To Err Is Human လူဆိုသည်မှာ

ကွန်မင့်တခုရတယ်။ Nld ကပေါတောတော လူတွေကြောင်းလည်း ရေးပါအုံး

အာဏာရပါတီအကြောင်း တိုက်ဆိုင်မှုရှိတိုင်း ရေးပါတယ်။

ရေးတာ တခါမှ မဖတ်ရဖူးလို့ပါ။ ဖတ်ရသမျှကတော့ nld ဘုန်းတော်ဘွဲ့တွေပဲဖြစ်နေလို့ပါ။

ကျွန်တော့်ကို ပြောတာဆိုရင်တော့ အလွန်လွဲမှားတဲ့ ကောက်ချက်ဖြစ်တယ်။ ရေဒီယိုကနေတောင် မေးလို့ဖြေတာ ဆယ်ခါမကတော့။ ကောက်ချက်ဆိုတာ များများလေ့လာပြီးမှချမှသာ အမှန်နဲ့ နီးစပ်တယ်။

လက်ရှိအစိုးရမတက်ခင်နဲ့ တက်ကာစမှာ ရေးခဲ့တာရှိတယ်။ ကျွန်တော်က လူမှုရေးမှာသာ အားနာတတ်ပြီး၊ နိုင်ငံရေးနဲ့ ပညာ ခေါ် စာမှာ အားမနာ။ တက်လာတဲ့အစိုးရနဲ့ လွှတ်တော်မှာ ပြောစရာ ခိုင်မာရင် ပြောပါမယ်လို့။

ဘယ်အရေးအရာမှာဖြစ်ဖြစ် တဆိတ်ရှိ ထထအော်တာမျိုး၊ ပြောစရာတွေ့တိုင်းထအော်တာမျိုးကို လူတချို့ကသာ လုပ်တယ်။

အာဏာရပါတီထဲမှာ လူချင်းခင်မင်ရင်းနှီးသူတွေ အများကြီးရှိတယ်။ တချို့က တာဝန်ခပ်ကြီးကြီး ယူထားကြတယ်။ သူတို့ကို ပြောလိုတာရှိရင် ဖေ့စ်ဘွတ်ကနေ မပြောပါ။ မပြောပဲလည်း မနေပါ။ အနေဝေးတော့ မကြာခဏတော့ မပြောနိုင်။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိပါတယ်။

ကျွန်တော် စကား ခေါ် နှုတ်မှုအကြောင်း စာလေးတွေလည်း ရေးထားတယ်။
စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ https://doctortintswe.blogspot.com/2018/07/blog-post_45.html
နှုတ်ကောင်းလျှင် ပြည်စိုး https://doctortintswe.blogspot.com/2016/01/powerful-speech.html
စာတလုံး ဘုရားတဆူ https://doctortintswe.blogspot.com/2018/10/blog-post_664.html

ငပေါလို့တော့ ပြည်ခိုင်ဖြိုးထဲကလူတွေကိုတောင် မခေါ်ပါ။ အင်နယ်လ်ဒီပါတီဟာ ရှစ်လေးလုံးအရေးအခင်းကြီးကနေ ပေါက်ဖွါးတယ်။ ရှစ်လေးလုံးခေါင်းစဉ်အောက်မှာ လူစုံပါတယ်။ လူ့သဘာဝအကြောင်းလည်းပါတယ်။ ပါတီညီလာခံတွေ၊ ရွေးကောက်ပွဲတွေ နီးတော့ အရွေးခံလိုသူတွေ၊ အစိုးရဖွဲ့ကာနီးတော့ အစိုးရချင်သူတွေ အနားကပ်လာကြောင်းလည်း ရေးထားပြီးပြီ။

ကိုယ်ကိုယ်တိုင်လည်း အားနည်းချက်တွေရှိတယ်။

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး