The Most Infamous Rulers ဥရောပနဲ့ မြန်မာ မခြားနားပါ

• မနေ့က ဒီမှာရှိတဲ့ဘုန်းကြီးကျောင်းရောက်တယ်။ သားတယောက်ကဖွင့်ထားတဲ့ Study Desk စာကြည့်တိုက်အတွက် အင်္ဂလိပ်လိုစာအုပ်တွေ လာလှူထားတာတွေပါတွေ့ရတယ်။
• Absolute Power: The Real Lives of Europe's Most Infamous Rulers ကို ငှားလာခဲ့သေးတယ်။ ဥရောပက ဆိုးသွမ်းလှတဲ့ အုပ်စိုးသူတွေအကြောင်းရေးထားတာပါ။ ဒီမိုကရေစီမတိုင်ခင်ခေတ်က ဥရောပမှာ ဘုရင်တွေ၊ ဘုရင်မတွေ၊ မူးကြီးမတ်ရာတွေ၊ ဘုရင့်သားတော်၊ သမီးတော်တွေ အများစုဟာဆိုးကြတယ်။ ရက်စက်ကြတယ်။ ဘုရားသခင်ဆီကနေ အုပ်စိုးခွင့်ရထားသူတွေလို့ဖြစ်အောင် တမင်တကာလုပ်ယူတယ်။ အဲတာကို မူးမတ်တွေ၊ စစ်သူကြီးတွေ၊ ပညာရှိဆိုသူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကနေ လုပ်ပေးကြတယ်။
• စာမြီးကြည့်တော့ မြန်မာဘုရင်တွေနဲ့ အုပ်စိုးသူတွေကိုပဲ မျက်စိထဲမှာ မြင်ယောင်နေမိတယ်။
• ကနေ့ခေတ်မှာတော့ စစ်တပ်ကပေးတဲ့ အုပ်စိုးခွင့်ရထားတဲ့အစိုးရမျိုးက ကမ္ဘာမှာရှိသေးတယ်။ အာရှတိုက်မှာပါ။
• မြန်မာ့သမိုင်း အစစ်အမှန်တွေက ရှားပါးပါဘိ။ ခေတ်သမိုင်းကလဲ လွဲမှားပါဘိ။ သမိုင်းမသိသူတွေက ပေါများလှပါဘိ။
• မြန်မာပြည်က မူးမတ်တွေ၊ စစ်သူကြီးတွေ၊ ပညာရှိဆိုသူတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကနေ တိုင်းပြည်အတွက်ဘာလုပ်ပေးနေကြသလဲဆိုတာ သမိုင်းမှာရေးနေပါတယ်။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး