Questions on 5-12-2018

ကနေ့မနက် လက်ဖက်ရည်

၁။ ဆရာရှင့် ကျွန်မအခု ကိုယ်ဝန် ၂၈ပတ်ရှိပါပြီရှင့်။့ မှာက အခုအရမ်းအေးလာတော့ ရေနွေးစိမ်တာတို့ ချွေးထုတ်ခန်း ဝင်တာတို့ လုပ်ရင် ဗိုက်ထဲက ကလေးအတွက် ထိခိုက်နိုင်ပါသလားရှင့်။

ကိုယ်တခါမှ မလုပ်ဖူးတာ သတိထားရ။ တခြားကိုယ်ဝန်ဆောင်တွေ လုပ် မလုပ်လည်း သတိထားကြည့်သင့်။ သုတေသန မဖတ်ဖူးလို့ သင့် မသင့် မပြောနိုင်။

၂။ မင်္ဂလာပါဆရာ ကျွန်မအသက်၂၃နှစ်ပါ အိမ်ထောင်ရှိပါတယ် ကျွန်မ ကလေးယူဖို့အတွက် လက်မောင်းက ပိုက်ဖြုတ်ထားပါတယ် ကိုယ်ဝန်ရှိမရှိစစ်ဖို့အတွက်ပြီးခဲ့တဲ့အခေါက်ရာသီလာပြီးတာကိုတွက်ရမှလား ပိုက်ဖြုတ်ပြီး တလပြည့်လို့ ရာသီမလာခဲ့ရင်စစ်ရမှာလားဆရာ ဖြေကြားပေးပါ ကျေးဇူးတင်ပါတယ်ဆရာ

ခဏခဏ နေ့တိုင်းလိုလိုဖြေတာကို တင်ရတယ်။ ကိုယ်ဝန်အတွက် ဆီးစစ်တယ်ဆိုတာ လူနာကို အတူနေရက် မမေး။ တားဆေး တားနည်းကို ကြည့်ရတာလည်း မဟုတ်။ ရာသီတပတ်နောကျက်ချိန်ကစပြီး ဆီးစစ်ရတယ်။ မသေချာ ၃-၄ ရက်အကြာ ထပ်စစ်ရတယ်။ ဒိထက်သေချာလိုသေး အာထွာဆောင်းရိုက်ရတယ်။

ထပ်ဖြည့်ပါမယ်။ တားဆေး တားနည်းတွေကို မသုံးတော့လို့ တခါတည်း ကိုယ်ဝန်မရတတ်ပါ။ စောင့်ရချိန်ကလည်း တယောက်နဲ့တယောက် မတူ။ ပိုမရေရာတာက ၃ လခံထိုးဆေး။ အရေပြားအောက်ထားတဲ့တားနည်းလည်း စောင့်ကြရချိန် မတူကြ။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

ကလေး မေးခွန်း

(ကန်တော့)

ဆရာ ကျမသားလေးအသက်ရှစ်လရှိပြီ ဝမ်းမကောင်းတာမွေးကတည်းကပါ အခုနောက်ပိုင်း ထမင်းကျွေးနေတုန်း ဝမ်းသွားပါတယ် တနေ့သုံးကြိမ်ကျွေးတိုင်းသွားပါတယ် ဆေးခန်းသွားတယ်ဆေးတိုက်တယ် သို့သော်မသက်သာသေးဘူး ပြီးတော့ဆရာဝန်ကပြော လိုက်တယ် ကန်တော့ပါဆရာ ကလေးဂျိုးအရေပြားဖြတ် ရမယ်လို့ဆိုတယ် ဘယ်လို လက္ခဏာဖြစ်ရင် အရေပြားလှီးရတာလဲ မဖြစ်မနေလှီးမှဖြစ်တာလားဆရာ ကလေးကတအားငယ် သေးတော့စိတ်ပူမိတယ် ကလေးဝမ်းသွားတာနဲ့ အရေပြားလှီးဖို့ဆက်စပ်နေလားသိပါရစေ အရေပြားလှီးရရင်ဆောင်ရန်ရှောင်ရန်လဲသိပါရစေ

ဝမ်းပျက်တာနဲ့ ပန်းအဖျားဖြတ်စရာလိုတာ မဆိုင်။ ဝမ်းဆိုတာ ပါးစပ်ကနေဝင်တာမှန်သမျှနဲ့ဆိုင်တယ်။

Diarrhea in Children ကလေးဝမ်းသွားရင် https://doctortintswe.blogspot.com/2018/09/diarrhea-in-children.html
Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း https://doctortintswe.blogspot.com/2016/10/phimosis-and-circumcision.html

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

အလာဂျီ မေးခွန်းများ

၁။ ဆရာ ကျွန်တော်ကပုလဲမြို့နယ် ညောင်ကုန်းရွာကပါဆရာ ကျွန်တော်ဝေဒနာက တပတ်လောက်ရှိပြီ..ဝေဒနာဆိုလို့ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး ယားလို့ကုတ်ရာကနေ အပိတ်အဖုတွေထွက်လာတယ် နောက်တော့လဲပျောက်သွားတယ် အဲလိုဖြစ်ဖြစ်နေတာ တပတ်လောရှိပြီ တအားကုတ်ရတယ်ဆရာ..ညညမှဖြစ်ဖြစ်နေတယ် ရွာဓလေ့ဆိုတော့ လူကြီးသူမတွေကပြောတာကတော့ နတ်မေးဘာမေးပေါ့ ရွာဓလေ့ဆိုတော့ မယုံချင်ဘူးဗျ...အိမ်နားက လူတယောက်ကတော့ ယားရင်သောက်ဆေးပြားလေးတော့ရှိတယ်ဆိုလို့သောက်တာပျောက်တယ် အဲဆေးကဒ်လေးလဲဆရာကိုပြချင်လို့ပုံမှာပို့် ပေး လိုက်ပါတယ် အဲလိုဖြစ်တာဆရာအနေနဲ့ သာမန်ဆိုရင်လဲသောက်ဆေးလေးပေးစေချင်ပါတယ် ဆေးခန်း ပြဖို့လိုရင်လဲဘယ်လိုဆေးခန်းမျိုး ဘယ်လိုဆရာမျိုးပြသင့်ပါတယ်ပေါ့။ မတဲ့ တဲ့အစာ စားမိလို့ဆိုရင်လဲ ပြောပြပေးပါလားဆရာ ဆရာတို့မိသားစု ကျန်းမာပျော်ရွှင်ပါစေ။

ဆရာ ကျွန်မအသက်က ၃၃နှစ်ပါ အသားတွေအရမ်းယာပါတယ် ဆေးခန်းလဲပြပါတယ် မသက်သာဘူး ဆေးဆိုင်ကဆေးစပ်သောက်တော့အယားသက်သာပါတယ် ဆေးမသောက်တော့ရင် ယားဖုတွေပြန်ထွက်ပြီး ပြန်ယားပါတယ်ဆရာ ကျွန်မဆေးစပ်သောက်တာ ၂လကျော်သွားပါပြီ ဆေးစပ်သောက်တာ ဘေးထွက်ဆိုးကျိုးတွေဖြစ်မလားလို့စိုးရိမ်မိပါတယ်  ဘာဆေးသောက်ရမလဲဆိုတာ ဆေးနာမည်နဲ့  ဆေးညွှန်းလေးရေးပေးပါနော်  ပုံလေးပါပြပေးလိုက်ပါတယ်

Hives အင်ပြင်ထွက်ခြင်း https://doctortintswe.blogspot.com/2016/12/hives.htmlAllergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
Allergy testing (အလာဂျီ) စစ်ဆေးခြင်း http://doctortintswe.blogspot.com/2015/05/allergy-testing.html

၂။ မင်္ဂလာပါ ဆရာ ကျွန်တော်အသက် ၁၉ နှစ်(ကျား) ဖြစ်တာက၂နှစ်လောက်ရှိပါပြီ ခြေဖဝါး လက်ဖဝါး ခန္ဓာကိုယ် ယားတာပါ။ ခန္ဓာကိုယ်ယားတဲ့နေရာကိုကုတ်ရင် အနီအဖုတွေဖြစ်တယ်၊ အဲဒီယားတဲ့နေရာကိုမထိဘဲနေရင်မယားပါဘူး၊ ထိမိရင်ပြန်ယားပါတယ်။ ခြေဖဝါးနဲလက်ဖဝါးက ယားတာရောနာတာရောပါဆရာ၊ ခြေဖဝါးတခုလုံးမဟုတ်ဘဲ ခြေဖဝါးအရှေ့ပိုင်း မှာဖြစ်တာပါ၊ လမ်းလျောက်ရင် စူးနေအောင်နာတယ်ယားတယ် လက်ဖဝါးလဲ အဲလိုပါဘဲ တခုခုကို တင်းအောင်ကိုင်လိုက်တာဘဲဖြစ်ဖြစ် ရိုက်လိုက်တာဘဲဖြစ်ဖြစ် ယားပြီးနာလာတယ် ဘယ်အရာနဲမှမထိဘူး၊ မဖိဘူးဆိုရင် ယားမှန်မသိသာပါဘူး ဘာလုပ်သင့်လဲအကြံပေးပါဆရာ ဖြစ်တာကပျောက်သွားလိုက် ပြန်ဖြစ်လိုက် အဓိက ခြေဖဝါးနဲ့ လက်ဖဝါးခြေဆီ၊ လက်ဆီထွက်တယ် ခြေဆီကအနံထွတ်တယ်

အလာဂျီကိုသာ သတိထားသင့်။ ကိုယ်နံ့ ချွေးနံ့ဆိုတာ တယောက်နဲ့တယောက်မတူ။ စိုးရိမ်စရာ မဟုတ်။

Hives အင်ပျဉ် https://doctortintswe.blogspot.com/2018/09/hives.html
Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
Allergy testing (အလာဂျီ) စစ်ဆေးခြင်း http://doctortintswe.blogspot.com/2015/05/allergy-testing.html

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

ကလေးရင်သား မေးခွန်း

(ကန်တော့)

ဆရာရှင့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါ ဆရာ သမီးလေးက အခု 3လပြည့်တော့မှာပါရှင့် သမီးလေး 3ပတ်သားလောက်မှာ အဒေါ်ဖြစ်သူက အိမ်လာလည်ပြီး ကလေးရဲ့ နို့နှစ်ဖက်ကို မပြောမဆိုနဲ့ ညစ်လိုက်ပါတယ်ရှင့် နို့နှစ်ဖက်လုံးက အရေကြည်လေးတွေ ထွက်သွားပါတယ် ကျွန်မ တွေ့လိုက်တော့ အဒေါ်နဲ့  စကားတောင်များရပါတယ် ဆရာရှင့် သမီးလေးအတွက် အဲ့ ဒီ့အချိန်ထဲက စိုးရိမ်နေရလို့ပါ ဆရာ အဲ့ဒီ့အရေကြည်လေးထွက်သွားရင် ကလေး ရင်သားအတွက် ဘယ်လို ထိခိုက်နိုင်လဲသိချင်လို့ပါရှင့် ရေချိုးတိုင်း သမီးလေးနို့ကိုသတိထားပြီး ကြည့်ပါတယ် ဆရာ အခု ကလေး နို့ထိပ်လေးက တဖက်ကစူပြီး တဖက်က နဲနဲ ချိုင့် ဝင်နေလို့ပါရှင့် ကျေးဇူးပြု၍ ဖြေပေးပါနော် ဆရာ

ကလေးတွေ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် နို့ ခေါ် ရင်သားကို မထိမကိုင်လေ ကောင်းလေ။ ထိကိုက်ညှစ်ရင် ဘာဖြစ်မလဲ မတူကြ။ ရောဂါရယ်လို့တော့ မဖြစ်လောက်ပါ။ ဆေးလည်း မလိုပါ။ စိုးရိမ်စရာမရှိလောက်။ ရင်သားဆိုတာ မျိုးပွါးလမ်း ခေါ် လိင်အင်္ဂါအုပ်စုထဲက အရံအင်္ဂါဖြစ်တယ်။ ဟော်မုန်းနဲ့ နှိုးဆွမှုကနေ သက်ရောက်စေနိုင်တယ်။ တယောက်နဲ့ တယောက် မတူတာရှိတယ်။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

ကိုယ်ဝန်တာဆေး အမျိုးမျိုးရှိတယ်

(ကန်တော့)

အသက် ၂၇ ပါ မိန်းကလေးပါ အိမ်ထောင်ရှိ ကလေးက ၁နှစ်ပြည့်ပါပီ အရင်ကတားဆေးထိုးပါတယ် ရာသီမဆင်းပါ အခု ဆေးကဒ်ပြောင်းသောက်ချင်လို့ပါ ဆေးလေးအကြံပြုပေးပါဦးဆရာ

ကိုယ်ဝန်တာဆေး အမျိုးမျိုးရှိတယ်။ ခဏခဏ (ခဏခဏ) တင်ထားတယ်။ ဆေးကဒ်လို့ပြောတာနဲ့ ဖတ်တဲ့သူက မသိနိုင်။ တားဆေးတာနည်းအားလုံး ဘလော့မှာရှိတယ်။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

အမျိုးသမီးများ မေးခွန်းများ

၁။ ကျွန်မရဲ့ အမေက အသက် ၆၆ နှစ်ရှိပါပြီရှင့် အမေ့ရဲ့ကျန်းမာရေးနဲ့ပတ်သတ်တာလေးမေးချင်တာပါဆရာ အခုဆို အမေက အိပ်နေရင်း တမိနစ်လောက်သတိလွတ်ပြီးပါးစပ်က တခုခုကိုမြုပ်နေသလိုလို လုပ်နေတတ်ပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတာသိချင်လို့ ပါဆရာ။ ဘယ်လိုဆေးမျိုးစားသုံးသင့်သလဲဆိုတာရယ် သိချင်လို့ပါရှင့်။

ရောဂါတခုခုနဲ့ မတူသေး။ သွေးတိုး မသိ။ ဆီးချို မသိ။

ဟုတ်ကဲ့ရှင့် ကျေးဇူးတင်ပါတယ် ဆရာ သွေးတိုး ဆီချို မရှိပါဘူးရှင့် ဒါပေမဲ့ ဝမ်းဗိုက်အောက် ချက်အထက်နားမှာ အလုံးခဲကြီးရှိပါတယ်ဆရာ ဆေးခန်းပြပေမယ့် အမေကခွဲရမှာ ကြောက်နေတာဆရာ

ဆေးခန်းက ရောဂါအမည် ပြောပါသလား။

ဆရာကို ဆေးစစ်ချက်တွေညနေကျပြပါမယ်ဆရာ အခု ကျောင်းမှာရောက်နေလို့ပါရှင့် ဆရာကို ကျေးဇူးတင်ပါတယ်ရှင့်

ပုံမလို။ မှတ်ချက်စာသားလို။

ဟုတ်ကဲ့ရှင့် ဆရာရှင့်ပထမပိုင်းမှာအပြင်ဆေးခန်းနဲ့ပြလိုက်မိတယ် နောက်တော့ ဆေးရုံကြီးကိုလွှတ်ပါတယ် ဒါကဆေးရုံကြီး result ပါရှင့် ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင်

ဖတ်လို့ရသလောက် HCC ခေါ် အသည်းကင်ဆာ။

၂။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်ပါ ကျွန်မ ဆီးမကြာခဏသွားနေပါတယ်ရှင့် ဆီးအိမ်လည်း အမြဲတင်းနေပါတယ် ဆေးခန်းပြသော်လည်း မသက်သာပါ ကျွန်မမှာ တနှစ်ခွဲအရွယ်ကလေးလည်းရှိပါတယ် သက်သာမည့်နည်းလမ်းလေးများဖြေကြားပေးပါရှင်

ဆီးချို စစ်ပါသလား။ ဆီးလမ်းပိုးဝင်တာအတွက်ဆေး သောက်ရပါသလား။

စစ်ပါတယ်  ဆီးချိုမရှိပါ ပိုးသက်ဆေးလဲငါးခါထိုးပေးပါတယ်သောက်ဆေးလဲပေးပါတယ်မသက်သာလို့ပါရှင်

Overactive bladder ဆီးခဏခဏသွားခြင် https://doctortintswe.blogspot.com/2017/03/overactive-bladder.html
Urinary Incontinence in Women အမျိုးသမီး ဆီးမထိန်းနိုင်ခြင်း https://doctortintswe.blogspot.com/2014/11/urinary-incontinence-in-women.html

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

ကနေ့ မွန်းမတည့်ခင် တစ် ၆ လုံးပြင်

၁။ ဆရာ ကျွန်မအိမ်ထောင်သက် 10နှစ်ရှိပြီး ကလေးမရသေးလို့ဘာလုပ်ရမလည်ဆရာ

မေးနည်း ပို့လိုက်တယ်။

၂။ ဟဲလို

မေးနည်း ပို့လိုက်တယ်။

၃။ ဟိုင်း

မေးနည်း ပို့လိုက်တယ်။

၎။ မင်္ဂလာပါ

မေးနည်း ပို့လိုက်တယ်။

၅။ သင့်ဝဘ်ဆိုက်ကဘာလဲ

မေးနည်း ပို့လိုက်တယ်။

၆။ Hi

မေးနည်း ပို့လိုက်တယ်။

ကနေ့ မွန်းမတည့်ခင် မေးခွန်းတွေထဲက တစ် ၆ လုံးပြင်ရတယ်။ အရင်ကထက် အတော်ကို နည်းလာပြီ။ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

ပေါင်မုံ့ထောပတ်သုတ်

ငယ်ငယ်လေး တောမှာနေတုန်းကတော့ ထမင်းကြမ်းလှုံ့လို့ခေါ်တာ စားရတယ်။ ယာခင်းထဲလိုက်ပြီး ထွန်စီး ဆော့ကစားပြီး နားချိန်မှာ အိမ်ကလာပို့တဲ့ ခံတောင်းထဲက ဆီနဲ့ ဆားသာပါတဲ့ ထမင်းကြော်တာ။ မင်းရွာမှာ။

မုံရွာနေတော့ အမေကြော်ပေးတဲ့ ဆနွင်းဝါဝါနဲ့ ဗလာထမင်းကြော်။ ကျောင်းမသွားခင် စားရတယ်။

ဆေးကျောင်းတက်တော့ ဘိုဆန်လာပြီ။ မင်္ဂလာလမ်းက အေးစန်းဆိုင်မှာ လက်ဖက်ရည်။

ကိုယ်ကသာ ဘိုဆန်တယ်ထင်တာ ဘယ်ဟုတ်မလဲ ကုလားဆန်တာ။ အိန္ဒိယမှာ နေ့တိုင်းနေ့တိုင်း အိမ်မှာဖြစ်ဖြစ် ဘယ်ကိုသွားသွား ကြာယေး ခေါ် လက်ဖက်ရည်သောက်ရတာ ၂၄ နှစ်ကြာတယ်။

ဆေးကျောင်းသားဘဝ လဆန်းရက်ဆို တခါခါ ပေါင်မုံ့ထောပတ်သုတ်ပါတယ်။ တပွဲ တမတ်ပေးရတယ်။ ကနေ့မနက် မေးခွန်းတွေနဲ့ စားရတာလည်း ပေါင်မုံ့ထောပတ်သုတ်ပဲ။ မြန်မာပြည်မှာလည်း အခုထိ တမတ်ခေတ်ပဲရှိသေးတာ။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

Cough Question အိပ်မရအောင် ချောင်းဆိုးနေတာပါ

ဆရာခဗျ ကျွန်တော်အသက် ၃၇နှစ်ပါ ညညအိပ်မရအောင် ချောင်းဆိုးနေတာပါ ဘာဆေးသောက်သင့်လဲ ညွှန်ပေးပါအုံးဆရာ

Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://doctortintswe.blogspot.com/2014/11/cough-syrups.html
Cough Syrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း https://doctortintswe.blogspot.com/2014/11/cough-syrup-addiction.html
Cough Question တခါတခါမှ ချောင်းဆိုးပါတယ် https://doctortintswe.blogspot.com/2018/10/cough-question.html
Bronchitis ဘရောင်ခိုက်တစ် https://doctortintswe.blogspot.com/2017/08/bronchitis.html
Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html
Pneumonia နူမိုးနီးယား http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

ဒေါက်တာတင့်ဆွေ

Hives အင်ပျဉ်

ဆရာ ကျွန်မအသက်က ၃၃နှစ်ပါ အသားတွေအရမ်းယာပါတယ် ဆေးခန်းလဲပြပါတယ် မသက်သာဘူး ဆေးဆိုင်ကဆေးစပ်သောက်တော့အယားသက်သာပါတယ် ဆေးမသောက်တော့ရင် ယားဖုတွေပြန်ထွက်ပြီး ပြန်ယားပါတယ်ဆရာ ကျွန်မဆေးစပ်သောက်တာ ၂လကျော်သွားပါပြီ ဆေးစပ်သောက်တာ ဘေးထွက်ဆိုးကျိုးတွေဖြစ်မလားလို့စိုးရိမ်မိပါတယ် ဘာဆေးသောက်ရမလဲဆိုတာ ဆေးနာမည်နဲ့ ဆေးညွှန်းလေးရေးပေးပါနော် ပုံလေးပါပြပေးလိုက်ပါတယ်

Hives အင်ပျဉ် https://doctortintswe.blogspot.com/2018/09/hives.html
Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
Allergy testing (အလာဂျီ) စစ်ဆေးခြင်း http://doctortintswe.blogspot.com/2015/05/allergy-testing.html

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ကိုယ် ရေးပေါ့

ဆရာ့စာအုပ်တွေ pdf file လုပ်ပြီး E-books အဖြစ်ဖတ်လို့ရအောင်လင့်မှာတင်ထားပေးပါလား ဒေါင်းလုတ်ဆွဲ သိမ်းဆည်း ထားချင်လို့ အများကောင်းကျိုးအတွက်ပါ။

အဲလိုစာအုပ်တွေ အများကြီး။ သူများတွေလုပ်ကြတယ်။ ၉၀% က သတ်ပုံတွေပြင်ထားကြတယ်။ မလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ကိုယ် ရေးပေါ့။ ကျွန်တော်က မလုပ်အားပါ။ ဆောရီး။ သတ်ပုံစာအုပ်တအုပ်ကိုတော့ လုပ်ပါမယ်။ အချိန်ရှာနေတုန်း။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

လယ်တီဆရာတော်ဘုရားအတွက် ဘုန်းတော်ဘွဲ့ တေးထပ်

သာသနာတဝက်

ဒေါက်တာတင့်ဆွေ
Zaw Min-Oo Thanks

Umbilical hernia ချက်ဖေါင်းဟုခေါ်သည်

ဆရာရှင့် ကျွန်မသားလေးက ၂လပါ ခွဲမွေးပြီး ၁၀ရက်လောက်ရှိတော့ ချက်က ကြွေပါတယ် ပြည်မထည့်ပါ သွေးမထွက်ပါ ၁ လရှိတော့ ချက်ကစူထွက်လာပါတယ် အဲ့ဒါစိတ်ပူလို့ပါရှင့် ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင် ချက်က ငိုရင် ပိုစူထွက်လာတာ ပြန်ရှုံ့ သွားရင်အူလာတော့မသိဘူးလည်နေတာရှင့်

Umbilical hernia ချက်ဖေါင်းဟုခေါ်သည် https://doctortintswe.blogspot.com/2015/09/umbilical-hernia.html

ဒေါက်တာတင့်ဆွေ

Melatonin မယ်လာတိုနင်

သမီးအသက်က ၂၅ ပါ။ အိမ်ထောင်ရှိပါတယ်။ ညဘက်တွေမှာ အိပ်မပျော်လို့ပါ ဆရာ။ ဖြစ်တာတော့ ကြာပါပြီ။ ကော်ဖီ လက်ဖက်ရည် သောက်တဲ့နေ့တွေဆို မိုးလင်းတဲ့အထိ အိပ်မပျော်ပါဘူး။ မသောက်တဲ့နေ့တွေဆိုရင်လည်း ညဥ့်နက်တဲ့ထိ အိပ်မပျော်သေးပါဘူး။ အိပ်ပျော်သွားရင်လည်း နှလုံးတုန်ရင်တုန်ပြီး လန့်နိုးတတ်ပါတယ်။ မိုးလင်းခါနီးမှ အိပ်ပျော်ပြီး နေ့လည်လောက်မှ အိပ်ယာထနိုင်တာ ပုံမှန်လိုဖြစ်နေပါတယ်။ အိပ်ချိန်မှန်ပြီး ညဘက်စောစောအိပ် မနက်စောစော ထချင်ပါတယ် ဆရာ။ နှစ်ခြိုက်စွာအိပ်ပျော်ချင်ပါတယ်။ ကော်ဖီ လက်ဖက်ရည် လက်ဖက်သုပ် စတာတွေကို လုံးဝ စားလို့မရဘူးဖြစ်နေပါတယ်။ တချို့လူတွေကျတော့ အဲ့ဒါတွေစားလည်း အိပ်ပျော်ကြတယ်။ လူတယောက်နဲ့တယောက် ဘာများကွာသွားတာပါလဲရှင့်။ ပူးတွဲပါ ဆေးဘူးအကြောင်းလေးလည်း သိပါရစေရှင့်။

Insomnia အိပ်မရခြင်း https://doctortintswe.blogspot.com/2017/03/insomnia.html
Sleeping မအိပ်ဘဲနေ အသက်မရှည် http://doctortintswe.blogspot.com/2014/11/sleeping.html
Pregnancy and Sleeping pills ကိုယ်ဝန်နဲ့ အိပ်ဆေး http://doctortintswe.blogspot.com/2014/11/pregnancy-and-sleeping-pills.html
Sleeping pills အိပ်ဆေး http://doctortintswe.blogspot.com/2014/11/sleeping-pills.html
Sleeping positions during pregnancy ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုအိပ်သင့်သလဲ http://doctortintswe.blogspot.com/2016/09/sleeping-positions-during-pregnancy.html
Melatonin မယ်လာတိုနင် https://doctortintswe.blogspot.com/2016/03/melatonin.html

ဒေါက်တာတင့်ဆွေ

Hepatitis C အသည်းရောင် (စီ) ပိုး

မင်္ဂလာပါ ဆရာ အသက်က ၂၉ ယောက်ကျားလေးပါ စီပိုးရှိတယ်လို့ ဆရာဝန်ကပြောပါတယ် သွေးလှူဖို့စစ်ရင်းက သိတာပါဆရာ သွေးအဖြေယူပြီးပြန်မပြဖြစ်တော့ပါဆရာ ရောဂါအခြေအနေသိချင်လို့ ကျေးဇူးပြုပြီးရှင်းပြပေးပါလားဆရာ ကျေးဇူးတင်ပါတယ် ဆရာ

Hepatitis C (စီ) ပိုး http://doctortintswe.blogspot.com/2014/11/hepatitis-c.html
Hepatitis C latest အသည်းရောင် (စီ) ပိုး နောက်ဆုံးအခြေအနေ http://doctortintswe.blogspot.com/2014/11/hepatitis-c-latest.html
Hepatitis C links http://doctortintswe.blogspot.com/2014/12/hepatitis-c-links.html
Hepatitis C medicine Sovaldi အသည်းရောင် (စီ) အတွက်ဆေး http://doctortintswe.blogspot.com/2014/11/sovaldi.html
Hepatitis C Mothers (စီ) ပိုးရှိ မိခင် http://doctortintswe.blogspot.com/2014/11/hepatitis-c-mothers.html
Hepatitis C Treatment and Management အသည်းရောင် (စီ) ဘယ်လိုကုသလဲ http://doctortintswe.blogspot.com/2014/11/hepatitis-c-treatment-and-management.html
Hepatitis C Viral Load (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) http://doctortintswe.blogspot.com/2014/11/hepatitis-c-viral-load.html
Medication Regimens According to HCV Genotype http://doctortintswe.blogspot.com/2015/05/medication-regimens-according-to-hcv.html
Sovaldi အသည်းရောင် (စီ) အတွက်ဆေး http://doctortintswe.blogspot.com/2014/11/sovaldi.html
How to live with Hepatitis C positive person စီပိုးရှိသူနဲ့ အတူနေရသူတွေ https://doctortintswe.blogspot.com/2016/05/hepatitis-c-prevention.html

ဒေါက်တာတင့်ဆွေ

TB တီဘီ မေးခွန်းများ

၁။ ဆရာရှင့် သမီးအဖွားက အသက် ၇၄ နှစ်ရှိပါပြီ အခု အဆုပ် tv ဖြစ်နေတယ်လို့ဆရာဝန်ကပြောပါတယ် ပိုး 430 ရှိတယ်လို့ ပြောပါတယ် ဆရာဝန်က အသက်လည်းကြီးပြီ ပိုးတွေလည်းများနေလို့ tv ဆေး မခံနိုလောက်တော့ဘူး ပြောပါတယ် ရသလောက်တော့ကုချင်ပါသေးတယ် အဲ့ဒါသဘာဝ အသီးအရွက်တွေ ဘာတွေ ကျွေးလို့ရမလဲရှင့်

တီဘီ လို့ရေးရတယ်။ တီဗွီ ဆိုတာ ကြည့်စရာ ရုပ်မြင်သံကြား။
တီဘီဆေးတွေမှာ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ အများကြီးမဆိုးပါ။ အစားအစာဆိုတာ လုံလောက် + မျှတအောင်စားရတယ်။

TB Medicines Side Effects တီဘီဆေးတွေနဲ့ ဘေးထွက်သက်ရောက်မှုများ https://doctortintswe.blogspot.com/2018/04/tb-medicines-side-effects.html
TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html
Nutrition အာဟာရ https://doctortintswe.blogspot.com/2014/12/nutrition.html

၂။ ဆရာရှင့် ကျေးဇူးပြု၍မေးချင်းလို့ပါရှင့်၊ သမီးက mdr လူနာပါ၊ သမီးတချိန်လုံး mask တပ်ထားပါတယ်၊ ကလေးက ၃နှစ်ပါ၊ ကလေးနားကပ်ရင်ကူးနိုင်လားရှင့်၊ ဆေးထိုးဆေးသောက်နေတာတော့ ၄ရက်ရှိပါပြီ၊ အပြင်သွားရင်ရော ကလေးနဲ့သွားလို့ ရလားရှင့်

MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ https://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html

ဒေါက်တာတင့်ဆွေ

ကန်တော့

၁။ ဆရာ မင်္ဂလာပါရှင်။ မေးခွန်းလေးထပ်မေးပါရစေ။ ကလေးမွေးပြီး နောက်ပိုင်း အရိုးအဆစ်တွေကအသံမြည်လို့ပါဆရာ ဂျွတ်ဂျွတ်နဲ့ ဒူးခေါင်းအဆစ် ပေါင်အဆစ် လက်မောင်းအဆစ်တွေကနေပါ အဲ့ဒါဘယ်လိုလုပ်ရမလဲရှင့် ဖြစ်လေ့ဖြစ်ထရှိပြီး အချိန်တန်ပျောက်သွားတာမျိုးလား ကုသဖို့လိုအပ်ပါသလားရှင့်။

ရောဂါတခုခုနဲ့ မတူသေး။ ပုံမှန် ဗီတာမင်ဘီနဲ့ သံဓါတ်အားဆေးလိုကောင်း လိုနိုင်။ ပုံမှန် အစားအသောက် စားသင့်။

၂။ ဆရာရှင့် ကျွန်မ အသက်က ၂၅ ပါ အိမ်ထောင်ရှိပါတယ် မာဗွန်လွန် 28 တားဆေးကို ၃နှစ်ကျော်သောက်ခဲ့ပါတယ် ဆေးသောက်တာကြာပြီမို့ ဆေးဖြတ်ခဲ့ပါတယ် အခု ရာသီသွေးမပေါ်သေးလို့ပါဆရာ ဆီးစစ်တံနဲ့ စစ်ကြည့်တာတော့ ကိုယ်ဝန်မရှိပါဘူး ဆရာ ရာသီသွေးပေါ်အောင် သောက်ရမယ့်ဆေးလေး သိချင်လို့ပါ ဆရာ တားဆေးဖြတ်ထားတာ ၁လရှိပါပြီဆရာ အဲ့တလအတွင်း ကျွနိမတို့လင်မယား ကွန်ဒုံးနဲ့ပဲ နေပါတယ်ဆရာ

Amenorrhea ရာသီမလာခြင်း https://doctortintswe.blogspot.com/2017/12/amenorrhea.html

၃။ ဆရာ Online မှာ ဆရာ မဟုတ်ပဲ အတုအယောင်တွေတင်နေလို့ ပို့ပေးတာပါ ဆရာ

ကျေးဇူး။

၎။ ဆရာ မင်္ဂလာပါရှင့် သမီးအသက်က ၂၅နှစ်ရှိပါပီ အိမ်ထောင်ရှိပါတယ် မိန်းမကိုယ်အရမ်းယားနေလို့ပါ အဖြူနို့နှစ်ရောင် အခဲလေးတွေထွက်လာပါတယ် တလလောက်ရှိပါပီမိန်းမကိုယ်ယားနေတာက အဲ့ဒါဘာဆေးတွေ သောက်သင့်လဲဆရာရှင့်

Vaginal itching မိန်းမကိုယ် ယားခြင်း https://doctortintswe.blogspot.com/2014/11/vaginal-itching.html

၅။ ဆရာ ဒီလိုဆို ကိုယ်ဝန် ရှိလားဗျ မနက်စောစော ထပြီး စစ် ထားတာဗျ

ဆီးစစ်တဲ့ရက် မစောရင် ဆီးပိုင်ရှင်မှာ မရှိ။ အသက် စတာ မသိ။ မေးနည်း ပို့လိုက်တယ်။

၆။ ဆရာ ကန်တော့ပါ ကျွန်တော် ဘယ်ဘက်ဥနားမှာအကျိတ်လို အသီးလေးဖြစ်နေပါတယ် အတွင်းပိုင်းမှာပါ ဆီးကျိတ်လက္ခဏာပုံစံမျိုးလားဆရာ ဆီးသွားရင်တော့မနာမကျင်ပါဘူး အဲ့ဒီအကျိတ်လေးကိုနည်းနည်းလေးဖိမိရင်တော့ ဆီးခုံတဝိုက်ထိအောင့်တယ်ဆရာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးပါဆရာ စာထဲမှာရိုင်းတဲ့စကားလုံးပါရင်ခွင့်လွှတ်ပါဆရာ

အသက် မသိ။ ဖြစ်တာ ဘယ်လောက်ကြာ မသိ။

၇။ မေးစရာလေးရှိလို့ ပါဆရာ ကျွန်မအိမ်ထောင်ကျတာ ၁နှစ်ပြည့်တော့မယ်ဆရာ ဆေးကတ်က၄လစားလိုက်တယ် အခုဖြတ်တာကြာပြီးဆေး ၆လပြည့်တော့မယ် ကလေး ကမရသေးဘူး အားဆေးဝယ်သောက်လို့ရလာဆရာ ကျွန်မ အသက်က ၃၀ ပါဆရာ ဆေးလေးနဲနဲလောက်ညွန်ကြာပေးပါရှင်

အသက်ကို နောက်မှသာရေးလို့ ၂ ခါထပ်ဖတ်ရတယ်။ ရာသီ မသိ။ အိုဂျီပြဖူးလား မသိ။ သားအိမ် မျိုးဥအိမ် အာထွာဆောင်းရိုက်ဖူးလား မသိ။

ဒေါက်တာတင့်ဆွေ

Nosebleed နှာခေါင်းသွေးယိုခြင်း

ဆရာရှင့် သမီးရဲ့တူလေး အသက် ငါးနှစ်ခွဲ မကြာခဏ ကိုယ်ပူ ချောင်းဆိုးဖြစ်တတ် လွန်ခဲ့တဲ့တနှစ်က  မောင်နှမနှစ်ယောက်ဆော့ရင်း နှာခေါင်းကို ထိမိပြီး  သွေတွေတအားထွက်ခဲ့ပါတယ်  နောက်ပိုင်းမကြာခဏ နှာခေါင်းကသွေးထွက်ပါတယ် စိုးရိမ်ရပါသလားရှင့်

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁) http://doctortintswe.blogspot.com/2015/02/nosebleed-1.html
Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂) http://doctortintswe.blogspot.com/2017/02/nosebleed-2.html
Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု http://doctortintswe.blogspot.com/2016/05/bleeding.html

Dr. တင့်ဆွေ

ပိုးလေးဘက်နာ မရှိ လေးဘက်နာပိုး မရှိ

အသက် ၉ နှစ် မ ASO titre 400 ဖြစ်တဲ့လက္ခဏာက ခြေလက်တွေညောင်းနေလို့ ဆရာဝန်ပြကြည့်တာ ပိုးလေးဘက်နာ လို့ပြောပြီး Pen V ကို စွဲသောက်ခိုင်းတယ် တစ်ချို့  ဆရာဝန်တွေက ASO များတိုင်းလည်း လေးဘက်နာလို့ အတိအကျ ပြောလို့မရပါ ဟု ဆိုကြပြန်တယ်။ မေးချင်တာက ASO များတိုင်း Pen V စွဲသောက်သင့်ပါသလား ဆရာ။ပိုးလေးဘက်နာ သေချာအောင် ဘယ်လို စစ်ဆေးမှုတွေ ထပ်လုပ်သင့်ပါသလဲ ဆရာ။ ဆရာခင်ဗျာ ပိုးလေးဘက်နာအတွက် Pen V နဲ့ ဓာတ်မတည့်ရင် အစားထိုး ဆေး ရှိလားခင်ဗျ

ပိုးလေးဘက်နာ မရှိ။ လေးဘက်နာပိုး မရှိ။

ASO ဆိုတာ ပိုးမဟုတ်ပါ https://doctortintswe.blogspot.com/2014/11/aso.html
Rhumatic links လေးဘက်နာစာများ
Rheumatic Diseases လေးဘက်နာရောဂါများ http://doctortintswe.blogspot.com/2015/08/rheumatic-diseases.html
Rheumatic skin disease အရေပြားလေးဘက်နာ http://doctortintswe.blogspot.com/2016/01/rheumatic-skin-disease.html
Rheumatism (1) လေးဘက်နာ (၁) http://doctortintswe.blogspot.com/2014/10/rheumatism-1.html
Rheumatism (2) လေးဘက်နာ (၂) http://doctortintswe.blogspot.com/2014/10/rheumatism-2.html
Rheumatism လေးဘက်နာ http://doctortintswe.blogspot.com/2014/11/rheumatism-1.html
Penicillin V ပနယ်စလင် စားဆေး https://doctortintswe.blogspot.com/2016/07/penicillin-v.html

ဒေါက်တာတင့်ဆွေ

Kidney stones ကျောက်ကပ် ကျောက်

မင်္ဂလာပါဆရာ။ ကျွန်မအသက် ၃၅နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အသက် ၃၄နှစ်က ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖူးပါတယ်။ 4mm ရှိပါတယ်။ ဆေးပဲစားခိုင်းပါတယ်ဆရာ။ အခုဒုတိယကိုယ်ဝန်ဆောင်ထားပါတယ်ဆရာ။ Ultrasound ရိုက်လိုက်တော့ ဆီးကျောက်ကရှိနေသေးတယ်ဆရာ။ သက်သာတယ်ဆိုပြီး ဆရာဝန်မပြဘဲ ဆေးဆက်မသောက်ဘဲနေလိုက်တဲ့လမှာ ကလေးရပါတယ်။ အခုကိုယ်ဝန် ၄လရှိနေပါတယ်။ ကလေးကို ဆီးကျောက်က ထိခိုက်နိုင်ပါလားဆရာ။ ပထမကလေးတုန်းက ရိုးရိုးမွေးတာဆရာ။ အခုရိုးရိုးမွေးရင် အဆင်ပြေပါမလားဆရာ။ ကူညီပါအုံးဆရာ။ ကလေးအတွက်စိုးရိမ်လို့ပါ အခုဆီးဆေးက စားမရဘူးပြောလို့။ ဘယ်အချိန် ဆီးကျောက်ကြေဆေး စားရမလဲဆရာ။ ပြန်ဖြေပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ https://doctortintswe.blogspot.com/2014/11/kidney-stones-home-remedies.html

အသက်က ၃၆ပါဆရာ ဆီးကျောက်တည်တာ အခုခါးနာပြီး ဆီးအိမ်ကနာနေလို့ဆရာ ဘာဆေးသောက်ရမလဲဆရာ ပေါင်လဲကိုက်လို့ပါဆရာ ကလေးလည်းရှိတယ်ဆရာ ကလေးက တစ်နှစ်နဲ့သုံးလပါဆရာ

အရင်တခါ ဖြေထားပြီး။

Kidney stones ကျောက်ကပ် ကျောက် https://doctortintswe.blogspot.com/2014/11/kidney-stones.html
Kidney stones ဆီးလမ်းကျောက် ဘာကြောင့်များသလဲ https://doctortintswe.blogspot.com/2017/12/kidney-stones.html

ဒေါက်တာတင့်ဆွေ

အလွန့်အလွန်ရှည်တဲ့မေးခွန်း

မင်္ဂလာပါ ဆရာ ပထမဦးစွာ ပြောမှားဆိုးမှားရှိရင်တောင်းပန်ပါတယ်ဆရာ။မေးခွန်းတွေကများပါတယ့့်

Pages 5
Words 246
Characters (no space) 3,914
Characters (with space) 4,102
Paragraphs 76
Lines 151

အလွန့်အလွန်ရှည်တဲ့မေးခွန်းကို မနည်းကြိုးစားပြီး ဆုံးအောင်ဖတ်ပါတယ်။ ဆေးနည်းတွေလည်း စုံအောင်လုပ်ထားပြီးဖြစ်တယ်။ ဖြေရန်မရှိပါ။

ဒေါက်တာတင့်ဆွေ

ညပိုင်း မေးခွန်းတချို့

၁။ ဆရာ ကျမပီးခဲ့ ၂၀၁၇ ၉လပိုင်း မာ  ပထမဦးဆုံးကိုယ်ဝန် ၃လနဲ့ပျက်ကျခဲ့ပါတယ် သားအိမ်ထူနေတယ်ဆိုပီ သားအိမ်ခြစ်ရပါတယ် ဆရာ အခုချိန်ထိ ကလေးပြန်မရသေးပါဘူး ကလေးလိုချင်ပါတယ်ဆရာ ဘာဆေး သောက်ရမလဲဆိုတာ ကျေးဇူးပြုပီ လမ်းညွန့် ပေးပါလား ဆရာ ကျမ အသက် ၄၀ ပါဆရာ

အသက်ကို အရင်မရေးလို့ ၂ ခါထပ်ဖတ်ရတယ်။ သားအိမ်ထူနေတယ်ဆိုတာ ဆေးစစ်ချက်သိပါသလား။ သိရင် အဲဒီစာအတိုင်း ဘလော့မှာ ဖတ်နိုင်တယ်။

၂။ ဆရာမင်္ဂလာပါရှင့် သမီးလေးက တစ်နှစ်နဲ့သုံးလပါ ညကဘယ်ဘက်နှာခေါင်းကသွေးယိုလို့ပါ ဘာကြောင့်ဖြစ်နိုင်လဲ ဆိုတာသိချင်လို့ပါ စိတ်လည်းပူလို့ပါ သမီးကိုဖြေပေးပါဆရာ ကျေးဇူးတင်ပါတယ်ရှင့်

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁) http://doctortintswe.blogspot.com/2015/02/nosebleed-1.html
Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂) http://doctortintswe.blogspot.com/2017/02/nosebleed-2.html
Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု http://doctortintswe.blogspot.com/2016/05/bleeding.html

၃။ ဆရာဗျ ဂေါက်ရောဂါရှိတဲ့သူဟာ မိန်းမယူပြီးကလေးမွေးရင် ကလေးမှာ ဂေါက်ရောဂါဖြစ်နိုင်ပါသလားဗျ
ကူးစက်ပါသလားဗျ

အသက်-ကျား-မ-အချက်အလက် မသိ။ မေးနည်းပို့လိုက်တယ်။ အချက်အလက်တွေ မပြောလိုလည်း မေးနည်းမှာ ဘလော့လိပ်စာပါတယ်။

ဒေါက်တာတင့်ဆွေ

Nutrition for women အမျိုးသမီးတွေအတွက် အာဟာရ

မင်္ဂလာပါဆရာရှင့်။ ကျွန်မအသက် ၂၅နှစ် အပျိုပါရှင့်။ ရာသီမှန်ပါတယ် ဒီဇင်ဘာလအစမှာရာသီလာပြီးပါပြီ။ ကျွန်မတို့တမိသားစုလုံးသက်သတ်လွတ်စားပါတယ်ဆရာ။ သွေးပေါင်ချိန်ကျပြီး အမြဲမူးနေပါတယ်။ ဘယ်လိုနေထိုင် စားသောက်သင့်လဲသိပါရစေဆရာ။ အသက်အရွယ် ကျားမအလိုက် တနေ့တာ vitamin လိုအပ်ချက်တွေသိပါရစေရှင့်။ ကျေးဇူးတင်ပါတယ် ဆရာရှင့်

Low blood pressure သွေးဖိအားနည်းခြင်း https://doctortintswe.blogspot.com/2016/03/low-blood-pressure.html
Nutrition for women အမျိုးသမီးတွေအတွက်အာဟာရ https://doctortintswe.blogspot.com/2017/08/nutrition-for-women.html
Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး https://doctortintswe.blogspot.com/2014/11/vegetarianism.html
Nutrition အာဟာရ https://doctortintswe.blogspot.com/2014/12/nutrition.html
Vitamin A ဗီတာမင် အေ http://doctortintswe.blogspot.com/2015/04/vitamin.html
Vitamin B complex ဗီတာမင် ဘီ အုပ်စု http://doctortintswe.blogspot.com/2014/11/vitamin-b-complex.html
Vitamin B12 and Iron supplement ဘီ-၁၂ နဲ့ သံဓါတ်လိုအပ်ချက် http://doctortintswe.blogspot.com/2014/11/vitamin-b12-and-iron-supplement.html
Vitamin C ဗီတာမင် စီ http://doctortintswe.blogspot.com/2015/04/vitamin-c.html
Vitamin D ဗီတာမင် ဒီ http://doctortintswe.blogspot.com/2014/11/vitamin-d.html
Vitamin E ညိုချောလေးတွေ http://doctortintswe.blogspot.com/2014/11/vitamin-e.html
Vitamin K ဗီတာမင် ကေ http://doctortintswe.blogspot.com/2014/11/vitamin-k.html

ဒေါက်တာတင့်ဆွေ

ညပိုင်း မေးခွန်းများ အဆက်

၁။ ဖြစ်တဲ့ရောဂါက အရင်တုန်းကဆိုရင် ကွမ်းစားတယ် ဆေးလိပ်သောက်တယ် ခုကွမ်းစားလို့ရှိရင် ရင်ဘတ်တွေ ဆာပြီးတော့ ဆေးလိပ်လည်သောက်လို့မရ ဆေးလိပ်အနံ့လည်း မခံနိုင်တော့ဘူးဖြစ်တာက ၁လလောက်ရှိပါပြီ အသက်က ၅၂ပါဆရာ ဆေးလိပ်အနံခံရင်တောင် ရင်ဘတ်တွေဆာပြီ ကွမ်းမှာလည်း ဆေးပါရင်ဘတ်တွေ ဆာပြီး ဆေးလိပ်ရော ကွမ်း၂မျိုးလုးံဖြတ်ထားပါတယ် ဒါပေမဲ့ဆရာ ဆေးလိပ်နံ့နံရင်လည်း ရင်ဘတ်တွေဆာလာပါတယ် အဲဒါဘာကြောင့် ဖြစ်ရတာလဲ ဘာဆေးတွေစားသင့်ပါသလဲ အားကိုလျှက်ကျေးဇူးတင်ပါတယ်

မေးခွန်းတိုင်းမှာ အရင်ဆုံး အသက်နဲ့ ကျား-မ လိုက်ရှာရတယ်။ အခုမေးတာ တဝက်လောက်မှာ အသက်တွေ့တယ်။ ထပ်ဖတ်ရတယ်။ တချို့က အဆုံးမှာရေးတယ်။ အစကနေတခါထပ်ဖတ်ရတယ်။ အဲလိုမရေးပါရန်လို့ တင်ထားတာ အခါတရာ ၅ ခါပြန်ရှိပြီ။

ဆေးလိပ် ကွမ်းယာ အရက် မူးယစ်ဆေး ဘယ်အရာမဆို ဖြတ်ကာစမှာ ဖြတ်လို့ခံစားရမှာတွေ ခံစားရတယ်။ စွဲခဲ့တာကြာလေ ခံစားရတာကြာလေ။ ကြိုးစားရတယ်။ ရပါမယ်။ တချို့ စိတ်အထူးကုဆရာဝန်ကကူညီနိုင်တယ်။ တချို့ဆေး တခုခုလိုတယ်။ တချို့ ဘာမှမလိုပဲ ရသွားကြပါတယ်။ ကြိုးစားပါလေ။

၂။ မင်္ဂလာပါ ဒေါက်တာ ဒေါက်တာ ရဲ့wall မှာ B ပိုး အကြောင်းရှာဖတ်တာ မတွေ့မိပါ B ပိုးကို ကုလို့ ပျောက်နိုင်ပါသလားဒေါက်တာ ဘယ်လို ကာကွယ် ရနိုင်လည်းဆိုတာသိခွင့် ပြုပါ ဒေါက်တာ Sorry ပါ ဒေါက်တာ ခုဘဲ ဆက် ရှာလိုက်တာ တွေ့ပါပြီ B ပိုး Cပိုး အကြောင်း ကျေးဇူးတင်ပါတယ်ဒေါက်တာ

မေးနည်းပို့ထားပြီးဖြစ်တယ်။ အသက်-ကျား-မ မပြောလိုသူတွေအတွက် ဘလော့လင့်ပေးထားတယ်။ ဘီပိုးနဲ့ စီပိုးစာတွေတင်ထားတာ အကြိမ်ပေါင်း တကယ်ကိုမနည်းတော့ပါ။ ဘလော့မှာ ၂၄ နာရီရှိနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး