The Era သူတို့ပြောနေတဲ့ ခေတ်

ညတုန်းက သန်ကောင်အချိန်လောက်မှာ ဒေါ်မြမြအေးဖုန်း မြည်လာတယ်။ ကျွန်တော်တို့က ညဥ့်နက်မှသာ အိပ်ကြတာ။ သူ့ငယ်သူငယ်ချင်းနဲ့ စကားပြောကြတယ်။ နေကောင်း ကျန်းမာတွေပြောကြတယ်။ မုံရွာမှာနေသူက ဖုန်းနံပါတ်တခု လိုချင်တယ်တဲ့။ သူလိုချင်တာက မန္တလေးမှာနေတဲ့ ကျွန်တော့်ညီနံပါတ်။ လိုက်ရှာပြီး မက်ဆင်ဂျာကနေ ပို့ပေးလိုက်တယ်။ မုံရွာ-အင်ဒီယာနာ-မန္တလေး။ ခုတ်ေမှာ အဲလိုပဲ။ ဆက်သွယ်ရေး လွယ်ကူတယ်။

မနေ့ကပဲ ပြည်တွင်းကတယောက်က စာအုပ်တအုပ် ဘယ်မှာရှာရမလဲ မေးတယ်။ ဟံသာဝတီကထုတ်တဲ့ စာအုပ်က ပြည်တွင်းကနေ လူကြုံနဲ့မှာပြီး ရောက်လာတာ။ ရန်ကုန်-ရှီကာဂို-အင်ဒီယာနာပုလစ်။

ရန်ကုန်-ရန်ကုန်၊ မန္တလေး-မန္တလေး၊ နေပြည်တော်-နေပြည်တော် ဆက်သွယ်ရေးခက်နေသူတွေ သန်းပေါင်းများစွာရှိတယ်။ မှန်ကန်ကောင်းမွန်တဲ့ စာအုပ်တွေ ပညာတွေကို အနားမှာရှိတာကို မရှာတတ်ကြပါ။

အခုလေးတင် အင်္ဂလိပ်ဘာသာပြန်လေးတခု မေးတယ်။ အက်ပ် မှာရှာတာ မတွေ့လို့တဲ့။ ဖုန်းမှာ ပွတ်ရှာတာတွေက အလွဲတွေ များတယ်။ ပြင်ထုတ်စာအုပ်တွေက အလွဲတွေချည်း။ တ နဲ့ တစ် ရေးရင် ခေတ် ခေတ်နဲ့ အတော်ပြောကြတယ်။ မှန်ကန် ကောင်းမွန်တဲ့ စာအုပ်တွေ ပညာတွေကို မလွဲလွဲအောင် ပြင်နည်းဆိုတာ သူတို့ပြောနေတဲ့ ခေတ်။

ညတုန်းကပဲ ရေးလိုက်သေးတယ်။ ပရိသတ်အကြိုက်လိုက်တဲ့ စင်ပေါ်ကလူတွေရှိကြောင်း။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး