Knighthoods for Viagra chemist

• Dr. Simon Fraser Campbell ဒေါက်တာ (ဆိုင်မွန် ကင့်မ်ဘဲလ်) ကို နှစ်သစ်မှာ Knight ဘွဲ့ချီးမြှင့်လိုက်ပါတယ်။ (ဆိုင်မွန် ကင့်မ်ဘဲလ်) ဟာ ဗြိတိသျှနိုင်ငံသား ဓါတုပညာရှင်ဖြစ်ပါတယ်။ သူအစပျိုးပြီး အောင်မြင်ခဲ့တဲ့ ဆေးဝါး အသစ်တွေထဲက ယောက်ျားပန်းသေပန်းညှိုးရောဂါကို ထိထိရောက်ရောက်ကုစားပေးတဲ့ Viagra (ဗိုင်ယာဂရာ) ဆေးကို တီထွင်ခဲ့လို့ အခုလို (ဆာ) ဘွဲ့အပ်နှင်းလိုက်တာပါ။
• သူ့ကို (ဗိုင်ယာဂရာ) ရဲ့ဖခင်လို့ပြောနိုင်ပါတယ်။ သူဟာ Pfizer ဆေးဝါးကုမ္ပဏီမှာလုပ်နေစဉ်ကဖြစ်ပါတယ်။ Andrew Bell, David Brown နဲ့ Nicholas Terrett တို့က စတွေ့ခဲ့တာပါ။
• Viagra (ဗိုင်ယာဂရာ) ဟာ Pfizer ဆေးကုမ္ပဏီကပေးထားတဲ့နာမည်ဖြစ်ပြီး မူရင်းဆေးက Sildenafil ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်တုံးက ၂့ဝ၅ ဘီလီယန်ဘိုးရောင်းချခဲ့ရပါတယ်။ ဆေးအတုတွေနဲ့ ဆေးနာမည် ဆင်တူတာတွေရောင်းရတာ မပါသေးပါဘူး။
• Viagra (ဗိုင်ယာဂရာ) ကိုစတွေ့ကာစမှာ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအတွက်ရည်ရွယ်ခဲ့တာပါ။ ယောက်ျားလိင်အင်္ဂါထဲကို သွေးတွေပိုပြီးစီးလျှောက်တာကို ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ တွေ့လာခဲ့တာ ဖြစ်ပါတယ်။
• Tadalafil (Cialis) နဲ့ Vardenafil (Levitra) ဆေးတွေကလဲ ပန်းသေပန်းညှိုးရောဂါအတွက် ထိရောက်တဲ့ ဆေးတွေပါပဲ။

- Viagra သန်မာစေတဲ့ဆေး http://doctortintswe.blogspot.com/2014/11/viagra.html
- Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) http://doctortintswe.blogspot.com/2014/11/viagra-in-heart-disease.html

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး