Kayah ကယား



• ဒေါ်စု ကယားပြည်နယ်သွားနေတယ်။ ကျွန်တော်က တခေါက်မှ မရောက်ဘူးပါ။
• ၄-၅-၆ တန်း ပထဝီစာအုပ်ထဲကစပြီး ‘ကယား’ အကြောင်းသိလာရတယ်။ ‘ပဒေါင်’ အမျိုးသမီးတွေရဲ့ လည်ပင်းမှာ ကြေးကွင်းစွပ်ထားတဲ့ ပုံတွေဟာ တခါကြည့်ပြီး တသက်လုံးမမေ့တော့ပါ။
• ‘ငွေတောင်ပြည်’၊ ‘ဒွေးမယ်နော်’ တွေကို ငယ်ကတည်းက ဇာတ်တွေ၊ သီချင်းတွေ၊ စာတွေထဲကနေသိခဲ့ပါတယ်။
• နိုင်ငံရေးထဲရောက်တော့ ‘ကရင်နီ’ လို့လဲသိလာတယ်။ ‘ကယန်း’ ကိုပါသိလာတယ်။ ၁၉၉ဝ NLD အမတ် ကရင်နီ ‘ဦးတက်ဒီဘူရီ’ နဲ့ ၁၉၉ဝ DOKNU အမတ် ကယန်း ‘ဦးခွန်မာကိုဘမ်း’ တို့နဲ့ ရင်းရင်းနှီးနှီးရှိပါတယ်။
• ‘ဂေခို’၊ ‘ဂေဘား’၊ ‘ဘရဲ့’၊ ‘မနုမနော’၊ ‘ယင်းတလဲ’၊ ‘ယင်းဘော်’၊ ‘ဘွဲ’ နဲ့ ‘ပကူး’ ဆိုတာတွေက စာထဲဖတ်မှ သိရတယ်။
• ကယားကို သီးခြားပြည်တခု (ကုန်းဘောင်မင်းရဲ့ မြန်မာနိုင်ငံအပနယ်မြေ) အဖြစ် မင်းတုန်းမင်းကိုယ်စား ကင်းဝန်မင်းကြီး ဦးကောင်းကနေ ၁၈၇၅ မှာ လက်မှတ်ထိုးခဲ့တာပါ။ ဗြိတိသျှ ကိုလိုနီလက်ထက်မှာလဲ ဒီအချက်ကို ဆက်ပြီး အသိအမှတ်ပြုပေးခဲ့ပါတယ်။
• ဒေါ်စုရဲ့ ကယားဒေသခရီးစဉ်ကနေ ပြည်နယ်အကျိုးနဲ့ ပြည်ထောင်စုအကျိုးတွေကို ဖေါ်ဆောင်နိုင်ပါစေ။

ဓါတ်ပုံ = ၁၉၉၉ သမီးနဲ့အတူ ထိုင်းမြန်မာနယ်စပ်က ကရင်နီဒုက္ခသည်စခန်းကို လည်ပတ်ကြစဉ်

ဒေါက်တာတင့်ဆွေ
၇-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး