Thursday, November 13, 2014

Painkillers (1) အနာသက်သာဆေးများ (၁)

Painkiller ကို ဆေးစာနဲ့ Analgesic လို့ခေါ်ပါတယ်။ လူတွေမှာ နာတယ်ဆိုတာ အာရုံကြောစနစ်ထဲက နာတာနဲ့ ပတ်သက်တာကို သက်ရောက်မှုခံရလို့ ဖြစ်တယ်။ နာတာသိတဲ့နေရာတွေကို ထုံးဆေးပေးထားရင် မနာသလို၊ နာတာ ဖြစ်စေမဲ့ဖြစ်စဉ်ကို ဟန့်တားပေးရင်လဲ နာတာကို သက်သက်သာသာ ခံစားရမယ်။ ထုံဆေးက ခံစားနိုင်စွမ်းကို တာပေးတာဖြစ်တယ်။ မေ့ဆေးဆိုရင်တော့ ဘာဆိုဘာမှ မသိနိုင်ဘူးပေါ့။

ဆေးတွေက ဘေးအဖျားအနား အာရုံကြောတွေဖြစ်ဖြစ်၊ ဗဟိုအာရုံကြောစနစ်ဖြစ်ဖြစ်ကို သက်ရောက်စေကြတယ်။ ဆေးသဘောချင်းမတူကြသလို နာပုံနာနည်းမတူရင် အနာသက်သာဆေးလဲရွေးပေးရတယ်။ ဘယ်လောက်နာသလဲအပေါ်နဲ့ အနာအမျိုးအစားအပေါ်မှာ မူတည်တယ်။ Paracetamol (ပါရာစီတမော)၊ (NSAIDs) (စတီရွိုက်) မပါတဲ့ အနာ-အရောင် သက်သာဆေးတွေ နဲ့ Opioid drugs ဘိန်းသဘောပါတဲ့ဆေးတွေဆိုပြီး ရှိတယ်။

ဆရာဝန်လက်မှတ်မပါဘဲ ဝယ်ရတဲ့ အနာအကိုက်သက်သာဆေးများ
• Paracetamol မှာ ဘေးထွက်-ဆိုးကျိုး သိပ်မရှိပါ။ ဆေးအဆများသွားရင်တော့ အသဲ နဲ့ ကျောက်ကပ်မှာ ဆိုးဝါးတာ ဖြစ်စေနိုင်တယ်။
• COX-2 inhibitors တွေက NSAIDs တွေရဲ့ ဘေးထွက်ဆိုးကျိုးကို သက်သာအောင် တီထွင်ထားတဲ့ အမျိုးအစား ဖြစ်တယ်။ Rofecoxib နဲ့ Celecoxib တွေဖြစ်တယ်။ ထိရောက်တာမှာတူပြီး အစာလမ်းကသွေးယိုမှာ သက်သာစေတယ်။ ဒါပေမဲ့ နောက်ပိုင်း လေ့လာမှုတွေအရ နှလုံးနဲ့ ဦးနှောက်ကို သက်ရောက်မှုဖြစ်စေနိုင်တာ သိလာရတယ်။ Rofecoxib (Vioxx) ကို ရောင်းခွင့်မပြုတော့ဘူး။ Celecoxib ထဲမှာ (ဆာလ်ဖါ) ပါတယ်။
• Ofirmev ဆေးက Acetaminophen ဆေးဖြစ်တယ်။ သွေးပြန်ကြောထဲ ထိုးပေးရတယ်။ ဥရောပမှာ ခွဲစိတ်လူနာတွေ အနာသက်သာဘို့ အသုံးများလာတယ်။
• Morphine, Codeine, Oxycodone, Hydrocodone, Dihydromorphine, Pethidine ဆေးတွေက ဘိန်း၊ ဘိန်းနဲ့ ဆင်တာတွေကနေ ထုတ်လုပ်တာဖြစ်တယ်။
• Buprenorphine က ဓါတ်ခွဲခန်းမှာထုတ်တဲ့ ဘိန်းဖြစ်တယ်။
• Tramadol ဆေးက Codeine နဲ့ ဆင်တယ်။
• Flupirtine (Aminopyridine) ဆေးမှာ ဘိန်းမပါဘူး။
• Tricyclic antidepressants စိတ်မကျဆေးတွေကိုလဲ သုံးနိုင်တယ်။
• Paracetamol နဲ့ Codeine လို ရောထားတဲ့ဆေးတွေလဲ ရှိတယ်။
• Ibuprofen or Diclofenac တွေကို လိမ်းဆေးအဖြစ်လဲသုံးနိုင်တယ်။
• Capsaicin ငရုပ်သီးကနေထုတ်တယ်။ ဆေးကပ်ခွါအဖြစ်သုံးတယ်။
• Lidocaine အဆစ်ထဲထိုးပေးနိုင်တယ်။ ပါးစပ်အနာအတွက်လဲ လိမ်းပေးနိုင်တယ်။
• Tetrahydrocannabinol (THC) စိတ်ရောဂါအတွက်ဆေး၊ နာတာအတွက်လဲ ပေးတယ်။
• Ketamine မေ့ဆေးထိုးဆေးကို မတော်မတရားပြုကျင့်ဘို့၊ ပစ္စည်းလုယက်ဘို့ ဆေးမှုံ့ အဖြစ်သုံးတယ်။
• Clonidine ယားတာ၊ စိုးရိမ်တာ၊ သွေးတိုး နဲ့ နာတာတွေအတွက်သုံးတယ်။
• Mexiletine နှလုံးခုန်မမှန်တာကို အဓိကသုံးတယ်။ နာတာကိုလဲ သက်သာစေတယ်။
• တခြား အနာသက်သာဆေးတွေကတော့ Nefopam, Orphenadrine, Pregabalin, Gabapentin, Cyclobenzaprine, Scopolamine တွေဖြစ်ကြတယ်။
• Dextromethorphan ချောင်းဆိုးပျောက်ဆေးဖြစ်တယ်၊ အနာလဲသက်သာစေတယ်။
• High-alcohol liquor အရက်အပြင်းကိုလဲ နာတာသက်သာ အောင်သုံးတယ်။

ဆရာဝန်ညွှန်တဲ့အတိုင်း တိတိကျကျသုံးစွဲရမယ်။ လိုအပ်တယ်လို့ ဆရာဝန်ကညွှန်ရင် အချိန်ဆွဲမနေဘဲ သောက်ပါ။ ရက်တိုအတွက်သာသုံးပါ။ ကော်ဖီ၊ (ကိုလာ)၊ ဖျော်ရည်၊ နွားနို့၊ လဖက်ရည်တွေနဲ့ တွဲမသောက်ပါနဲ့။ Paracetamol နဲ့ အရင်စတာသင့်တယ်။ ဆေးအဆက အနည်းဆုံးဖြစ်သင့်တယ်။ နာတာလဲသက်သာမယ်၊ ဆိုးကျိုးလဲနည်းမယ်။ တချို့မှာ အနာသက်သာဆေးတမျိုးက ပိုသက်သာစေတာဖြစ်နိုင်တယ်။ အစာလမ်းမှာ သွေးယိုလာမှာကို အထူးသတိထားရမယ်။ သွေးယိုစေနိုင်တာက Warfarin သွေးကျဲဆေး၊ Steroids (စတီရွိုက်ဆေး)၊ Low-dose Aspirin နှလုံးကို ကာကွယ်ဘို့ သောက်ရတဲ့ (အက်စ်ပရင်) ဆေးတွေနဲ့ အတူသောက်ရင် ပိုဖြစ်စေနိုင်တယ်။ Myocardial infarction (MI or heart attack) or Stroke ဖြစ်မှာကိုလဲ သတိထားရမယ်။ Rheumatoid arthritis (ရူမတွိုက်) လေးဘက်နာ၊ Osteoarthritis အရိုး-အဆစ်ရောဂါ နဲ့ Chronic back pain နာတာရှည် ခါးနာရောဂါတွေကိုတော့ ရက်ရှည်လိုမယ်။ Aspirin (အက်စပရင်) ကို အသက် ၁၆ နှစ်အောက်မပေးသင့်ဘူး။

1. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
2. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
3. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
4. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
5. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html

Dr. တင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...