောက်ထိုးဖြစ်နေတယ်လို့ပြောပါတယ်ရှင့်။ မွေးလမ်းကြောင်းမတဲ့ဘူးလ်ို့ပြောပါတယ်။ အဲ့ဒါ ကလေးရနိုင်ဖို့ ခက်ခဲလား သိပါရစေရှင့်။ ရခဲ့လျှင်ရော သန္ဓေသားခိုင်ပါရဲ့လား သိပါရစေရှင့်။ သားအိမ် အဲ့လိုဖြစ်တဲ့အတွက် ဆိုးကျိုးက ဘာများရှိသလဲရှင့်။ မည်သို့များ လုပ်ဆောင်ရမည်ကို ညွှန်ကြားပေးပါရန် တောင်းဆိုပါရစေရှင့်။
သားအိမ် အဲ့လိုဖြစ်နေရင် ကလေး လုံးဝမရနိုင်တော့ဘူးလား ဆရာ။ အမြန်ဆုံး ပြန်လည်ဖြေကြားပေးဖို့တောင်းဆိုပါရစေရှင့်

သားအိမ်ဇောက်ထိုးဖြစ်နေတယ်လို့ ဘယ်သူကပြောသလဲ။ ဆေးစစ်ချက်မှာ RV လို့သာပါတယ်။

RV Uterus သားအိမ်နောက်လန် https://doctortintswe.blogspot.com/2017/02/rv-uterus.html

၃။ မင်္ဂလာပါ ဆရာ ကျမ အသက် ၂၇ အိမ်ထောင် မရှိ ရာသီက ပုံမှန် ပါရှင့် နားထင် မှာ ရှိတဲ့ အကြောတေ ရောင်နေတာ တလ ချိပီရှင့် အစားအစာ အကြာကြီး ဝါးမိရင် ရောင်လာပီး နာရီဝက်ကြာရင် ရောင်တာ ပြန်ပျောက်ပါတယ်ရှင့် စိုးရိမ်ရလားရှင့် ဘယ်လို ဆေးသောက်ရမလဲ ညွန်ကြားပေးစေချင်ပါတယ်ရှင့်

နားထင်မှာရှိတဲ့ အကြောတေရောင်နေတာဆိုတာ ဘာလဲ သေချာ မသိ။ ရောင်တာမှန်သမျှ ပါရာစီတမော၊ အိုင်ဘူပရိုဖင်လိုအနာ အရောင် ကျဆေး တခုခုလိုအပ်တဲ့အချိန် သောက်နိုင်။

တေလို့ မရေးသင့်။ တွေလို့ရေးသင့်။ တေဆိုတာ ပေပေတေတေနဲ့ တေဆေးမှာသာ သုံးတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Mammogram မင်မိုဂရမ်

မင်္ဂလာပါဆရာရှင့် ကျွန်မ အသက် ၄၀ပါ အပျိုကြီးပါရှင့် ရာသီလဲမှန်ပါတယ် သားအိမ်အတွင်းထဲမှာ တစိလက်မအရွယ်အသားလုံးနှစ်လုံးနဲ့ သားအိမ်အပြက်ဘက်မှာဘယ်ဘက်နဲ့ညာဘက်မှာ 3.3 နဲ့ 3.4 အရွယ်အစားရှိတဲ့ရေအိတ်လဲရှိနေတာကြောင့် ဆရာကိုမေးမြန်းခဲ့ဖူးပါတယ် ဆရာရဲ့အဖြေကိုလဲဖတ်ခဲ့ပြီးပါပြီရှင့် နောက်တခုက ကျွန်မရင်သားနှစ်ဖက်စလုံးမှာလဲ ပျော့ပျော့အိအိ အကြိတ်လေးတွေဖြစ်နေပါတယ်ရှင့် ခွဲစိတ်ဆရာဝန်နဲ့ပြကြည့်တော့ မစိုးရိမ်ရဘူးဆိုပြီး Eposoft ဘဲသောက်ခိုင်းပါတယ်ရှင့် ထိုရင်သားတွေကလဲ ရာသီလာချိန်မှမဟုတ်ဘဲ မကြာမကြာတဆစ်ဆစ်နဲ့ကိုက်ပါတယ်ရှင့်
ဘယ်ဆေးတွေကိုမှီဝဲသင့်ကြောင်းညွှန်ကြားမှုပြုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်ရှင့်

Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ https://doctortintswe.blogspot.com/2018/07/breast-benign-lumps.html

ကျေးဇူးပါဆရာရှင့် မင်မိုဂရမ်ရိုက်ကြည့်ရင် ရင်သားကင်ဆာဟုတ်မဟုတ်သိနိုင်ပါသလားရှင့်

သိနိုင်။

Mammogram မင်မိုဂရမ် https://doctortintswe.blogspot.com/2018/07/mammogram.html

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Acute HIV ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ

ကျွန်တော့်အသက် ၂၈ ပါ လွန်ခဲ့သော ၁လခွဲက HIV ကူးစက်မှု သံသယဖြစ်စရာနဲ့ကြုံမိပါတယ် ၁လကျော်လောက်မှာ ခေါင်းအုံခေါင်းကိုက်တာ လိုမျိုးခံစားမိပါတယ်ဆရာ အပြင်းအထန်မဟုတ်ဘဲ တအုံနွေးနွေးနဲ့ ခံစားနေရတာပါ မနက် အိပ်ယာထထဲက ညအိပ်တဲ့အထိ တအုံနွေးနွေးနဲ့ ဖြစ်နေတာပါ ခံစားရတာ၂ပတ်ကျော်ပါပြီဆရာ ပျောက်လိုက်ပေါ်လိုက် မဟုတ်ဘဲ အမြဲလိုဖြစ်နေတာပါ HIV ကူးစက်ခံရရင် တုပ်ကွေးလိုဖျားမယ် ခေါင်းကိုက်မယ်လို့ ဆရာရဲ့ဆောင်းပါးတွေမှာ ဖတ်ဖူးပါတယ် တုပ်ကွေးလိုတော့ မဖြစ်ပါဘူး ခေါင်းအုံခေါင်းကိုက်တခုထဲပါဘဲ အဲ့ဒါကလဲ အပြင်းအထန်မဟုတ်ပါ။ သွေးစစ်ဖို့ကလဲ သုံးလ မပြည့်သေးလို့ စောင့်နေတာပါ အဲ့လို ခေါင်းအုံ ခေါင်းကိုက်တာ စိုးရိမ်ရပါလားဆရာ

HIV ကို ၃ လနေမှသာ စစ်လို့ရတယ်။ ကူးစက်ခံရရင် တုပ်ကွေးလိုခံစားရတာ မှန်တယ်။ တုပ်ကွေးလိုခံစားရနိုင်တာတွေက အမျိုးမျိုးရှိတယ်။

HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ http://doctortintswe.blogspot.com/2014/11/hiv-acute-infection.html

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ

ဆရာရှင့် သမီးကအသက်(33) အိမ်ထောင်မရှိ အပျို ပါရှင့်။ လည်ပင်းကြီးရောဂါ Hypothyroidism ဖြစ်နေတာ 8/2018 လည်ပင်းဘယ်ဘက်တခုသာ ကြီးလာမှသိပြီး ဆရာဝန်ပြ TSH စစ်၊ ဓါတ်မှန်ရိုက် T4 -50အား မနက်အိပ်ယာနိးတာနဲ့ 25 နေ့လည်11နာရီ -25 (ဟော်မုန်းအားဆေး) သောက်ရနေပါတယ်။ တလသောက်ပြီး ဟော်မုန်းပုံမှန်ပြန်ဖြစ်သွားပေမယ့် ဆေးကတော့ဆက်သောက်နေပါတယ်။ 11/2018 မှာ SHT စစ်ပါတယ် ဟော်မုန်းကပုံမှန်ဖြစ်နေပေမယ့် ကလင်းက ကြီးနေလို့ (ရေအိတ်အကျိတ်) 1-12-18 မှာ သိုက်ရွိုက်ကလင်း (ဘယ်ဘက်) Mdy မှာ ခွဲစိတ်ကုသပြီးထုတ်ထားရပါတယ်ရှင့်။ ခွဲစိတ်မှုအောင်မြင်ပါတယ်။ အသားစ အဖြေလဲကောင်းပါတယ်ရှင့်။ တလပြည့်တဲ့အခါ TSH စစ်ပြီးပြန်ပြရပါမည်ရှင့်။ Thyroid hormones ဆေးအများအားဖြင့် ဆေးက တသက်တာလုံး သုံးနေရမယ်လို့လဲပြောပါတယ်ရှင့်။ ဟော်မုန်းအားဆေးရဲ့ဆိုးကျိုးတွေလဲရရှိနိင်သလားရှင့်။ ဆရာဝန်ကတော့ ဆေးရဲ့ဆိုးကျိုးမရှိဘူးလို့ပြောပါတယ်။ ဆေးကိုလဲ အမြဲဂရုတစိုက် ပုံမှန်လဲသောက်နေပါတယ်ရှင့် ကျန်ကလင်းတခုလဲပျက်စီးသွားလဲစိုးရိမ်မိနေပါတယ်ရှင့်။ ဘယ်လိုပြုမူနေထိုင်ရမလဲ ဆရာ အကြံပေးပါ ဆရာရှင့်။

Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ https://doctortintswe.blogspot.com/2014/12/hypothyroidism.html
Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
Thyrox လည်ပင်းကြီးဟော်မုန်းဆေး တသက်လုံးပေး http://dts-medicaleducation.blogspot.in/2013/09/thyrox.html

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

အမျိုးသမီး မေးခွန်းများ

၁။ မင်္ဂလာပါဆရာရှင့် ကျမအသက်၂၇ပါ ကလေးမွေးထားတာ ၁၁လရှိပါပြီ နို့တိုက်မိခင်ပါ အခုကျမဝနေလို့ diet plan လုပ်ပြီး ဝိတ်ချချင်လို့ အဲ့လိုဝိတ်ချရင် နို့တိုက်ရာမှာ ကလေးအတွက် အရင်လိုအာဟာရအစုံရနိုင်ပါမလား သိချင်လို့ပါရှင့်
(အရင်ကအစားမရှောင် အစုံစားပါတယ်ရှင့်) ပထမပတ် မှာ ဆာရင် မနက်ထဲက ညအိပ်ခါနီးအထိ fruit n vegetables ကို စိတ်ကြိုက် ဖြည့်စားလို့ရတယ်နော် အဆာမခံနဲ့

ဆရာဝန်ကို ဆေးနည်းပေးတာလားတော့ မသိ။ ဖြေရန်မရှိ။

၂။ သွေးနည်းနည်းဆင်းတယ်၁လကျော်ပါဘာဖြစ်လိုပါလဲ

အသက် မသိ။ အမျိုးသမီးလို့ယူဆရ။ အိမ်ထောင်ရေး မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၃။ ဆရာရှင် ကျွန်မအသက် (၃၅) နှစ်ပါ ကလေး (၃)နှစ်သမီးတယောက်ရှိပါတယ် ယခု ဒုတိယကိုယ်ဝန် (၄)လ ရှိနေပါတယ်ရှင့် ပထမကလေးမွေးတုန်းက ချင်းကပ်တယ်လို့ ဆရာဝန်ပြောလို့ သိရတယ် ဒုတိယကလေး မွေးရင် ချင်းကပ်မှာကိုစိုးရိမ်နေလို့ပါ ချင်းကပ်တာ အသက်အန္တရာယ်စိုးရိမ်ရလားရှင့် ဘယ်လိုလုပ်ရမယ်ဆိုတာလမ်းညွှန်ပေးပါရှင်

အချင်းကပ်တာကို ပြောချင်သလား မသိပါ။ ချင်းကပ်လို့ မရှိပါ။ ကိုယ်ဝန်ဆိုတာ တယောက်နဲ့တယောက် မတူ။ တယောက်တည်းမှာ အရင် နောက် မတူဖြစ်တတ်တယ်။ အချင်းကပ်တာမျိုးကို ကြိုတင်မသိနိုင်။ တကြိမ်ဖြစ်ဖူးသူ နောက်ကိုယ်ဝန်ကို ဆေးရုံမှာသာမွေးသင့်။

၎။ ဆရာ ကျနော်အမျိုးသမီး ကိုယ်ဝန် ၄လ ရှိပါပြီ ခြေထောက်တွေ ဖောယောင်နေလို့ ဘယ်လို လုပ်ကမလဲ ပြောပြပေးပါဆရာ လေးစားစွာဖြင့်

ကိုယ်ဝန်ဆောင်ထားသူ အသက် မသိ။ ကိုယ်ဝန်အပ် မအပ် မသိ။ ဆီးစစ်သလား မသိ။ သွေးတိုးစစ်သလား မသိ။

PET ကိုယ်ဝန် သွေးဆိပ်တက်ခြင်း https://doctortintswe.blogspot.com/2014/11/preeclampsia-pet.html

၅။ ဆရာရှင့် ကန်တော့ပါ။ အဲဒါရာသီသွေးပြန်ပေါ်အောင်ဆေးနည်းလေးများ ညွှန်ပြပေးပါရှင်။ ခေတ်မှီဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ နယ်မြို့လေးမှာတာဝန်ကျတဲ့ဝန်ထမ်းမို့ပါရှင်။ ကျေးဇူးတင်ပါတယ်။

Amenorrhea ရာသီမလာခြင်း https://doctortintswe.blogspot.com/2017/12/amenorrhea.html

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

အမျိုးသား မေးခွန်းများ

၁။ ကျနော်က အသက် ၄၀အရွယ် အမျိုးသားတယောက်ပါ။ ခံစားရတဲ့ ဝေဒနာက နောက်ဖေးဝင်တာလို ဆောင့်ကြောင့် ထိုင်ပြီး ပြန်ထရင် ညာဘက် ဒူးကောက်ကြောက မတ်တတ်ရပ်ဖို့ ပြန်ဆန့်ရင် တင်းပြီးအရမ်းနာပါတယ်။ ခံစားနေရတာ ၆လခန့် ရှိပါပြီ။ ဒူးနာတာမဟုတ်ပဲ ဒူးကောက်ကြောက နာတာပါ။ ဘာရောဂါဖြစ်နိုင်ပါသလဲ သိလိုပါတယ်ခင်ဗျာ။

သွေးတိုး ဆီးချို ယူရစ်အက်စစ် စစ်သင့်

၂။ ဆရာ ကျွန်တော်ကအသက် ၄၃ နှစ်အမျိုးသားပါ ဒီနှစ်ထဲမှာ ကျွန်တော့ကိုယ်ပေါ်မှာ ကန်တော့ပါဆရာ ပေါင်ကြားတွေအပါအဝင် နေရာတော်တော်များများ ပွေးလိုအကွက်ယားနာတွေ ပေါက်နေလို့ပါဆရာ လိမ်းဆေးလိမ်းတဲ့အခိုက်ပျောက်ပီး မလိမ်းရင် အဲဒီနေရာတွေကပြန်ပီးပေါ်လာပြန်ရော့ဆရာ သောက်ဆေး လိမ်းဆေး နဲ့ အချိန်လေးတွေ ညွှန်ကြားပေးပါဦးဆရာ

Ringworm ပွေး https://doctortintswe.blogspot.com/2014/12/ringworm.html

၃။ ဆရာခင်ဗျ metpure သောက်နေတာနှစ်လရှိပါပြီ သိပ်တော့အပင်ပန်းမခံနိုင်သေးပါ အသက် 40 ကျားပါ လက်ကောက်ဝတ်သွေးခုန်နှုန်းက ၇၆ ၈၀အတွင်းပါခင်ဗျ ဆေးကဆက်သောက်နေရတာလားခင်ဗျ နှလုံးတုန်သလို တခါတခါခံစားရပါသေးတယ်ခင်ဗျ အစားသောက်ဆင်ခြင်ပြီး ဆေးပုံမှန်ပြပြီး ကုသမှုခံယူနေရင် နှလုံးက ပုံမှန် ပြန်ဖြစ်နိုင်သလားခင်ဗျ သွေးက ၁၄၀/၉၀ အထိတော့ရှိခဲ့ဖူးပါတယ်ဗျ metpure xl 12.5 သောက်နေရတာပါခင်ဗျ

သွေးခုန်နှုန်းက ပုံမှန်။ သွေးဖိအားလည်း ပုံမှန်ရဲ့အထက်ဆုံးအဆင့်မှာရှိတယ်။ ဆေးကို ဆရာဝန်ညွှန် မညွှန် မသိ။

၎။ ကျား ၃၈ နှစ်။ ညပိုင်းပုံမှန်အရက်သောက်ပါတယ် ဆရာ။ ခါးတဝိုက်လေးလံနာကျင်။ ၃ ပတ်မျှရှိ။ အိမ်ထောင်သည်။ သွေးတိုး ဆီးချိုမရှိပါ။ မိခင်သွေးတိုးရှိ။ ဗိုက်ထွက်လို့ အကြောဆွဲတာတော့ မကြားဖူးသလိုပဲ ဆရာ။

ရောဂါတခုခုကို စဉ်းစားမရသေးပါ။ အရက်သောက်သူ အသည်းကို သတိထားသင့်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

ကလေးမေးခွန်းနှင့် ကလေးလိုချင်သူ မေးခွန်းများ

၁။ ကျွန်တော့အမျိုးသမီး (၃၉နှစ်)သမီးလေးမွေး ပါတယ် မွေးတဲ့နေ့ကစပြီး ယနေ့ ၁၄ရက်သား ရတဲ့အထိ ကြို့ ထိုးပါတယ်ဆရာ အကြာကြီးမဟုတ်ပေမယ့် ကြို့ထိုးတဲ့အခါ တကိုယ်လုံးတုန်ခါနေပါတယ် ပြီးတော့လည်း ပြန်ပျောက်သွားပါတယ်နေ့စဉ် တကြိမ်တခါတော့ ပေါ်တတ်ပါတယ် အရပ်ထဲက လူတွေက ဒါဝမ်းခေါင်းချဲ့ တာလို့ပြောပါတယ်ဒါကို ယုတ္တိမရှိဘူးလို့ မြင်မိပါတယ် ကြို့ထိုးနေရတဲ့ အကြောင်းရင်းက ဘာ့ကြောင့်ပါလဲ ဆရာ

ကြို့ထိုးတာ ကလေးလားမသိ။ ကလေးငယ်တွေကြို့ထိုးတာ စိုးရိမ်စရာ မရှိ။ ချိုစိုးရင်း လေကိုပါ မျိုချတယ်။ လေက အစာအိမ်မှာပြည့်နေချိန် အစာအိမ်နဲ့ ကပ်နေတဲ့ ကြွက်သားကြီးကို ကလိသလိုဖြစ်ရာကနေ ကြို့ထိုးတယ်။ ငယ်လွန်းသောတော့ အထိန်းစနစ်တွေအားနည်းသေးလို့ဖြစ်တယ်။ ဆေးမလိုပါ။ ချိုတိုက်ပြီး လေထုတ်နည်းလုပ်သင့်။

၃။ ဆရာရှင့် ကျွန်မ အသက် ၃၀ ရှိပါပြီ။ ကျွန်မ အိမ်ထောင်သက် ၃နှစ်ကျော် ရှိပါပြီ။ အိမ်ထောင်ကျခါစ အမျိုးသားနဲ့ ၂လခွဲလောက်ပဲ အတူနေဖြစ်မှာမို့ ကလေးလဲ မယူချင်သေးတာနဲ့ marvelon 28 ၃လလောက် သောက် ခဲ့ပါတယ်
ပြီးတော့ အမျိုးသားက နိုင်ငံခြား ထွက်သွားပါတယ်။ အခု ဒီနှစ်ထဲ ပြန်လာပါတယ်။ marvelon 28 သောက်တာ ကျောက်ကပ် ရောင်လို့ ဒီတစ်ခါ လက်မောင်းထဲ ထည့်ရတဲ့ IPL ကို ဆေးခန်းမှာ သွားထည့်ခဲ့ပါတယ်။ ထည့်ပြီး ၆လ လောက်ပဲ ထားပြီး အခု ကလေး ယူတော့မှာမို့ အဲဒါကို ပြန်ထုတ်ထားပါတယ်။ ၃လရှိပါပြီ ပြန်ထုတ်ထားတာ။ အခုချိန်ထိ ကိုယ်ဝန်မရသေးပါဘူး ဆရာ။ ဘာကြောင့် မရသေးတာလဲ သိချင်ပါတယ်ဆရာ။ folid acid နဲ့ vitamin တွေလဲ ဆရာဝန်ညွှန်ကြားလို့ သောက်နေပါတယ် ၃လ ရှိပါပြီ။ ဖြစ်နိုင်ရင် နည်းလမ်းကောင်းလေး ညွှန်ပြပေးစေချင်ပါတယ် ဆရာ။

ရာသီလ မှန် မမှန် မသိ။ ဆေးပေးနေတဲ့ဆရာဝန်က စမ်းသပ် စစ်ဆေးသလား မသိ။ သားအိမ်ကို အာထွာဆောင်းရိုက် မရိုက် မသိ။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

3 Days Out

တခြားအီးမေးလ်နဲ့ဖွင့်ထားတဲ့ ကျွန်တော့် ဖေ့စ်ဘွတ်ကို လွန်ခဲ့တဲ့ မိနစ်ပိုင်းကစပြီး ၃ ရက်ကြာ သုံးမရဖြစ်သွားပါတယ်။

ဟာနီယာ ခေါ် အူကျတာမေးသူဆီ လင့်ပို့လို့တဲ့။ ဖေ့စ်ဘွတ်ကွန်မြူနတီစည်းကမ်းအရတဲ့။ အရင်ကလည်း အဲလိုခံရတာ ၃-၄ ကြိမ်ရှိပြီ။

အဲဒီနေရာကိုသာ လူအများဆုံးသိလို့ ဖတ်တဲ့သူများတယ်။ အဲဒီအီးမေးလ်နဲ့လုပ်ထားတဲ့ ပေ့ခ်ျ ၂ ခုလည်းသုံးမရတော့ပါ။ ဆောရီး။

အဲတာတွေနဲ့ ဆက်ထားတဲ့ မက်ဆေ့တွေ မက်စင်ဂျာတွေကနေ မေးတာတွေများတယ်။ ပြန်ဖြေလို့ ရ မရ မသိပါ။ ဆောရီး။ သိတဲ့သူတွေ သတင်းကို မျှဝေပေးကြစေလိုပါတယ်။ ကျေးဇူး။ ဆောရီး။

ဟာနီယာ၊ ပွေး၊ လိင်လမ်းရေယုံ လင့်တွေကို ဒဏ်ပေးတာတဲ့ အဲတာတွေကို စာတပုဒ်လုံးတော့ တင်လို့ရ ပို့လို့ရသတဲ့။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

အဲဒီပို့စ်ကို ကူးပြီး
https://www.facebook.com/Dr-Tint-Swe-Writings-183401575792494/
https://www.facebook.com/drtintswe/
https://www.facebook.com/tint.swe.dr
သုံးနေရာမှာ တင်ပေးစေလိုပါတယ်။ တခြားသူက ကျွန်တော့် VOA အင်တာဗျူးကိုတင်ပေးတာ အခုပဲတွ့တယ်။ တာတာတေ့ရတယ်။ ကျွန်တော်ကတော့ ဘာတခုမှ အသစ်တင်မရ၊ ပြင်မရပါ။ အရင်တခါတွေတုန်းကဆို လိုက်ခ် တောင်လုပ်မရခဲ့ပါ။

https://www.facebook.com/tint.swe.dr မှာ လူအများဆုံးဖတ်ပါတယ်။ အဲဒီမှာပါ ကူးတင်ပေးစေလိုပါတယ်။ ကျေးဇူး။

အဲဒီမှာမေးတာတွေကို ဖတ်လို့ရတယ်။ မေးတာတွေကို လင့် ပေးလို့မရ၊ စာတော့ ပို့ရတယ်။ ၂ ရက်နဲ့ ၂၂ နာရီ ကြာဦးမယ်တဲ့။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂၀၁၈

ဆရာကြီးရှင့် သမီးက ယင်းမာပင်မြို့ကပါ မေမေက သွေးတိုး ဆီးချို ရှိပါတယ်ရှင့် အသက်ကလဲ ၄၉နှစ်ပါ သွေးဆုံးနဲ့လဲယှဉ်နေတယ်ပြောပါတယ် မေမေက တခါတခါလေလဲဖြတ်တာ မဟုတ်ပဲ ညာဘက်တခြမ်းက အရုပ်ကြိုးပြတ်ဖြစ်သွားပါတယ် တခါတခါဆိုလဲ ၁နှာရီ  လောက်ကြာပီးရင် လူကောင်းအတိုင်းပြန်ကောင်းသွားပါတယ်ရှင့် ဆရာကြီး ဘာလုပ်သင်လဲရှင့်
Hypertension (1) သွေးတိုးရောဂါ (၁) https://doctortintswe.blogspot.com/2014/11/hypertension-1.html
• Diabetes ဆီးချို http://doctortintswe.blogspot.com/2015/02/diabetes.html
• Diabetic food ဆီးချိုနဲ့ အစားအသောက် http://doctortintswe.blogspot.com/2014/11/diabetic-food.html
• Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html

အရွက်မှာ လက်ဖက်

မနက်မှာ ကော်ဖီတခွက်။ ကနေ့ညမှာ လက်ဖက်၊ သဘောင်္ရွက်နဲ့။ မနေ့ညကတော့ ကမ္ဗလာသီး၊ မေးတာတွေဖြေပြီးတော့ စားပါတယ်။

တနေ့တနေ့ ရေနွေးကြမ်းအိုးက သုံးလုံးတည်ရတယ်။ ကျောင်းသွားတော့လည်း ဗူးအသေးနဲ့ ယူသွားတယ်။ ညက မကုန်သေးတာ မနက်မှာ ဆက်သောက်တယ်။

ရေနွေးညသိပ် မြွေအဆိပ်လို့ပြောတဲ့သူတွေရှိတယ်။ သဘောင်္ာရွက်နဲ့ ဂျင်း မစားကောင်းဘူးပြောတဲ့သူတွေရှိတယ်။ ကနေ့ည အိမ်ရှင်က ဂျင်းမလှီးအားပါ။ တခါခါ စားပါတယ်။

ပညာပေးတွေ ရေးကြတယ်။ မဟုတ်တာတွေကို အလေးထားသူတွေဟာ ဟုတ်တာကို မေ့တတ်ကြတယ်။ မှန်တာကို အမှားထင်တတ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး