A touch မတ်တပ်ရပ်လို့ လမ်းမှာမငိုပါ

• ပြန်လာပါလို့ မဖိတ်ခင်ကတည်းက လာချင်နေတာ။
• ဘယ်လမ်းက ပြန်ရမလည်း စဉ်းစာခန်းကို ဆရာပြန်လာမှာလားမှာ ရေးထားတယ်။
• ပြန်လာပြီး မော်တော်ကားကြီးတစီးနဲ့ နယ်တကာလှည့်ပြီး ဆေးကုချင်တဲ့အကြောင်းကို အွန်လိုင်း မိုဘိုင်း အိပ်မက်ဆိုပြီး မက်ခဲ့ဘူးတယ်။
• ပြန်လာရင်တော့ အပြင်မှာနေခဲ့တာကြာလို့ လူကရိုင်းနေပြီမို့ လွှတ်တော်ယဉ်ကျေးမှုနဲ့ အပ်စပ်တော့မှာ မဟုတ်ဘူးဆိုပြီး ပြန်လာဘာလုပ်ဆိုတဲ့ စာလေးတပုဒ် ရေးခဲ့ဘူသေးတယ်။

• အခုပြန်လာရရင်တော့ ပျက်စီးယိုယွင်းနေတဲ့ ပုလဲကနေအိမ်နဲ့ဆေးခန်းလေးရှေ့မှာခြေစုံရပ်ပြီး၊ ကျိုးတိုကျဲတဲ စောင်းစောင်းရွဲ့ရွဲ့ဖြစ်နေတဲ့ ပိတ်ထားသေးတဲ့ ခြံတခါးသစ်သားချောင်းတွေကို လက်နှစ်ဖက်နဲ့စုံကိုင်ပြီး အကြာကြီး ရပ်ကြည့်ချင်နေချင်တယ်။ ဘယ်လောက်ကြာမလည်းတော့ မသိပါ။
• ငါ့လက်နဲ့ထိရင် အသက်ပြန်ရှင်စေနိုင်တဲ့အတတ်ပညာ အရင်ရှာအုံးမယ်။

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး