Hepatitis B vaccine made from ဘယ်ကနေထုတ်သလဲ

(၁) ဆရာ ကျွန်တော် ဘီပိုးကာကွယ်ဆေးကို ကုန်ခဲ့တဲ့ ငါးနှစ်ခန့်က ကာကွယ်ဆေးထိုးခဲ့ပါတယ်။ ငါးနှစ်ပြည့်ရင် ကာကွယ်ဆေးတစ်လုံး ထပ်ထိုးမယ်လို့ပြောပါတယ်။ ကျွန်တော်မြန်မာပြည်ကိုပြန်ဖို့ ခွင့်တစ်လဘဲ ရပါတယ်။ ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတာက သွေးရည်ကြည်က ထုတ်နေတဲ့ ဘီပိုးကာကွယ်ဆေးထုတ်လုပ်မှုကို HIV ပိုးကူးနိုင်သည့်အတွက် ရပ်တန့်သင့်ပြီလို့ ဖတ်လိုက်ရပါတယ်။ ကျွန်တော်ပြန်တဲ့တစ်လမှာ ဘီပိုးကာကွယ်ဆေး တစ်လုံး ထပ်ထိုးဖို့ စိုးရိမ်နေပါတယ်။ ခွင့်တစ်လဘဲရတဲ့အတွက် မြန်မာမှာ ဆေးသုံးလုံးထိုးဖို့ကလည်း မဖြစ်နိုင်တဲ့အတွက်၊ အကြံအညဏ်လေး ပေးပါဆရာ။ သွေးရည်ကြည်က မထုတ်တဲ့ ဘီပိုးကာကွယ်ဆေး ရှိပါသလား။ ဆေးတစ်လုံးတည်း ထိုးလို့ရတဲ့ ကာကွယ်ဆေးရှိပါသလား။ ကျေးဇူးပါဆရာ။
(၂) B ပိုး ကာကွယ်ဆေးထိုးရင် HIV ကူးစက်နိုင်တယ်ပြောပါတယ်၊၊ ကာကွယ်ဆေးက လူ့သွေးရည်ကြည်က ထုတ်တယ် ဆိုတာ ဟုတ်ပါသလား။

• (ဘီ) ပိုးကာကွယ်ဆေးကို ၁၉၆၈ မှာစခဲ့တယ်။ အသဲရောင် (ဘီ) ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်း (အင်တီဂျင်) ကို သုံးတယ်။
• Australia antigen ခေါ်တယ်။ လူ့သွေးရည်ကြည်ကနေရတာကို Pepsin, Urea နဲ့ Formaldehyde ဆေး ၃ မျိုးနဲ့ စပ်ပေးတယ်။ စိတ်ချရအောင် နောက်ထပ်စစ်ထုတ်မှုတွေလဲ လုပ်ရတယ်။
• ပညာရှင် Hilleman က (ဂေး) တွေနဲ့ မူးယစ်ဆေးထိုးသူတွေဆီကသွေးကို သုံးရတယ်။
• HIV ကို မသိကြသေးချိန်မှာ ဖြစ်တယ်။ အဲဒီကာလမှာသုံးတဲ့ Hepatitis B surface proteins ဆိုတာထဲမှာ HIV ပါကောင်း ပါနေနိုင်တယ်။ ဆေးထုတ်ပြီးစ လူနာအများစုကို စမ်းသပ်တဲ့ကာလမှာ AIDS epidemic ရောဂါများတာအတွက် အပြစ်ဖို့ခဲ့ကြတယ်။
• ဘီပိုးကာကွယ်ဆေးထဲမှာ HIV ပါနေမလားလို့ မေးခွန်းထုတ်နိုင်ပေမဲ့ ကင်းစင်တယ်လို့ လက်ခံထားကြပါတယ်။
• Purification process ဆေးသန့်စင်ရေးဖြစ်စဉ်ကနေ ရှိရှိသမျှ ဗိုင်းရပ်စ်တွေ အားလုံးကို သေစေခဲ့တာမို့ HIV ပိုးလဲ ပါခဲ့အုံးတော့ သေပြီ။ ၁၉၈၁ မှ ဘီပိုးကာကွယ်ဆေးကို အသိအမှတ်ပြုခဲ့ပါတယ်။

• ဒိနောက် ၁၉၈၆ ခုနှစ်မှာ Chiron Corporation သုတေသန ဒါရိုက်တာ Pablo DT Valenzuela ကနေ Antigen အင်တီဂျင်ကို Yeast (အရက်ချက်ရာမှာသုံးတဲ့) ‘တဆေး’ ကနေ အောင်အောင်မြင်မြင်ထုတ်နိုင်လာတာမို့ အရင် ကာကွယ်ဆေးကို ဈေးကွက်ကနေ ရုပ်သိမ်းလိုက်ပါတယ်။ HIV ကို စိုးရိမ်စရာမရှိတော့ပါ။
• Recombinant vaccine အမျိုးအစားဖြစ်တယ်။ HBV gene မျိုးဗီဇကို ‘တဆေး’ မှာထိုးပေးပြီး လုပ်တာဖြစ်တယ်။ Saccharomyces cerevisiae လို့ခေါ်တယ်။ ကနေ့သုံးနေတာက ဒီအမျိုးအစားသာဖြစ်ပါတယ်။
• အများဆုံးသုံးနေတဲ့ ဘီပိုးကာကွယ်ဆေးတွေက Recombivax HB (Merck), Engerix-B (GSK), Elovac B, Genevac B (Serum Institute), Shanvac B စတာတွေဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး