Value of FB and Health တန်ဘိုးများ


ကျွန်တော်ရေးတဲ့စာတွေကို ပြည်တွင်းဂျာနယ်တွေကနေ ဖေါ်ပြပေးလာလို့ ကျေးဇူးတင်ပါတယ်။ ထည့်ပေးပါဗျာလို့ မေတ္တာရပ်ခံတာ မဟုတ်ပဲ ထည့်ပေးလို့ ပိုပြီးကျေးဇူးတင်ရပါတယ်။

အရင်ကဆိုရင် ကျွန်တော်နာမည်ကို ပုံနှိပ်ဘို့မပြောနဲ့ ဖုန်းထဲမှာလဲ ပြောထွက်လို့မရ၊ စာအိပ်ပေါ်မှာလဲ ရေးမရပါ။ စာနယ်ဇင်း လွတ်လပ်ခွင့် ဖွင့်ကာစတုံးက စာအုပ်ထုတ်ဘို့ တိုင်ပင်တော့ နာမည်ဝှက်နဲ့မှဖြစ်မယ်တဲ့။ သဘောတူလိုက်ပါတယ်။ စာအုပ်တော့ ဖြစ်မလာခဲ့ပါ။ အခုတော့ စာအုပ်လေးတအုပ်တော့ဖြစ်လာမလား မသိပါ။ စာနမူနာလေးတွေကို ပို့ပေးထားလိုက်ပြီ။ ခပ်သေးသေးဖြစ်မယ်ထင်တယ်၊ ရေးထားပြီးသားက အများကြီး။

အခုတခါ နောက်ထပ်ဂျာနယ်တခုကနေ ထည့်သုံးမယ်တဲ့ စာမူခပါပေးမယ်တဲ့။ ကျွန်တော်က အခမဲ့အကျင့်ကရနေတော့ တောင်းရကောင်းမှန်မသိသလိုပဲ။ ထည့်နေတဲ့ ဂျာနယ် ၁-၂ ခုကလဲ ပေးပါတယ်။ နောက်ထည့်မဲ့သူက ပိုပေးမှာတဲ့။

ဟိုတနေ့ကပဲ "ဆရာဝန်ဖြစ်ကတည်း ဘုန်းကြီးနဲ့ သီလရှင်တွေကို ပိုက်ဆံမယူဘူး။ မယူတော့ ပိုရတယ်" လို့ ရီစရာသဘော ရေးလိုက်မိသေးတယ်။

အဓိကပြောချင်တာက ဒီအဆက်အသွယ်တွေက 'ဖေ့စ်ဘွတ်' ကနေရတာတွေချည်းသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး